Labor

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့ ဇွန် ၁၀ ရက် ၊ Migrant Times ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀ ဦးကို ဒီကနေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။သူတို့ကို ရနောင်းမြို့ကနေ စက်လှေနဲ့ ကော့သောင်းမြို့ကိုပြန်ပို့ခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီး ၂၄ ဦးနဲ့ အမျိုးသား ၉၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။ကော့သောင်းမြို့ကို ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ ရောဂါပိုးတွေ့ရှိသူတွေကိုအသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမယ်လို့ သိရပါတယ်။ (ဇွန် […]

Read More
Labor

နိုင်ငံကူးလက်မှတ်ကို အလုပ်အကိုင်(PJ) အမျိုးအစားကနေ အလည်အပတ်( PV )ပြောင်းလဲမှု စစ်ကောင်စီက ပိတ်ပင်

နိုင်ငံကူးလက်မှတ်ကို အလုပ်အကိုင်(PJ) အမျိုးအစားကနေ အလည်အပတ်( PV )ပြောင်းလဲမှု စစ်ကောင်စီက ပိတ်ပင် ဇွန် ၇ ရက် Migrant Times နိုင်ငံကူးလက်မှတ်ကို အလုပ်အကိုင်(PJ) အမျိုးအစားကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲမှုအား စစ်ကောင်စီက ယမန်နေ့က စတင်ပိတ်ပင်လိုက်ပါတယ်။ဇွန်လ ၆ ရက်နေ့ကစပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ နိုင်ငံကူးလက်မှတ် PJ ကနေ PV သို့ ပြောင်းလဲဖို့ လျှောက်ထားမှုအားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။စစ်ကောင်စီက မေလ လဆန်းပိုင်းမှာ အသက် ၂၃ နှစ်ကနေ အသက် ၃၂ နှစ်အထိ အမျိုးသားတွေအားလုံးကို ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့တာ​‌ကြောင့် လူငယ်အမျိုးသားတွေဟာသူတို့ရဲ့ နိုင်ငံကူးလက်မှတ် အလုပ်အကိုင်(PJ)​ကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) သို့ ပြောင်းလဲလျှောက်ထားပြီး ပြည်ပနိုင်ငံတွေဆီအလည်အပတ်နဲ့ […]

Read More
Labor

ကုန်စျေးနှုန်းမြင့်တက်မှုကြောင့်ဆိုပြီး ပုဂ္ဂလိကလုပ်ငန်းတချို့ ဝန်ထမ်းတွေကို လစာတိုးပေး

ကုန်စျေးနှုန်းမြင့်တက်မှုကြောင့်ဆိုပြီး ပုဂ္ဂလိကလုပ်ငန်းတချို့ ဝန်ထမ်းတွေကို လစာတိုးပေး ဇွန် ၁ ရက် အရုဏ်ဦး၊ Migrant Times ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းတွေအခက်မတွေ့ရအောင်ဆိုပြီး ပုဂ္ဂလိကလုပ်ငန်းတချို့အနေနဲ့ လုပ်ခတိုးပေးတာ၊ အပိုကြေးအနေနဲ့ထပ်ဆောင်းပေးတာတွေရှိလာနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။ကုမ္ပဏီတချို့၊ အရောင်းဆိုင်တချို့အနေနဲ့ ဝန်ထမ်းတွေရဲ့လုပ်ခကို တိုးမြှင့်ပေးလိုက်တဲ့အကြောင်း အသိပေးကြေညာစာတွေ ထွက်ရှိလာခဲ့ပြီး အဲဒီလုပ်ရပ်အပေါ်ကြိုဆိုလက်ခံတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကဆိုပါတယ်။ “ဒီလိုကာလမှာ ဝန်ထမ်းတွေဘက်ကိုကြည့်ပြီး လုပ်ခတိုးပေးလာတဲ့လုပ်ရပ်တွေကိုကြိုဆိုရမှာပါ။ ကျန်လုပ်ငန်းတွေလည်း လိုက်ပါကြမယ်လို့မျှော်လင့်ရတယ်”လို့ သူက ပြောပါတယ်။ပုဂ္ဂလိကလုပ်ငန်းတချို့အနေနဲ့ အလုပ်သမားတွေရဲ့လုပ်သက်အပေါ် မူတည်ပြီး လစာကို အခြေခံတဲ့ရာခိုင်နှုန်းအလိုက် အပိုခံစားခွင့်တွေပေးလာတာ ဖြစ်ပါတယ်။” ကိုယ်တွေကုမ္ပဏီလည်း လစာတိုးပေးမယ်ဆိုပြီးသတင်းထွက်နေတယ်။ ဝန်ထမ်းတွေကတော့ မျှော်လင့်နေတာပေါ့။ လက်ရှိလစာနဲ့က မလုံလောက်တော့ဘူး “လို့ အီလက်ထရောနစ်ပစ္စည်း တင်သွင်းတဲ့ကုမ္ပဏီတစ်ခုမှဝန်ထမ်းတစ်ဦးက ပြောပါတယ်။လက်ရှိမှာ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု​နဲ့အတူ အထွေထွေကုန်စျေးနှုန်းကြီးမြင့်လာတာကြောင့် ရရှိတဲ့လုပ်အားခနဲ့ မလုံလောက်မှုတွေရှိလာကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်း စက်ရုံတချို့အနေနဲ့ လစာတိုးမြှင့်ပေးပြီး လုပ်သားခေါ်ယူစုဆောင်းမှုတွေလုပ်ခဲ့ကြပါသေးတယ်။

Read More
Labor

EPSဝန်ဆောင်မှုလုပ်ငန်းစာမေးပွဲ အောင်မြင်သူ ၃၇၀၀ ကျော်ရှိ

EPSဝန်ဆောင်မှုလုပ်ငန်းစာမေးပွဲ အောင်မြင်သူ ၃၇၀၀ ကျော်ရှိ ဇွန် ၅ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားအလုပ်အကိုင် EPS-TOPIK မှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဖြေဆိုသူ ၃၇၀၀ ကျော်အောင်မြင်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။POEAက ဝန်ဆောင်မှုလုပ်ငန်းအတွက် အောင်မြင်သူစာရင်းကို ဒီနေ့နေ့လယ်ပိုင်းအထိ ကြေညာထားရာမှာ ၃၇၆၇ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။တော​င်ကိုရီးယားနိုင်ငံကို အမျိုးသမီးတွေပါ သွားရောက်လုပ်ကိုင်နိုင်မယ့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ဖြေမယ့်သူဦးရေ ၈၄၈၁ ဦးရှိတာဖြစ်လို့ ဖြေဆိုသူဦးရေရဲ့ထက်ဝက်နီးပါးအောင်မြင်တာဖြစ်ပါတယ်။ “အောင်တဲ့စာရင်းက ထပ်တိုးဦးမလားမပြောတတ်ဘူး။လက်ရှိအရေအတွက်အရဆိုရင်လည်း အောင်ချက်မဆိုးဘူးပြောရမယ်”လို့ အဲဒီစာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူတစ်ဦးကပြောပါတယ်။ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုတဲ့သူ ဦးရေ သုံးပုံနှစ်ပုံလောက်က အမျိုးသမီးတွေဖြစ်ပြီးအဲဒီလုပ်ငန်းအမျိုးအစားနဲ့အမျိုးသမီးတွေကိုဒီနှစ်မှပထမဆုံးဝင်ရောက်ဖြေဆိုခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းအတွက် အောင်မြင်မှုပေးဖို့မူလကတည်းကလျာထားသူဦးရေဟာ ၃,၀၀၀ ကျော်ရှိတာလည်းဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်မယ်ဆိုရင် EPSစာမေးပွဲအောင်မြင်ထားဖို့လိုတာကြောင့် နှစ်စဥ်ဝင်ဖြေသူဦးရေမြင့်တက်နေတာလည်း ဖြစ်ပါတယ်။လက်ရှိအဲဒီနိုင်ငံမှာ EPSစနစ်နဲ့မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Read More
Labor

ရန်ကုန်​က ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်လို့ရပြီ

ရန်ကုန်​က ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်လို့ရပြီ ဇွန် ၆ ရက် အရုဏ်ဦး၊ Migrant Times ရန်ကုန် မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်ပြီလို့ အဲဒီသံရုံးက ကြေညာပါတယ်။ရွှေ့ပြောင်းလုပ်သား ဗီဇာ ( Non-LA Visa )ကို တစ်ရက်ဦးရေ ၄၀၀ နှုန်း လျှောက်ထားနိုင်ပြီး ပြည်ပကို တရားဝင်လုပ်သားပို့ဆောင်ပေးနေတဲ့ MoU ကုမ္ပဏီတွေအနေနဲ့ဝက်ဘ်ဆိုက်ကတစ်ဆင့် ကြိုတင် ဘွတ်ကင်ယူပြီးလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်တွေအနေနဲ့ အစိုးရ ရုံးဖွင့်ရက် ၃ ရက်နီးပါးကြာမြင့်မှာဖြစ်ပြီး ဗီဇာ လျှောက်ထားမယ့်သူတွေအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်း​ေတွအတိုင်း လိုက်နာလျှောက်ထားစေလိုတယ်လို့ သံရုံးက ဆိုပါတယ်။ ဗီဇာရရှိပြီးပါက မိမိကိုယ်ရေးကိုယ်တာ အချက်အလက်ကို သေချာစစ်ဆေးပြီး မှန်ကန်မှသာ လေကြောင်းလက်မှတ်ဝယ်ယူဖို့လည်း အသိပေးထားပါတယ်။ဗီဇာရရှိပြီးချိန်ကစပြီး ရက်ပေါင်း ၉၀ အတွင်း […]

Read More
Labor

ကုန်စျေးနှုန်းမြင့်တက်မှုကြောင့်ဆိုပြီး ပုဂ္ဂလိကလုပ်ငန်းတချို့ ဝန်ထမ်းတွေကို လစာတိုးပေး

ကုန်စျေးနှုန်းမြင့်တက်မှုကြောင့်ဆိုပြီး ပုဂ္ဂလိကလုပ်ငန်းတချို့ ဝန်ထမ်းတွေကို လစာတိုးပေး ဇွန် ၁ ရက် အရုဏ်ဦး၊ Migrant Times ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းတွေအခက်မတွေ့ရအောင်ဆိုပြီး ပုဂ္ဂလိကလုပ်ငန်းတချို့အနေနဲ့ လုပ်ခတိုးပေးတာ၊ အပိုကြေးအနေနဲ့ထပ်ဆောင်းပေးတာတွေရှိလာနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။ကုမ္ပဏီတချို့၊ အရောင်းဆိုင်တချို့အနေနဲ့ ဝန်ထမ်းတွေရဲ့လုပ်ခကို တိုးမြှင့်ပေးလိုက်တဲ့အကြောင်း အသိပေးကြေညာစာတွေ ထွက်ရှိလာခဲ့ပြီး အဲဒီလုပ်ရပ်အပေါ်ကြိုဆိုလက်ခံတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကဆိုပါတယ်။”ဒီလိုကာလမှာ ဝန်ထမ်းတွေဘက်ကိုကြည့်ပြီး လုပ်ခတိုးပေးလာတဲ့လုပ်ရပ်တွေကိုကြိုဆိုရမှာပါ။ ကျန်လုပ်ငန်းတွေလည်း လိုက်ပါကြမယ်လို့မျှော်လင့်ရတယ်”လို့ သူက ပြောပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတချို့အနေနဲ့ အလုပ်သမားတွေရဲ့လုပ်သက်အပေါ် မူတည်ပြီး လစာကို အခြေခံတဲ့ရာခိုင်နှုန်းအလိုက် အပိုခံစားခွင့်တွေပေးလာတာ ဖြစ်ပါတယ်။” ကိုယ်တွေကုမ္ပဏီလည်း လစာတိုးပေးမယ်ဆိုပြီးသတင်းထွက်နေတယ်။ ဝန်ထမ်းတွေကတော့ မျှော်လင့်နေတာပေါ့။ လက်ရှိလစာနဲ့က မလုံလောက်တော့ဘူး “လို့ အီလက်ထရောနစ်ပစ္စည်း တင်သွင်းတဲ့ကုမ္ပဏီတစ်ခုမှဝန်ထမ်းတစ်ဦးက ပြောပါတယ်။လက်ရှိမှာ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု​နဲ့အတူ အထွေ ထွေကုန်စျေးနှုန်းကြီးမြင့်လာတာကြောင့် ရရှိတဲ့လုပ်အားခနဲ့ မလုံလောက်မှုတွေရှိလာကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်း စက်ရုံတချို့အနေနဲ့ လစာတိုးမြှင့်ပေးပြီး လုပ်သားခေါ်ယူစုဆောင်းမှုတွေလုပ်ခဲ့ကြပါသေးတယ်။

Read More
Labor

ထိုင်းကို အမှိုက်ကားနဲ့ ခိုးဝင်တဲ့ မြန်မာ ၃၀ ဦး အဖမ်းခံရ

ထိုင်းကို အမှိုက်ကားနဲ့ ခိုးဝင်တဲ့ မြန်မာ ၃၀ ဦး အဖမ်းခံရ မေ ၂၈ ရက် Migrant Times စွန့်ပစ်ပစ္စည်းသယ်ဆောင်တဲ့ ကုန်တင်ကားနဲ့ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးကို ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနာဘူရီခရိုင်မှာ ယမန်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ကလေးငယ် ၃ ဦး ဟာ ကားနောက်ပိုင်း အမှိုက်အိတ်​တွေအောက်မှာ ပြုလုပ်ထားတဲ့ အခန်းငယ်မှာလိုက်ပါလာတာဖြစ်ပြီး ဘုရားသုံးဆူနယ်စပ်၊ စံခရဘူရီဒေသ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ဥပဒေအရ အရေးယူဖို့ သူတို့ကို စံခရဘူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ဖမ်းဆီးခံရသူတွေဟာ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီဒေသကနေ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းက ထွက်ကာထိုင်းနိုင်ငံအတွင်း တရားမဝင် […]

Read More
Labor

လုပ်သားလိုအပ်ချက်ကြောင့် အထည်ချုပ်စက်ရုံအသစ်တချို့မလည်ပတ်နိုင်

လုပ်သားလိုအပ်ချက်ကြောင့် အထည်ချုပ်စက်ရုံအသစ်တချို့မလည်ပတ်နိုင် မေ ၂၄ ရက် အရုဏ်ဦး၊ Migrant Times လိုအပ်တဲ့အလုပ်သမားအရေအတွက် မရသေးတာကြောင့် အသစ်ဖွင့်မယ့် အထည်ချုပ်စက်ရုံတချို့ လုပ်ငန်းမလည်ပတ်နိုင်သေးဘူးလို့ သိရပါတယ်။ဒီနှစ်ထဲမှာ အသစ်ဖွင့်မယ့် အထည်ချုပ်စက်ရုံတွေရှိပြီး မြေနဲ့စက်ရုံ ငှားရမ်းထားပေမယ့်အလုပ်သမားအလုံအလောက်မရလို့ အခက်တွေ့နေရတယ်လို့ စက်ရုံမန်နေဂျာတစ်ဦးက ဆိုပါတယ်။” မြေငှားခတွေကို အသားတင်ပေးနေရတဲ့သဘောဖြစ်နေတာ။ အဲဒါကြောင့် အမြန်ဖွင့်နိုင်အောင် လူအသည်းအသန်စုနေရတာ။ ကျွန်တော် သိရသလောက်ဆိုရင် ရွှေပြည်သာထဲမှာတင် သုံး၊ လေးရုံလောက်ရှိမယ်” လို့ သူက ပြောပါတယ်။ လက်ရှိအထည်ချုပ်စက်ရုံတွေအနေနဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကြောင့် အခက်တွေ့နေရပြီး လုပ်ခကို တိုးမြှင့်ပေးကာ အပြိုင်လူခေါ်နေရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။” တော်တော်များများက ပြည်ပထွက်ကုန်ကြတော့လူဟောင်းတွေက သိပ်မကျန်တော့ဘူး။ ဒေးကြေးတွေတော့တိုးပေးနေကြတာပဲ”လို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။ပြည်တွင်းမှာ အထည်ချုပ်စက်ရုံ ၇၀၀ နီးပါးရှိပြီး လုပ်သား ဦးရေ ငါးသိန်းကျော် […]

Read More
Labor

ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်က မြန်မာတွေ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေကို ချင်းမိုင်မှာပဲ ပြုလုပ်ရမယ်

ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်က မြန်မာတွေ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေကို ချင်းမိုင်မှာပဲ ပြုလုပ်ရမယ် မေ ၂၄ ရက် Migrant Times ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်နဲ့ ချင်းရိုင်ခရိုင်က တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ မြန်မာတွေနဲ့ အလုပ်လုပ်နေတဲ့မြန်မာတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေကို ချင်းမိုင်က မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာပဲ ပြုလုပ်ရတော့မယ်လို့ ဗန်ကောက်မြို့ မြန်မာသံရုံးက ကြေညာပါတယ်။အရင်လို ဗန်ကောက်မြို့ မြန်မာသံရုံးမှာ ပြုလုပ်ပေးတော့မှာ မဟုတ်ဘူးလို့လည်း သံရုံးက အသိပေးထားပါတယ်။

Read More
Labor

တရားမဝင်မြန်မာအလုပ်သမားတင်ဆောင်လာတဲ့ကားတွေ ထိုင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ထွက်ပြေး၂ စီးအဖမ်းခံရ

တရားမဝင်မြန်မာအလုပ်သမားတင်ဆောင်လာတဲ့ကားတွေ ထိုင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ထွက်ပြေး၂ စီးအဖမ်းခံရ မေ ၂၃ ရက် Migrant Times မလေးရှားနိုင်ငံကို သွားအလုပ်လုပ်မယ့် မြန်မာအလုပ်သမား​တွေ တင်ဆောင်လာတဲ့ ကား ၂ စီးကို ဒီနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ယလာခရိုင်၊ ရာမန်မြို့နယ်၊ သလို့ဟလောကျေးရွာမှာ ဖမ်းဆီးရမိခဲ့ကြောင်း ခေါင်စွတ်မီဒီယာက ဖော်ပြပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာထိဝါ့ခရိုင် ၊ သာ(က်)ဘိုင်မြို့နယ်ကို တရားမဝင်မြန်မာအလုပ်သမားတွေ ပို့ဆောင်မယ့် ကား ၅ စီးရှိတယ်လို့ သတင်းရတာကြောင့် ပတ်သနီခရိုင်၊ ထုန့်ယန်ဒယ်(င်)မြို့နယ်မှာ အဝေးပြေးယာဉ်ထိန်းရဲအဖွဲ့က စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးနေတုန်း သံသယဖြစ်ဖွယ် ကား ၅ စီးကို တွေ့ရလို့ စစ်ဆေးဖို့ အချက်ပြရာမှာ စစ်ဆေးမခံဘဲ ထွက်ပြေးမောင်းနှင်ခဲ့​ပါတယ်။ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ ယလာခရိုင်၊ ရာမန်မြို့နယ်၊ သလို့ဟလော ကျေးရွာမှာ ကား […]

Read More
X