Economy Labor

မြန်မာရွှေ့ပြောင်းလုပ်သားတွေ Happy New Year ဖြစ်ပါစေ |ဆောင်းပါး| ဒီဇင်ဘာ ၂၇ ရက်၊ Migrant Times သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်လို့ ၂၀၂၃ ခုနှစ်ကို ရောက်ရှိပါတော့မယ်။ထိုင်းနိုင်ငံမှာ အခက်အခဲဖြစ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တောင်းဆိုထားတာ၊ တိုင်ကြားတာတွေကို ဆိုင်ရာအဖွဲ့အစည်းတွေက ဖြေရှင်းပေးဖို့ ကြန့်​ကြာနေတာတွေလည်း အခုလာမယ့် နှစ်ဆန်းပိုင်းမှာ ပြန်လည်စတင်နိုင်တော့မှာ ဖြစ်ပါတယ်။မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရလို့ စုပေါင်းတောင်းဆိုတာဟာ အခုလထဲမှာပဲ သုံးခုထက်မနည်းရှိပြီး ပွဲစားတွေရဲ့ လိမ်လည်မှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကတော့ ထောင်နဲ့ချီပြီးရှိ​နေတာပါ။ထိုင်းနိုင်ငံကို ပုံစံအမျိုးမျိုးနဲ့ ရောက်ရှိလာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်မရရှိတာ၊ လုပ်ငန်း ခွင်မတည်မြဲတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ လုပ်ခလစာအပြည့်မရတာ၊ လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် နစ်နာကြေးမရတာ စသဖြင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို […]

Read More
Labor

ထိုင်းအစိုးရကိုယ်တိုင် ဖြေရှင်းပေးနေတဲ့ မြန်မာလုပ်သားတွေကိစ္စ မပြေလည်သေး

ထိုင်းအစိုးရကိုယ်တိုင် ဖြေရှင်းပေးနေတဲ့ မြန်မာလုပ်သားတွေကိစ္စ မပြေလည်သေး ဒီဇင်ဘာ ၂၆ ရက်၊ Migrant Times မြန်မာရွှေ့ပြောင်း အလုပ်သမား ငါးထောင်ကျော်ကို အလုပ်ရမယ်ဆိုပြီး ပွဲစားတွေရဲ့ လိမ်လည်ထားမှုကို ထိုင်းအစိုးရကိုယ်တိုင် ဝင်ရောက်ကိုယ်တွယ်ဖြေရှင်းနေပေမယ့် အခုချိန်ထိ အကြေအလည်ပြေလည်မှု မရှိသေးဘူးလို့ AAC(မဟာမိတ်အဖွဲ့) ဒါရိုက်တာ ဉီးခိုင်ကြီးက ဒီကနေ့မှာ Migrant Times ကို ပြောပါတယ်။လိမ်လည်ခံရတဲ့ အလုပ်သမားတွေက ထိုင်းအစိုးရရုံးရှေ့မှာ ထောင်နဲ့ချီစုဝေးပြီး တောင်းဆိုဆန္ဒပြခဲ့တာကြောင့် ဒီဇင်ဘာလ ၁၀ ရက်မှာ နာမည်ကြီး ပင်လယ်စာစက်ရုံက ထိုင်းအာဏာပိုင်တွေရှေ့မှာ ဒီအလုပ်သမားတွေကို ဒီဇင်ဘာလအတွင်းမှာ အလုပ်ခန့်အပ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ “ အခုချိန်ထိ အလုပ်သမားက ၄၀၀ တောင်မပြည့်ဘူး အလုပ်ရတာက။ သူတို့တွေ ကတိပေးထားတာက တကယ့်ထိုင်းဘက်က အစိုးရပိုင်း တာဝန်ရှိသူတွေရှေ့မှာ လက်မှတ်ပါထိုးပြီး […]

Read More
Economy Labor

လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်က မြန်မာလုပ်သားတွေရဲ့ဘဝ

လူကြီးမင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်က မြန်မာလုပ်သားတွေရဲ့ဘဝ |ဆောင်းပါး| Migrant Times တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးလည်း ပြီးဆုံးသွားပါပြီ။ ကမ္ဘာ့ဖလားရရှိသွားတဲ့ အာဂျင်တီးနားအသင်းရဲ့ အောင်ပွဲခံမှု၊ ပရိသတ်တွေရဲ့ ပျော်ရွှင်မှုတွေကို လူမှုကွန်ရက်တွေပေါ်မှာ အချိန်နဲ့အမျှ မြင်တွေ့နိုင်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် နိုင်ငံအသင်းပေါင်း ၃၂ သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲဒီပြိုင်ပွဲကြီးတစ်လျှောက်လုံး ဘောလုံးသမားတွေရဲ့ ကိုယ်ပေါ်မှာ မြင်တွေ့ရတဲ့ အားကစားဝတ်စုံအကြောင်းအပါအဝင် လူကြီးမင်းတို့ တန်ဖိုးထားဝတ်ဆင်နေကြတဲ့ နာမည်ကျော် အမှတ်တံဆိပ်အချို့အကြောင်း ပြောကြရအောင်ပါ။ အားကစားနဲ့ ပတ်သက်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေက ပြိုင်ပွဲဝင်အသင်းတွေကို စပွန်ဆာပေး ဝတ်ဆင်စေတာပါ။ ပြိုင်ပွဲဝင် ၃၂ သင်းရှိတဲ့ထဲက နိုင်ငံအသင်း ၇ သင်းက Adidas အမှတ်တံဆိပ်ကို ဝတ်ဆင်ခဲ့ပါတယ်။ […]

Read More
Labor

လုပ်သားအားလုံးကို အလုပ်ထုတ်လိုက်တဲ့ YFAစက်ရုံအငြင်းပွားမှု ခုံသမာဓိအဖွဲ့ စတင်စစ်ဆေး

လုပ်သားအားလုံးကို အလုပ်ထုတ်လိုက်တဲ့ YFAစက်ရုံအငြင်းပွားမှု ခုံသမာဓိအဖွဲ့ စတင်စစ်ဆေး ဒီဇင်ဘာ ၂၁ ရက်၊ Migrant Times အလုပ်သမားအားလုံးကို အလုပ်က ရပ်စဲလိုက်တဲ့ YFA စက်ရုံရဲ့အငြင်းပွားမှုကိစ္စကို ဒီနေ့မှာ ခုံသမာဓိအဖွဲ့ကစတင်လက်ခံစစ်ဆေးနေပြီလို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။ YFAစက်ရုံက အလုပ်သမား ၁၅၀ နီးပါးကို နို့တစ်ကြေးမပေးဘဲ နိုဝင်ဘာလကုန်က အလုပ်ရပ်စဲလိုက်တာနဲ့ပတ်သက်လို့ အငြင်းပွားမှုဖြစ်နေတာဖြစ်ပါတယ်။ အလုပ်သမားတွေက နို့တစ်ကြေး တစ်လစာပေးဖို့နဲ့ မပေးရင် အလုပ်ပြန်ခန့်ဖို့ တောင်းဆိုထားပေမယ့် စက်ရုံဘက်က နှစ်ချက်လုံးကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ” မြို့နယ်ညှိ/ဖြန်မှာ သုံးကြိမ်ညှိတာအဆင်မပြေလို့ ခုံအဖွဲ့ဆီတက်တာ။ ဒီနေ့စလက်ခံစစ်တယ် ” လို့ STUMမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ခုံသမာဓိအဖွဲ့အနေနဲ့ အဲဒီအငြင်းပွားမှုဖြစ်ရပ်ကို တစ်ပတ်ခန့် အချိန်ယူကိုင်တွယ်ပြီးမှ အဆုံးအဖြတ်ထွက်လာဖို့ရှိပါတယ်။ ခုံသမာဓိအဖွဲ့ရဲ့ အဆုံးအဖြတ်ဟာ […]

Read More
Labor

မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁,၀၀၀ခန့် တန်ဖိုးရှိ ထီဆုဆွတ်ခူး

မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၁,၀၀၀ခန့် တန်ဖိုးရှိ ထီဆုဆွတ်ခူး ဒီဇင်ဘာ ၂၁ရက်၊ Migrant Times မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးဟာ Lotto 6D တစ်ရင်းဂစ်ဖိုး ကံစမ်းခဲ့ရာက​ ရင်းဂစ်တစ်သိန်းခွဲ (ကျပ်သိန်း ၉၅၀ခန့်) ဆုခူးရရှိခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံက သိရပါတယ်။ မလေးရှားနိုင်ငံ မဲတူးမြို့ မှာအလုပ်လုပ်ကိုင်​နေတဲ့ ရခိုင်လူမျိုးဟာ Lotto ၆လုံးထီကို အပြင်ဒိုင်က ပေါက်ပြီး ထုပ်ယူဖို့အကူအညီတောင်းခံမှုကြောင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က သွားရောက်ကူညီပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဆု​ငွေရင်းဂစ်တစ်သိန်းခွဲကို အဆင်ပြေစွာထုပ်ယူပေးခဲ့ပြီး ကံထူးသူမှ နှလုံးလှအဖွဲ့အား ပရဟိတလုပ်ဆောင်ရန် ရင်းဂစ် ၅,၀၀၀ကိုလည်း လှူဒါန်းခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ ထီကံထူးရှင်ဟာ မလေးရှားရောက်တာ ၄လသာရှိသေးပြီး အိမ်မက်ဂဏန်းကို ထိုးလိုက်ရာကနေ ဆုကြီးဆွတ်ခူးသွားတာလို့လည်း သိရပါတယ်။ ဓာတ်ပုံ – နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့

Read More
Labor

ထိုင်းမှာ အလုပ်သမားတွေအပေါ် ဖြေလျော့မှုပေးမှု အစီအစဥ်ပြောင်းလဲမည်မဟုတ်

ထိုင်းမှာ အလုပ်သမားတွေအပေါ် ဖြေလျော့မှုပေးမှု အစီအစဥ်ပြောင်းလဲမည်မဟုတ် ဒီဇင်ဘာ ၂၁ရက်၊ Migrant Times ထိုင်းအလုပ်အကိုင်ဦးစီးဌာန(DoE)ဟာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ပြဿနာ ဖြေရှင်းဖို့ ကြိုးပမ်းနေမှုတွေကို ကာကွယ်ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်အလုပ်သမားတွေ တရားဝင်ဖြစ်လာဖို့ ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဥ်ထွက်ပေါ်မလာတဲ့အပေါ် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် အလုပ်အကိုင်ဦးစီးဌာန(DoE)က အခုလို တုန့်ပြန်လာတာဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်တဲ့ အလုပ်သမားရေးရာကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲမှာ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီရေးအဖွဲ့(MWG) ကိုယ်စားလှယ် Adisorn Kerdmongkol က ဖြေလျော့မှုပေးတဲ့လုပ်ငန်းစဥ်ဟာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မလိုအပ်ဘဲ ရှုပ်ထွေးမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် တစ်နှစ်မှာ လေးကြိမ်သာ ဖွင့်လှစ်ပေးတဲ့ အလုပ်သမားဖြေလျော့ပေးခြင်းအတွက် အမည်စာရင်းတင်သွင်းမှုဟာ အလုပ်သမားတစ်ယောက် ပြီးစီးဖို့ အနည်းဆုံး ၅ ရက်ကြာမြင့်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ […]

Read More
Labor

ဘန်ကောက်မြို့က လူမနေတဲ့တိုက်ရဲ့ ရေတိုင်ကီထဲမှာ မြန်မာအမျိုးသမီးရုပ်အလောင်းတွေ့

ဘန်ကောက်မြို့က လူမနေတဲ့တိုက်ရဲ့ ရေတိုင်ကီထဲမှာ မြန်မာအမျိုးသမီးရုပ်အလောင်းတွေ့ ဒီဇင်ဘာ ၂၀ ရက်၊ Migrant Times ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူမနေတဲ့လေးထပ်တိုက်နေအိမ်ပေါ်က ရေတိုင်ကီပုံးထဲမှာ လနဲ့ချီသေဆုံးနေတဲ့ မြန်မာအမျိုးသမီးရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Thaiger က ဖော်ပြပါတယ်။ သေဆုံးနေသူဟာ အခင်းဖြစ်ပွားတဲ့ တိုက်အိမ်ဘေးမှာနေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦးက ကာလရှည်ပျောက်ဆုံးနေတဲ့ သူ့ရဲ့ အစ်မဖြစ်ကြောင်း စစ်ဆေးတဲ့ ထိုင်းရဲတွေကို အတည်ပြုပြောခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အမှတ်(၆၇) ရမ်ခမ်ဟယ်လမ်းကြားထဲက လူမနေတဲ့ လေးထပ်တိုက်တစ်ခုပေါ်ကို အခန်းပြင်သူတွေက အိမ်ခေါင်မိုးအပေါ် တက်ပြင်ရာကနေ ပုပ်အနံ့ရတာကြောင့် အနံ့ခံလိုက်ရှာရင်း ရေတိုင်ကီပုံးတစ်လုံးထဲမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသမီးရုပ်အလောင်းကို တွေ့ခဲ့တာပါ။ သူတို့ဟာ သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေကို အသိပေးအကြောင်းအကြားခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက သေဆုံးရခြင်းရဲ့ အကြောင်းအရင်းမှန်ကို စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာ […]

Read More
Economy Labor

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၁၀ ဦးစေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၁၀ ဦးစေလွှတ် ဒီဇင်ဘာ ၂၀ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၁၀ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ Regular ကုန်ထုတ်လုပ်သား ၉၀ ဦး၊ CBT ကုန်ထုတ်လုပ်သား ၇ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ မြန်မာလုပ်သား ၇၂၈ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ […]

Read More
Labor

မလေးရှားမှာ မြန်မာလုပ်သားတစ်ဦး အလုပ်က အပြန်အုပ်စုဖွဲ့ ရိုက်နှက်ခံရ

မလေးရှားမှာ မြန်မာလုပ်သားတစ်ဦး အလုပ်က အပြန်အုပ်စုဖွဲ့ ရိုက်နှက်ခံရ ဒီဇင်ဘာ ၂၀ ရက်၊ Migrant Times မလေးရှားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ဒီဇင်ဘာလ ၁၉ ရက်ညက အလုပ်ကအပြန်မှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရတယ်လို့ နှလုံးလှလူငယ်များပရဟိတသွေးလှူရှင်အဖွဲ့ဆီက သိရပါတယ်။ မလေးရှားနိုင်ငံ ကလန်းမြို့နယ်နေ ကိုရာဇာမျိုးဟာ ည ၁၀ နာရီမှာ အလုပ်က​ေ ဆိုင်ကယ်နဲ့ပြန်လာရာမှာ အိမ်ရောက်ကာနီး အမည်မသိ လူ​တွေရဲ့ဝိုင်းရိုက်ခံရတာလို့ ဆိုပါတယ်။ အရိုက်ခံရတဲ့​နေရာမှာ သတိ​မေ့​နေပြီး နံနက် ၄ နာရီလောက်မှ အိမ်ကို ပြန်ရောက်လာခဲ့တာကြောင့် ကိုရာဇာမျိုးရဲ့အမျိုးသမီးက နှလုံးလှအဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။ ကိုရာဇာမျိုးဟာ ရှားအလမ်းဆေးရုံကြီးမှာ တက်ရောက်ခဲ့ရပြီး လူနာရဲ့ဝမ်းဗိုက်ကို ခွဲစိတ်ခဲ့ရသလို တခြား ဒဏ်ရာ​တွေကိုပါ ကုသနေရတယ်လို့ ဆိုပါတယ်။ ဆေးရုံကုန်ကျငွေမတတ်နိုင်တော့လို့ ဆရာဝန်တွေနဲ့ တွေ့ဆုံအကူအညီတောင်းခဲ့ရာမှာ […]

Read More
Economy Labor

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အချက်သုံးချက် ထိုင်းအစိုးရကို တောင်းဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အချက်သုံးချက် ထိုင်းအစိုးရကို တောင်းဆို ဒီဇင်ဘာ ၁၉ ရက် ၊ Migrant Times အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အချက်သုံးချက်ကို MWRN က ထိုင်းအစိုးရကို တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများ ကွန်ရက် (MWRN)ရဲ့ ထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေကို ခြုံငုံရေးသားထားပြီး ထိုင်းအစိုးရရဲ့ သဘောတူညီမှုနဲ့ အလုပ်သမားခေါ်ယူရာမှာ ဖြစ်ပေါ်နေတဲ့ ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး ဉပဒေအတိုင်းဖြစ်ဖို့ စုံစမ်းအရေးယူပေးဖို့ဆိုတဲ့ အချက်လည်းပါပါတယ်။ MWRN ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဉီးအောင်ကျော်က ပွဲစားတွေက တအားဆိုးနေတယ်။ မြန်မာဘက်ကရော၊ ထိုင်းဘက်ကရော ပွဲစားတွေက တချို့ဆိုရင် အလုပ်သမားအဖွဲ့တွေကို […]

Read More
X