Labor

စက်ရုံတချို့က တိုးပေးတဲ့လုပ်ခဟာ အလုပ်သမားတွေရသင့်တဲ့နှုန်းထားထက် နည်းနေ

စက်ရုံတချို့က တိုးပေးတဲ့လုပ်ခဟာ အလုပ်သမားတွေရသင့်တဲ့နှုန်းထားထက် နည်းနေ မေ ၂၂ ရက် အရုဏ်ဦး၊ Migrant Times စက်ရုံတချို့က လုပ်ခတိုးမြှင့်ပြီးလုပ်သားခေါ်ယူစုဆောင်းတာတွေရှိနေပေမယ့် အလုပ်သမားတွေတကယ်ရသင့်တဲ့ပမာဏထက်နည်းနေသေးတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။စက်ရုံတချို့ဟာ တစ်ရက်လုပ်ခကို ကျပ် ၆,၀၀၀ ကနေ ၇,၅၀၀ ကျပ်လောက်အထိ ပေးမယ်ဆိုပြီးလုပ်သားခေါ်ယူတာတွေကို ခပ်စိတ်စိတ်တွေ့လာရတာဖြစ်ပါတယ်။ဒါပေမဲ့ တိုးမြင့်လာတဲ့ကုန်စျေးနှုန်းနဲ့အနည်းဆုံးအခကြေးငွေနှုန်းထားပြင်ဆင်သတ်မှတ်ဖို့ပျက်ကွက်ခဲ့တဲ့နှစ်တွေအရ အလုပ်သမားတစ်ဦးဟာ တစ်ရက်ကို အနည်းဆုံးကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀အထိရသင့်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ “၂၀၂၃ က ကျွန်တော်တို့လေ့လာဆန်းစစ်မှုလုပ်ခဲ့တဲ့ရလဒ်အရဆိုရင် အလုပ်သမားတစ်ဦးဟာ တစ်ရက်ကို ၁၂,၀၀၀ လောက်ရမှ ဖူလုံမှုရှိမှာတွေ့ရတယ်။ အခုပေးနေတဲ့နှုန်းကလုံလောက်မှုမရှိနိုင်ပါဘူး”လို့ မြန်မာနို​င်ငံစက်မှု၊လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။အဲဒီလို လုံလောက်တဲ့လုပ်ခမရဘူးဆိုရင် ပြည်တွင်းကအလုပ်သမားတွေအနေနဲ့ပြည်ပကိုထွက်ခွာမှုတွေဆက်ရှိနေမှာဖြစ်သလို စက်ရုံတွေအနေနဲ့လုပ်သားရှားပါးမှုတွေထပ်ပြီးကြုံနေရမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ အခုလို စက်ရုံတချို့က လုပ်ခတိုးပေးလာမှုနဲ့အတူ ကုန်စျေးနှုန်းလည်း တက်လာနေတာကြောင့် သိပ်ပြီးထိရောက်မှုရှိမနေဘူးလို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကလည်းဆိုပါတယ်။ဒါကြောင့် အနည်းဆုံးလုပ်ခကို ကျပ် ၁၀,၀၀၀ နဲ့အထက်ရရှိမှသာ […]

Read More
Labor

ပြည်ပရောက်မြန်မာလုပ်သားတွေ နေရပ်အလည်ပြန်တာနည်းလာ

ပြည်ပရောက်မြန်မာလုပ်သားတွေ နေရပ်အလည်ပြန်တာနည်းလာ မေ ၁၂ ရက် အရုဏ်ဦး၊ Migrant Times ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ ခွင့်ရယူပြီးနေရပ်ပြန်တာတွေ သိသိသာသာနည်းပါးလာတယ်လို့ အလုပ်သမားအသိုင်းအဝိုင်းဆီက သိရပါတယ်။အရင်က ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ ရရှိတဲ့ခွင့်ရက်တွေမှာ နေရပ်ဆီအလည်ပြန်တာတွေရှိပေမယ့် အခုနှစ်ပိုင်းတွေမှာ ပြန်သူနည်းလာတာဖြစ်တယ်လို့ဆိုပါတယ်။” နိုင်ငံရေးအ​ခြေအနေတွေ တခြားစိုးရိမ်စရာအခြေအနေတွေကများတယ်လေ။ ခဏအလည်ပြန်ပြီးမှ ပြန်ထွက်မရတော့မှာမျိုးလည်း စိုးရိမ်ရတော့မပြန်ဖြစ်ဘူး။သုံးလေးနှစ်ရှိပြီ။အိမ်ကလည်းပြန်မလာခိုင်းဘူး”လို့ စင်ကာပူရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကလည်း နေရပ်ပြန်ဖို့အစီအစဥ်မရှိသလို တခြားမြန်မာလုပ်သားတော်တော်များများလည်း မပြန်ဖြစ်ကြဘူးလို့ဆိုပါတယ်။”ဒီမှာ သက်တမ်းဆက်တိုးပြီးနေတဲ့သူတွေအများကြီး။တချို့တွေဆိုပြန်ချင်ရင်တောင် သူ့နေရပ်မှာ မလုံခြုံလို့ ပြန်မရကြဘူး”လို့ပြောပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအများစုအနေနဲ့လည်း ပိတ်ရက်ရှည်တွေမှာနေရပ်ပြန်တာတွေအရင်က ရှိခဲ့ပေမယ့် အခုနှစ်ထဲ ပြန်ဖြစ်သူနည်းသွားတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာတချို့ကဆိုပါတယ်။ “နှစ်တိုင်းတော့ရွာပြန်အလှူလုပ်နေကြပဲ။မပြန်ဖြစ်တာ ၂ နှစ်ရှိပြီ။လမ်းခရီးလုံခြုံရေးအရရော၊ ပြန်လာဖို့ခက်တာရောတွေးပြီးမပြန်ဖြစ်ဘူး”လို့ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ဒေသခံထိုင်းရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။ပြည်ပနိုင်ငံအသီးသီးမှာမြန်မာလုပ်သားသန်းနဲ့ချီရောက်ရှိလုပ်ကိုင်နေကြပြီး လစဥ် ဦးရေ နှစ်သောင်းနီးပါးလည်းဆက်လက်ထွက်ခွာမှုတွေရှိနေတယ်လို့အလုပ်သမားရေးရာစစ်တမ်းတွေအရ သိရပါတယ်။

Read More
Labor

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့ မေ ၈ ရက် ၊ Migrant Times ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၇ ဦးကို ဒီကနေ့ နေလယ်ပိုင်းမှာ ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်တွေမှာ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ရနောင်းမြို့ကတစ်ဆင့် ကော့သောင်းမြို့ကို စက်လှေနဲ့ ပြန်ပို့ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရနောင်းမြို့အာဏာပိုင်တွေနဲ့​အတူ ရွှေပြောင်းအလုပ်သမားသံအရာရှိ (ရနောင်းတာဝန်ခံ) ဦးမိုးဇော်က လိုက်ပါပို့ဆောင်ပြီး ထိုင်းနိုင်ငံအတွင်း ပြန်ဝင်လိုရင် တရားဝင်နည်းလမ်းနဲ့သာ လာရောက်ဖို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ကလေး မ ၃ ဦး၊ ကျား ၁ ဦးနဲ့ အမျိုးသမီး ၂၉ ဦး၊ […]

Read More
Labor

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို စေလွှတ်တဲ့လုပ်သားဦးရေ နှစ်သိန်းနီးပါးရှိ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို စေလွှတ်တဲ့လုပ်သားဦးရေ နှစ်သိန်းနီးပါးရှိ မေ ၉ ရက် အရုဏ်ဦး ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်းပြည်ပကိုစေလွှတ်တဲ့လုပ်သားဦးရေ နှစ်သိန်းနီးပါးရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။၂၀၂၃ ဧပြီလကနေ ၂၀၂၄ မတ်လအထိ ပြည်ပအလုပ်အကိုင်သက်သေခံကတ်(OWIC)ပြုလုပ်ပြီး အေဂျင်စီတွေကစေလွှတ်ခဲ့တဲ့လုပ်သားဦးရေဟာ ၁၈၆,၈၄၃ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။”အများဆုံးကထိုင်းကိုသွားတာ။ စေလွှတ်လုပ်သားဦးရေရဲ့ထက်ဝက်ကျော်လောက်ရှိတယ်”လို့ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြော​ပါတယ်။အဲဒီ ၁၂လတာကာလအတွင်း ပြည်ပကိုသွားရောက်မူအများဆုံးက ဒီနှစ်ဇန်နဝါရီ၊ဖေဖော်ဝါရီနဲ့မတ်လတို့ဖြစ်ပြီး ဦးရေ ၁၉,၀၀၀ နီးပါးစီသွားရောက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအလုပ်သမားတွေကို အေဂျင်စီ ၄၅၆ခုက စေလွှတ်ခဲ့တာဖြစ်ပြီးကျန် အေဂျင်စီ ၁၀၀ လောက်ကစေလွှတ်တဲ့စာရင်းမတွေ့ရပါဘူး။လက်ရှိအချိန်အထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီပေါင်း ၅၅၀ နီးပါးရှိတာဖြစ်ပါတယ်။အခုအလုပ်သမား စေလွှတ်ထားတဲ့ဦးရေအလိုက် အေဂျင်စီတွေအနေနဲ့ အခွန်ပေးသွင်းကြဖို့ကိုလည်း သက်ဆိုင်ရာဌာနကအသိပေးထားပါတယ်။အခွန်လျှော့ပေါ့လိုတဲ့အတွက် စေလွှတ်အလုပ်သမားဦးရေစာရင်း လျှော့တင်ပြတာတွေလုပ်ရင် ထိရောက်စွာအရေးယူမယ်ဆိုပြီးတော့လည်းသတိပေးထားပါတယ်။

Read More
Labor

အမျိုးသားလုပ်သားတွေရဲ့Demand Letterအသစ်တင်ခွင့်ရပ်နားမှုမှာ ကိုရီးယားEPSလုပ်သားတွေမပါ

အမျိုးသားလုပ်သားတွေရဲ့Demand Letterအသစ်တင်ခွင့်ရပ်နားမှုမှာ ကိုရီးယားEPSလုပ်သားတွေမပါ မေ ၇ ရက် အရုဏ်ဦး ပြည်ပကိုသွားရောက်လုပ်ကိုင်မယ့် အမျိုးသားလုပ်သားတွေအတွက်အလုပ်ခေါ်စာ(Demand Letter)အသစ်တင်ခွင့်ရပ်နားထားတဲ့အထဲမှာ တောင်ကိုရီးယားကိုသွားမယ့် EPSလုပ်သားတွေမပါဘူးလို့ အေဂျင်စီအသိုင်းအဝိုင်းထံကသိရပါတယ်။အမျိုးသားလုပ်သားတွေရဲ့ Demand Letterအသစ်တင်တာကို မေလ၁ရက်စပြီးရပ်နားထားခဲ့တာဖြစ်ပြီး EPSလုပ်သားတွေကတော့ ပုံမှန်လုပ်ငန်းစဥ်အတိုင်းဆက်ရှိနေတယ်လို့ဆိုပါတယ်။”EPSလုပ်သားတွေကျတော့ နှစ်နိုင်ငံအစိုးရချင်း G toG လက်မှတ်ထိုးထားတာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ်စေလွှတ်မှုရပ်မရဘူး။အဲဒါကြောင့် ကိုရီးယားလုပ်သားတွေမပါဘူးလို့ပြောနိုင်တာ”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ဒါပေမဲ့ အလုပ်သမားတာဝန်ယူစေလွှတ်နေတဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကတော့ ဒီကိစ္စပတ်သက်လို့ရှင်းလင်းအသိပေးထားတာရှိမနေပါဘူး။အဲဒီလိုရှင်းလင်းအသိပေးတာမရှိလို့ EPSစာမေးပွဲအောင်ပြီး အလုပ်ခေါ်စာစောင့်နေတဲ့အလုပ်သမားတွေကြားစိုးရိမ်မှုတွေရှိနေသလို လက်ရှိစာမေးပွဲဖြေဆိုနေသူကြားမှာလည်းမေးခွန်းထုတ်မှုတွေရှိနေပါတယ်။Demand Letterအသစ်တင်ခွင့်ရပ်ထားတာဟာ အမျိုးသားလုပ်သားတွေအများဆုံးသွားရောက်တဲ့ ထိုင်း၊မလေးရှားနိုင်ငံတွေကိုပစ်မှတ်ထားတဲ့သဘောတွေ့ရတယ်လို့လည်း အေဂျင်စီအသိုင်းဝိုင်းကဆိုပါတယ်။ဒါပေမဲ့ မလေးရှားနိုင်ငံကတော့ ဧပြီလကုန်ကစပြီး မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားခေါ်ယူမှုကို ရပ်နားထားပါတယ်။

Read More
Labor

အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် လပိုင်းသာ ပိတ်မှာလို့ဆို

အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့် လပိုင်းသာ ပိတ်မှာလို့ဆို မေ ၃ ရက် အရုဏ်ဦး၊ Migrant Times ပြည်ပကို အမျိုးသားလုပ်သားတွေ စေလွတ်ဖို့ အလုပ်ခေါ်စာ(Demand Letter)တင်ပြရတဲ့ကိစ္စ ပိတ်လိုက်တာဟာ လပိုင်းလောက်ပဲ ကြာမယ်လို့ အေဂျင်စီတွေဆီက သိရပါတယ်။အမျိုးသားအလုပ်သမားတွေအတွက် Demand Letter တင်တာတွေ ယာယီရပ်ထားဖို့ အလုပ်သမားဝန်ကြီးဦးမြင့်နောင်က အေဂျင်စီတွေကို နှုတ်နဲ့အသိပေးထားတာဖြစ်တယ်လို့ဆိုပါတယ်။” အပြီးပိတ်တာမဟုတ်သလို ကြာမယ်လို့မထင်ဘူး။ ဖြစ်နိုင်တာကတော့ တစ်လ၊ နှစ်လလောက်ပါပဲ။ ဝန်ကြီးကလည်း အဲဒီလိုခန့်မှန်းပြောတယ် “လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။အဲဒီလို အမျိုးသားအလုပ်သမားတွေရဲ့ Demand Letterကိုဘာကြောင့်ပိတ်တယ်ဆိုတာရှင်းရှင်းလင်းလင်းထုတ်ပြန်တာမရှိပေမယ့် စစ်မှုမထမ်းလိုသူတွေပြည်ပကိုတိမ်းရှောင်ဖို့ကြိုးစားလာတာတွေကိုထိန်းချုပ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။အခုလို ပိတ်လိုက်တဲ့အတွက် အေဂျင်စီတွေအနေနဲ့လည်းထိခိုက်မှုတွေရှိပြီး ပြန်ခွင့်ပြုမယ့်အချိန်သာစောင့်ရဖို့ရှိတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းကဆိုပါတယ်။လက်ရှိမှာ အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၅၀၀ ကျော်ကပြည်ပကိုအလုပ်သမားစေလွှတ်ပေးနေတာဖြစ်ပါတယ်။

Read More
Labor

ဘန်ကောက်မြို့က မေဒေးချီတက်ပွဲ မြန်မာလုပ်သားတွေပါဝင်

ဘန်ကောက်မြို့က မေဒေးချီတက်ပွဲ မြန်မာလုပ်သားတွေပါဝင် မေလ ၁ရက်၊ Migrant Times ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ ကျရောက်တဲ့ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) ချီတက်ပွဲမှာ မြန်မာ‌ရွှေ့ပြောင်းလုပ်သားတွေလည်း ပါဝင်ချီတက်ခဲ့ပါတယ်။ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သမဂ္ဂအဖွဲ့တွေက ဦးဆောင်ပြုလုပ်တဲ့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ကျော်ပါဝင်ခဲ့ပါတယ်။အဲဒီချီတက်ပွဲမှာ ထိုင်း၊မြန်မာ၊လာအို၊ ကမ္ဘောဒီးယားစတဲ့ လုပ်သားတွေပါဝင်ချီတက်ခဲ့ပြီး အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း(ILO)သဘောတူညီချက် ပုဒ်မ ၈၇ နဲ့ ၉၈ အရ လွတ်လပ်စွာ ပေါင်းသင်းခွင့်နဲ့ အလုပ်သမားတွေရဲ့ စေ့စပ်ညှိနှိုင်းခွင့်ကို အကာအကွယ်ပေးရေးနဲ့ နေထိုင်ခွင့် အာမခံချက်ပေးရေး၊ အလုပ်သမားတွေအားလုံး တန်းတူအကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို ဘန်ကောက်မြို့က လွတ်လပ်ရေးကျောက်တိုင်ကနေ အစိုးရရုံးအထိ ချီတက်ခဲ့ကြပါတယ်။ (ဘန်ကောက်မြို့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲမြင်ကွင်းများ။ ဓာတ်ပုံ -PBS)

Read More
Labor

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ မြန်မာလုပ်သားတွေကို လေကြောင်းနဲ့ စေလွှတ်

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ မြန်မာလုပ်သားတွေကို လေကြောင်းနဲ့ စေလွှတ် ဧပြီ ၂၉ ရက် အရုဏ်ဦး၊ Migrant Times ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့် မြန်မာနိုင်ငံက MoU လုပ်သားတွေကို လေကြောင်းလိုင်းကနေ ဒီနေ့ စတင်စေလွှတ်ခဲ့တယ်လို့ အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။မြန်မာအလုပ်သမားတွေကို လေကြောင်းလိုင်းကနေပထမဆုံးအသုတ်အနေနဲ့ ဒီနေ့မှာ Hein Myint Myatကုမ္ပဏီ၊ Human Waveကုမ္ပဏီ၊ Moon Bean Services ကုမ္ပဏီ၊ Yu Nadi ကုမ္ပဏီ၊Htoo Thit Zaeကုမ္ပဏီ၊ En Emissary for Myanmar Employer Agency ကုမ္ပဏီကနေ စေလွှတ်ခဲ့တာလို့ဆိုပါတယ်။စေလွှတ်ခဲ့တဲ့အလုပ်သမားတွေက အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၁၃၀ ဦး စုစုပေါင်း ၂၄၆ ဦးဖြစ်ပြီး […]

Read More
Labor

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၆၀ အထိရှိလာ

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၆၀ အထိရှိလာ ဧပြီ ၂၅ ရက် အရုဏ်ဦး၊ Migrant Times အကျိုးဆောင်လိုင်စင်ရယူထားတဲ့ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအရေအတွက်ဟာ ၅၆၀ အထိရှိပြီလို့အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု ဧပြီလထဲထပ်တိုးလာတာကြောင့် စုစုပေါင်းအေဂျင်စီ ၅၆၀ ပြည့်သွားတာဖြစ်ပေမယ့် အဲဒီထဲကမှ အေဂျင်စီ ၇ ခုက လိုင်စင်ယာယီရုပ်သိမ်းခံထားရတယ်လို့ ဆိုပါတယ်။” ပြည်ပအလုပ်အကိုင်စျေးကွက်ကို ကြည့်ပြီး အေဂျင်စီအသစ်တင်တာတွေတော့ရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေလောက်တော့ လျှောက်ထားမှု မများတော့ဘူး ” လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသစ် လျှောက်ထားဖွင့်လှစ်တာဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ တရှိန်ထိုးများပြားခဲ့တာဖြစ်ပါတယ်။၂၀၂၁ ခုနှစ်ဆန်းပိုင်းက အေဂျင်စီ ၃၀၀ လောက်ပဲရှိရာကနေ နှစ်နှစ်ကျော်ကာလအတွင်း နှစ်ဆကျော်တိုးမြင့်လာတာလည်းဖြစ်ပါတယ်။အဲဒီလို အေဂျင်စီအသစ်တွေတိုးလာပေမယ့် အလုပ်သမားစေလွှတ်ပေးနို​​င်မှုက သိသာအောင်တက်မလာဘဲ အေဂျင်စီတစ်ဝက်လောက်ကပဲ ပြည်ပကိုအလုပ်သမား ပုံမှန်လွှတ်ပေးနိုင်နေသေးတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းဆီက […]

Read More
Labor Sports

မဲဆောက်ရွှေ့ပြောင်းဒေသမှ ဝါသနာရှင် လူငယ်တွေပါဝင်တဲ့ မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲကျင်းပမည်။

မဲဆောက်ရွှေ့ပြောင်းဒေသမှ ဝါသနာရှင် လူငယ်တွေပါဝင်တဲ့ မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲကျင်းပမည်။ ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့က ဝါသနာရှင်လူငယ်တွေအတွက် မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲတစ်ရပ်ကို ကျင်းပပေးသွားမည်ဖြစ်ပါသည်။ယခုပြိုင်ပွဲကို မဲဆောက်မြို့သို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလူငယ်တိုင်း ပါဝင်နိုင်ပြီး ထိုင်းရိုးရာ မွေထိုင်းအားကစားကို ဝါသနာပါတဲ့ မြန်မာရွှေ့ပြောင်းလူငယ်တွေကို မြေတောင်မြှောက် ပေးလိုသည်ဆန္ဒကြောင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝိတ်တန်းအလိုက်နိုင်ကြေးဆုငွေနဲ့ နှစ်သိမ့်ငွေများ ချီးမြှင့်မှာဖြစ်​ပါသည်။ထိုအပြင် ထိုင်းတောင်ပိုင်းရှိ လက်ဝှေ့ကလပ်တွေမှာလည်းဝင်ရောက်နိုင်ရေးအတွက် ဒီဖိတ်ခေါ် ပြိုင်ပွဲမှတဆင့်အလားအလာရှိတဲ့ ရွှေ့ပြောင်းလူငယ်တွေကို ရွေးချယ်ကာစခန်းသွင်းလေ့ကျင့်ပေး မှာဘဲ ဖြစ်ပါသည်။ ပြိုင်ပွဲကိုတော့ ၂၀၂၄ ခုနှစ် မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မဲဆောက်မြို့ ထေ့စပန်းကွင်းမှာ ကျင်းပမှာဖြစ်လို့ Muay Thai for Migrant’s Youth လက်ဝှေ့ပွဲကို ယှဉ်ပြိုင်လိုသည့် လူငယ်တွေအနေနဲ့ FED – […]

Read More
X