Labor

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခွင့်အရေးအတွက် FEDနဲ့ NHRC တွေ့ဆုံဆွေးနွေး

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခွင့်အရေးအတွက် FEDနဲ့ NHRC တွေ့ဆုံဆွေးနွေး ဇွန် ၂၈ ရက်/Migrant Times ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေး၊ ကလေးအခွင့်အရေးနဲ့ မသန်စွမ်းရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးကိစ္စတွေကို ထိုင်းနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(NHRC)နဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)တို့ ဒီကနေ့ ဘန်ကောက်မြို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီနေ့ ဇွန်၂၈ရက် နေ့လယ်ပိုင်းမှာ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နဲ့ Ms. Supatra Nacapew နှင့် Mr. Wasan Phaileekliတို့ ဦးဆောင်တဲ့ NHRCနဲ့ ဘန်ကောင်မြို့က အစိုးရဝန်ကြီးဌာနများရုံးစိုက်ရာမှာ တွေ့ဆုံခဲ့တာပါ။မြန်မာရွှေ့ပြောင်းလုပ်သားကလေးငယ်တွေရဲ့ ပညာရေး၊ ကလေးအခွင့်အရေးနဲ့ မသန်စွမ်းရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ တင်ပြဆွေးနွေးခဲ့တယ်လို့ ဦးထူးချစ်က ပြောပါတယ်။ ” ၂၀၂၁ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲမှာ မြန်မာကလေးတွေ အရမ်းများလာတယ်။ […]

Read More
Labor

တောင်ကိုရီးယားနိုင်ငံဆီ နိုင်ငံခြားသားလုပ်သားတစ်သန်းပြည့် ဝင်ရောက်မှုအနေနဲ့မြန်မာလုပ်သားတွေရောက်ရှိ

တောင်ကိုရီးယားနိုင်ငံဆီ နိုင်ငံခြားသားလုပ်သားတစ်သန်းပြည့် ဝင်ရောက်မှုအနေနဲ့မြန်မာလုပ်သားတွေရောက်ရှိ ဇွန် ၂၉ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားနိုင်ငံဆီ နိုင်ငံခြားသားလုပ်သားတစ်သန်းပြည့်ဝင်ရောက်မှု အနေနဲ့ မြန်မာလုပ်သားတွေရောက်ရှိခဲ့ကြတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့မြန်မာလုပ်သား၁၈၈ဦးမှာ ဇွန်လ ၂၅ရက်က ရောက်ရှိခဲ့ကြတာဖြစ်ပြီး အဲဒီနေ့မှာ နိုင်ငံခြားသားလုပ်သားဝင်ရောက်မှုတစ်သန်းပြည့်နေ့အဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားအစိုးရက မြန်မာအပါအဝင် ၁၆နိုင်ငံကအလုပ်သမားတွေကို EPSစနစ်(E-9)ဗီဇာနဲ့အများဆုံးခေါ်ယူနေတာဖြစ်ပါတယ်။လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေပြီး လစဥ်လုပ်သားရာချီဆက်လက်ထွက်ခွာနေတယ်လို့မှတ်တမ်းတွေအရသိရပါတယ်။အရင်က အဲဒီနိုင်ငံဆီအမျိုးသားလုပ်သားတွေပဲ စေလွှတ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာကျင်းပတဲ့ EPS-TOPIKစာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးတွေကို ဖြေဆိုခွင့်ပြုခဲ့တာကြောင့် မကြာခင် အမျိုးသမီးလုပ်သားတွေပါသွားရောက်လုပ်ကိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။

Read More
Labor

မြန်မာ ၆ ဦး ပတ်စ်စပို့အတုနဲ့ ထိုင်း-မလေးရှားနယ်စပ်မှာ အဖမ်းခံရ

မြန်မာ ၆ ဦး ပတ်စ်စပို့အတုနဲ့ ထိုင်း-မလေးရှားနယ်စပ်မှာ အဖမ်းခံရ ဇွန် ၂၆ ရက်၊ Migrant Times မလေးရှားနိုင်ငံထဲကို တရားမဝင်လမ်ကြောင်းနဲ့ ဝင်ရောက်ဖို့အတွက်ကြိုးစားတဲ့ ထိုင်းကားသမားတစ်ဦးနဲ့ အတူ နိုင်ငံကူးလက်မှတ်အတုနဲ့လာတဲ့ မြန်မာအလုပ်သမား ၆ ဦးကို ထိုင်းတောင်ပိုင်း နရာထိဝပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတွေက စစ်ဆေးဖမ်းမိခဲ့ပါတယ်။ဇွန်လ ၂၁ ရက်နေ့က ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံနယ်စပ်ဖြစ်တဲ့ နရာထိဝပ်ခရိုင်၊စုငိုင်ပါဒီမြို့နယ်ထဲက အခွန်ရှောင်ကုန်ပစ္စည်းများ မှောင်ခိုသယ်ယူပို့ဆောင်လေ့ရှိတဲ့ နေရာနဲ့လမ်းတွေမှာ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ဂိတ်ချစစ်ဆေးခြင်းနဲ့ ကင်းလှည့်ပြီးလိုက်စစ်ဆေးရာမှာ မသင်္ကာဖွယ်ကားတစ်စီးဝင်ရောက်စစ်ဆေးရာမှာ ထိုင်းကားမောင်းသမားနဲ့ ကားထဲလိုက်ပါတဲ့ လူ ၆ ဦးကို တွေ့မြင်ခဲ့ပြီး အထောက်အထားပြခိုင်းရာမှာ ပတ်စ်စပို့အတုဖြစ်နိုင်တယ်လို့ သံသယရှိပြီး နရာထိဝပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှာ ခေါ်ဆောင်အချက်အလက်များစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ပတ်စ်စပို့စာအုပ်မှာ ဗီဇာတံဆိပ်တုံးထုထားတဲ့ နံပတ်ကို ကွန်ပျူတာနည်းပညာနဲ့စစ်ဆေးလိုက်ရာ အတုဖြစ်နေတယ်လို့ ပေါ်လွင်ခဲ့ပါတယ်။အဆိုပါဖမ်းမိသူ မြန်မာ ၆ ဦးဟာ […]

Read More
Labor

အထောက်အထားမဲ့မြန်မာ ၂၄ ဦးကို မဲဆောက်မြို့မှာ ဖမ်းမိ

အထောက်အထားမဲ့မြန်မာ ၂၄ ဦးကို မဲဆောက်မြို့မှာ ဖမ်းမိ ဇွန် ၂၅ ရက် Migrant Times တောလမ်းအသုံးပြုပြီး ထိုင်းနိုင်ငံထဲ ဖြတ်ကျော်ဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၄ ဦးကို မဲဆောက်မြို့အာဏာပိုင်တွေက ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဌာန MGR Online က ဖော်ပြပါတယ်။ဇွန်လ ၂၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ လုံခြုံရေးအဖွဲ့ဖြစ်တဲ့ ရတ်ချမနူအထူးတပ်ဖွဲ့ဟာ အုပ်စု ၄ ၊ မယ်ပကျေးရွာမှာ တခြားလုံခြုံရေးအဖွဲ့တွေနဲ့ လှည့်ကင်းလုပ်ဆောင်နေစဉ် မသင်္ကာဖွယ်လူတစ်စုကို မြင်တွေ့ပြီး ဝင်ရောက်စစ်ဆေးတာပါ။အဲဒီလို စစ်ဆေးစဥ်မှာ မြန်မာနိုင်င်ငံကနေ ထိုင်းထဲကို တောလမ်းနဲ့ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ ကျား ၁၈ ဦးနဲ့ မ ၆ ဦး၊ စုစုပေါင်း ၂၄ […]

Read More
Labor

လူမှုဖူလုံရေးကတ် ပျောက်ဆုံးလျှောက်ထားခြင်းအတွက်ဒဏ်ကြေး တိုးမြှင့်

လူမှုဖူလုံရေးကတ် ပျောက်ဆုံးလျှောက်ထားခြင်းအတွက်ဒဏ်ကြေး တိုးမြှင့် ဇွန် ၂၃ ရက် အရုဏ်ဦး၊ Migrant Times လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးလို့ ပြန်လျှောက်ရင် ပေးဆောင်ရမယ့်ဒဏ်ကြေးကို ကျပ် တစ်သိန်းအထိ တိုးမြှင့်ကောက်ယူမယ်လို့ လူမှုဖူလုံရေးအဖွဲ့က ကြေညာပါတယ်။လက်ရှိမှာ လူမှုဖူလုံရေးကတ် ပျောက်ဆုံး/ပျက်စီးလို့ ပြန်လျှောက်ရင် ဒဏ်ကြေး ငါးထောင်ကျပ်ပေးသွင်းရတာဖြစ်ပြီး ဇူလိုင်လ ၁ရက်ကစကာ ပထမအကြိမ်လျှောက်ရင် ဒဏ်ကြေး သုံးသောင်းကျပ်၊ ဒုတိယအကြိမ်လျှောက်ရင် ဒဏ်ကြေးငါးသောင်းကျပ်၊ တတိယအကြိမ်နဲ့အထက်လျှောက်ရင် တစ်သိန်းကျပ်ပေးသွင်းရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ကတ်ပျောက်လျှောက်ထားတဲ့ကာလအတွင်းဆေးကုသမှုခံယူနိုင်ဖို့ ကတ်ပျောက်လျှောက်ထားကြောင်း ဆေးကုသခွင့် ထောက်ခံစာထုတ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ အခုလို လူမှုဖူလုံရေးကတ်ပျောက်ဆုံးမှုအတွက် ဒဏ်ကြေး တိုးမြှင့်တာဟာ အလုပ်သမားတွေအပေါ် မညှာတာရာရောက်တယ်လို့ စက်ရုံလုပ်သားတစ်ဦးက ဆိုပါတယ်။”မှတ်ပုံတင်ပျောက်လို့ ပြန်လျှောက်ရင်တောင် အဲဒီလောက်မပေးရဘူး။ အခုပြောင်းမယ့်ဒဏ်ကြေးပမာဏက များလွန်းတယ်။ လူမှုဖူလုံရေးက အလုပ်သမားတွေကိုကူညီတာထက် ပိုဖိတဲ့သဘောဖြစ်နေတယ် ” လို့ […]

Read More
Labor

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့ ဇွန် ၁၇ ရက် ၊ Migrant Times ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀ ဦးကို ဒီနေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။သူတို့ကို ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး ၂၀ ဦးနဲ့ အမျိုးသား ၁၀၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကော့သောင်းမြို့ကို ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ ရောဂါပိုးတွေ့ရှိသူတွေကိုအသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမယ်လို့ သိရပါတယ်။အခုလအတွင်း […]

Read More
Labor

တောင်ကိုရီးယားမှာ သင်္ဘောမီးလောင်လို့ မြန်မာ သင်္ဘောသားတစ်ဦး ဒဏ်ရာရ

တောင်ကိုရီးယားမှာ သင်္ဘောမီးလောင်လို့ မြန်မာ သင်္ဘောသားတစ်ဦး ဒဏ်ရာရ ဇွန် ၁၉ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ သင်္ဘော မီးလောင်ရာက မြန်မာသင်္ဘောသားတစ်ဦး မီးလောင်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဆန်တောင်ပိုင်းပြည်နယ် ၊ချန်းဝါန်မြို့ နဲ့ဆောင်းဆန်မြို့ ဂွီဆန်ဒုန် မာဆန် တံတားအနီးမှာ တန် ၅ထောင်ရှိ သင်္ဘောတစ်စီး ဇွန် ၁၈ ရက် နေ့လယ်ပိုင်းက မီးလောင်ခဲ့တာဖြစ်ပါတယ်။မီးလောင်မှုဖြစ်တဲ့ သင်္ဘောကို ပင်လယ်ကမ်းခြေစောင့် ရဲဝန်ထမ်းတွေက မီးငြိမ်းသတ်ကာ သင်္ဘောသား​တွေကို ကယ်ဆယ်ပေးခဲ့တယ်လို့ သိရပါတယ်။မီးလောင်တဲ့သင်္ဘောဟာ တစ်နာရီအကြာမှာ မီးညွန့် ကျိုးခဲ့သွားခဲ့ပြီး သင်္ဘော မီးလောင်မှုကြောင့် အသက် ၃၀နှစ်အရွယ်ရှိ မြန်မာ သင်္ဘောသားတစ်ဦးရဲ့ ကျောကုန်း မီးလောင်ဒဏ်ခံရာရလို့ နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သတင်းတွေက […]

Read More
Labor

လုပ်အားခပြဿနာကြောင့် စက်ရုံတချို့လုပ်သားခေါ်ယူရာမှာအခက်တွေ့

လုပ်အားခပြဿနာကြောင့် စက်ရုံတချို့လုပ်သားခေါ်ယူရာမှာအခက်တွေ့ ဇွန် ၁၄ ရက် အရုဏ်ဦး၊ Migrant Times လုပ်ခတိုးပေးသူတွေကို အရေးယူတဲ့သတင်းတွေကြောင့် လုပ်သားလိုအပ်ချက်ရှိလို့ လုပ်ခပိုပေးပြီးလူစုဆောင်းနေရတဲ့စက်ရုံတွေအနေနဲ့အခက်တွေ့လာရတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီကသိရပါတယ်။စစ်ကောင်စီက ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ လုပ်ငန်းရှင် တချို့ကို အရေးယူတဲ့ဖြစ်ရပ်ရှိလာခဲ့ပြီးနောက် စက်ရုံတချို့အနေနဲ့ လုပ်အားခဖော်ပြပြီး လူစုဆောင်းဖို့ခက်ခဲလာတာလို့ ဆိုပါတယ်။”အလုပ်သမားကလိုသလောက်မရသေးဘူး။ လိုင်းပေါ်ကနေ လူခေါ်တဲ့ကြော်ငြာတင်ဖို့ကျတော့လည်းအခုဖြစ်နေတဲ့ပြဿနာတွေလို အမှုပတ်မှာကြောက်လို့ မတင်ရဲဘူး။အလုပ်သမားတွေချင်းပဲ လူချိတ်ဆက်ရှာခိုင်းနေရတယ်”လို့ ရွှေပြည်သာမြို့နယ်ရှိအထည်ချုပ်စက်ရုံမန်နေဂျာတစ်ဦးကပြောပါတယ်။ လက်ရှိမှာ အသစ်ဖွင့်လှစ်မယ့်စက်ရုံတွေနဲ့ စက်လိုင်းတိုးချဲ့မယ့်စက်ရုံတွေအနေနဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်များနေတာဖြစ်ပါတယ်။ဒါကြောင့် သင်္ကြန်ပိတ်ရက်အပြီး စက်ရုံတချို့ဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၅၀၀ ကျပ်ကနေ ၇၅၀၀ကျပ်အထိ တိုးပေးပြီးလုပ်သားခေါ်ယူစုဆောင်းနေရတာဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေဆီကသိရပါတယ်။အခုလို လုပ်ခတိုးပေးသူတွေကိုဖမ်းဆီးအရေးယူတဲ့သတင်းကြောင့် စက်ရုံတွေအနေနဲ့ ပေါ်ပေါ်တင်တင်ကြေညာပြီးလူခေါ်ယူမှုရပ်သွားနိုင်ပေမယ့် လုပ်ခကိုတော့ တိုးမပေးဘဲ လည်ပတ်ဖို့မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “လုပ်ခတိုးပေးနေတာတောင်ကျွမ်းကျင်လုပ်သားရဖို့ခက်နေတာဆိုတော့ ဖူလုံတဲ့လုပ်အားခမပေးနိုင်ရင် လည်ပတ်ဖို့ခက်မှာပဲ။အလုပ်သမားတွေကလုပ်အားခပိုရတဲ့နိုင်ငံတွေဆီထွက်နေကြပြီ။အခုကျန်တဲ့သူတွေဆိုတာကလည်း ထွက်ခွင့်ရရင်ထွက်မယ့်သူတွေပဲ”လို့သူကပြောပါတယ်။လက်ရှိမြန်မာနိုင်ငံကသတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားဟာ […]

Read More
Labor

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ မလုပ်နိုင်ရင် လိုင်စင်ပြန်အပ်ဖို့ သတိပေး

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ မလုပ်နိုင်ရင် လိုင်စင်ပြန်အပ်ဖို့ သတိပေး ဇွန် ၁၂ ရက် အရုဏ်ဦး၊ Migrant Times ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အေဂျင်စီလုပ်ငန်းမလုပ်နိုင်ရင်လိုင်စင်ပြန်အပ်ဖို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးပြောကြားပါတယ်။အေဂျင်စီတွေဆီက စေလွှတ်တဲ့အလုပ်သမားဦးရေစာရင်းလချုပ်ကို တောင်းရာမှာ အေဂျင်စီတချို့ကပျက်ကွက်နေတာနဲ့ ပတ်သက်လို့ အခုလို ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။” အေဂျင်စီလိုင်စင်ယူထားပြီး အေဂျင်စီရဲ့အလုပ်တွေကိုမလုပ်နိုင်ရင် လိုင်စင်ပြန်အပ်တာကောင်းပါတယ်။ အများနဲ့ အလုပ်လုပ်ရတဲ့ တာဝန်အတွက် အနှောင့်အယှက်ဖြစ်ပါတယ် ” လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာဖြစ်ပါတယ်။ အခုလို စာရင်း​ပေးပို့ဖို့ ပျက်ကွက်တာ​ကြောင့် ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ကြေညာစာထွက်တဲ့အချိန်ကျရင်တော့ လုံးဝ သတိမ​ပေးတော့ဘူးလို့လည်း ရေးသားထားပါတယ်။ဌာနက စေလွှတ်လုပ်သားဦးရေ လချုပ်စာရင်းတောင်းထားရာမှာ မေလအတွက် အေဂျင်စီ ၁၁ ခုက ပေးပို့ဖို့ပျက်ကွက်ပြီး အေဂျင်စီ ၄ ခု ကတော့သတ်မှတ်ထားတဲ့ဇယားပုံစံမဟုတ်လို့ ပြန်တင်ပြခိုင်းတာကို အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ လက်ရှိမှာ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်လိုင်စင်ရယူထားတဲ့ […]

Read More
Labor

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်ဖြိုးစန္ဒာစိုး ILO အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ ဇွန် ၁၁ ရက် အရုဏ်ဦး၊ Migrant Times ပြည်တွင်းအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြိုးစန္ဒာစိုးကို ILO ကအုပ်ချုပ်ရေးအဖွဲ့ဝင်(Governing Body)အဖြစ် ရွေးချယ်လိုက်ပါတယ်။၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(International Labour Conference _ ILC) မှာ ဒေါ်ဖြိုးစန္ဒာစိုးဟာ ILO အုပ်ချုပ်ရေး အဖွဲ့ ဝင်(Governing Body) အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ဒေါ်ဖြိုးစန္ဒာစိုးအနေနဲ့ နိုင်ငံတကာ အလုပ်သမားကိုယ်စားလှယ် စုစုပေါင်း ၁၂၆ ရဲ့ ထောက်ခံမဲ ၉၃ မဲ နဲ့ ရွေးကောက်တင်မြှောက်ခံရတာလို့ဆိုပါတယ်။ဒေါ်ဖြိုးစန္ဒာစိုးဟာ အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂ(BWI)ရဲ့ ဒုဥက္ကဋ္ဌ တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(BWFM)ရဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူးတာဝန်ယူထားသူဖြစ်ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့အနေနဲ့ […]

Read More
X