လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်က မြန်မာလုပ်သားတွေရဲ့ဘဝ
လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်က မြန်မာလုပ်သားတွေရဲ့ဘဝ |ဆောင်းပါး| Migrant Times တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးလည်း ပြီးဆုံးသွားပါပြီ။ ကမ္ဘာ့ဖလားရရှိသွားတဲ့ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲခံမှု၊ ပရိသတ်တွေရဲ့ ပျော်ရွှင်မှုတွေကို လူမှုကွန်ရက်တွေပေါ်မှာ အချိန်နဲ့အမျှ မြင်တွေ့နိုင်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် နိုင်ငံအသင်းပေါင်း ၃၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲဒီပြိုင်ပွဲကြီးတစ်လျှောက်လုံး ဘောလုံးသမားတွေရဲ့ ကိုယ်ပေါ်မှာ မြင်တွေ့ရတဲ့ အားကစားဝတ်စုံအကြောင်းအပါအဝင် လူကြီးမင်းတို့ တန်ဖိုးထားဝတ်ဆင်နေကြတဲ့ နာမည်ကျော် အမှတ်တံဆိပ်အချို့အကြောင်း ပြောကြရအောင်ပါ။ အားကစားနဲ့ ပတ်သက်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေက ပြိုင်ပွဲဝင်အသင်းတွေကို စပွန်ဆာပေး ဝတ်ဆင်စေတာပါ။ ပြိုင်ပွဲဝင် ၃၂ သင်းရှိတဲ့ထဲက နိုင်ငံအသင်း ၇ သင်းက Adidas အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ပါတယ်။ […]