International Travel

ထိုင်းနဲ့တရုတ် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြု

ထိုင်းနဲ့တရုတ် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြု ဇန်နဝါရီ ၃၀ ရက် Migrant Times ထိုင်းနဲ့တရုတ် နှစ်နိုင်ငံ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း ဇန်နဝါရီလ ၂၈ ရက်မှာ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဗဟိဒ္ဓ နုကာရာတို့ဟာ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရေးထိုးခဲ့တာပါ။ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတွေဟာ ရက်ပေါင်း၃ဝအထိ ဗီဇာ မလိုအပ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေမှာ လည်ပတ်နေထိုင်ခွင့်ရမှာဖြစ်ပြီး ဒီသဘောတူညီချက်ဟာ လာမယ့် မတ်လ ၁ ရက်ကနေ စတင်မှာဖြစ်ပါတယ်။

Read More
International Labor

လာမယ့်​နှစ်မှာ ပြည်ပကို ထိုင်းအလုပ်သမား တစ်သိန်းကျော် စေလွှတ်မယ်

လာမယ့်​နှစ်မှာ ပြည်ပကို ထိုင်းအလုပ်သမား တစ်သိန်းကျော် စေလွှတ်မယ် နို၀င်ဘာ ၂၁ ရက် ခွန်သောမတ်၊ Migrant Times လာမယ့် ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံကနေ အလုပ်သမား တစ်သိန်းကျော်ကို ပြည်ပနိုင်ငံသို့ စေလွှတ်ဖို့ ရည်မှန်းထားကြောင်းသိရပါတယ်။ထိုင်ဝမ်ကို အများဆုံးစေလွှတ်မှာဖြစ်ပြီးအစ္စရေးနဲ့ ကိုရီးယားကိုလည်း စေလွှတ်မယ်လို့ သိရပါတယ်။ထိုင်ဝမ်ကို အလုပ်သမား ၇၂,၀၀၀ ဦးခန့်၊ အစ္စရေးကို ၂၀,၃၀၀ ဦးခန့်၊ ကိုရီးယားနိုင်ငံကို ၇,၅၀၀ ဦးခန့် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Pairoj Chotikasathien က ပြောပါတယ်။ထိုင်းနိုင်ငံရှိ လုပ်သားဈေးကွက်မှာ အလုပ်အကိုင် မြှင့်တင်ရေးနဲ့ ထိန်းသိမ်းခြင်း အပေါ် အလေးပေးဆောင်ရွက်နေပြီး ပြည်ပလုပ်သား ဈေးကွက်ချဲ့ထွင်မှုနဲ့အတူ အလုပ်သမား လိုအပ်မှုများတဲ့နိုင်ငံတွေကို အလုပ်သမားတွေ ပို့ဆောင် ခန့်အပ်ဖို့ ပြင်ဆင်ထားပြီး […]

Read More
International Labor

ကမ္ဘောဒီးယားအလုပ်သမား ၃၃ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ကမ္ဘောဒီးယားအလုပ်သမား ၃၃ ဦး ထိုင်းမှာ ဖမ်းဆီးခံရ အောက်တိုဘာ ၂၂ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ Sa Kaeo မြို့နယ်၊ Ban Pan Suek ဧရိယာမှာ တရားမ၀င် ကမ္ဘောဒီးယားရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၃၃ ဦးကို နယ်ခြားစောင့်တပ်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ကမ္ဘောဒီးယား အေးဂျင့်တစ်ဦးနဲ့ အလုပ်လုပ်ဖို့ ဆက်သွယ်ကာ သဘာဝလမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်လာတုန်းမှာ ထိုင်းနယ်ခြားစောင့်တပ်က တွေ့ရှိ စစ်ဆေးခဲ့တာပါ။သူတို​ အားလုံးမှာ ခရီးသွားစာရွက်စာတမ်း မရှိတာကြောင့် အလုပ်သမားအားလုံးကို ဖမ်းဆီးပြီး ခွန်နမ့်ဆိုင်း ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။ ကိုးကား-news.ch7.com

Read More
International Labor

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ သေဆုံးသွားတဲ့ ထိုင်းအလုပ်သမား ၈ ဦး ရုပ်အလောင်းကို ထိုင်းပြန်ပို့

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ သေဆုံးသွားတဲ့ ထိုင်းအလုပ်သမား ၈ ဦး ရုပ်အလောင်းကို ထိုင်းပြန်ပို့ အောက်တိုဘာ ၂၂ ရက် ခွန်သောမတ်၊ Migrant Times ဟာမတ်စ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ ထိုင်းရွှေ့ပြောင်း အလုပ်သမား ၃၀ ဦး သေဆုံးသွားပြီး သေဆုံးသွားတဲ့ ထိုင်းအလုပ်သမား ၈ ဦးရဲ့ ရုပ်အလောင်းကို ပထမအသုတ်အနေနဲ့ သူတို့ရဲ့ မွေးရပ်မြေအသီးသီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။အောက်တိုဘာလ ၁၉ ရက်က အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ ထိုင်းသံအမတ်ကြီး မစ္စ Phannapa Chandrarom နဲ့အတူ အစ္စရေး အဆင့်မြင့်ကိုယ်စားလှယ်တွေက ဝမ်းနည်းခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး ထိုင်းအလုပ်သမား ၈ ဦးရဲ့ ရုပ်အလောင်းကို Ben-Gurion လေဆိပ်ကို ပို့ဆောင်ခဲ့ပါတယ်။El […]

Read More
International Labor

တောင်ကိုရီးယားမှာ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းမယ်

တောင်ကိုရီးယားမှာ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းမယ် အောက်တိုဘာ ၂၀ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာမဲ့နဲ့ ဗီဇာသက်တမ်းကျော်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းဆီးဖို့ရှိနေတာကြောင့် သတိထားနေထိုင်သွားလာဖို့ မြန်မာလူမှုအဖွဲ့တွေက သတိပေးထားပါတယ်။တောင်ကိုရီးယားအစိုးရအနေနဲ့ ဒီဇင်ဘာလကုန်အထိ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ရှာဖွေဖမ်းဆီးတာတွေလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။”နှစ်တိုင်းလုပ်နေကျ စီမံချက်မျိုးပါ။ တရားမဝင်နိုင်ငံခြားသားတွေရှိနေနိုင်တဲ့နေရာတွေ၊ တိုင်ကြားချက်ရှိတဲ့နေရာတွေကို ဝင်ဖမ်းလေ့ရှိတာ ” လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။အထူးသဖြင့် စားသောက်ဆိုင်၊ ကေတီဗီလိုနေရာတွေကိုရှောင်ရှားကြဖို့နဲ့ ပတ်ဝန်းကျင်စိတ်အနှောင့်အယှက်မဖြစ်အောင်နေထိုင်ကြဖို့ မြန်မာလူမှုကူညီရေးအဖွဲ့ကဆိုပါတယ်။ ဗီဇာမဲ့နဲ့ဗီဇာရက်ကျော်နိုင်ငံခြားသားတွေအနေနဲ့ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံအတွင်းက ထွက်ခွာဖို့ကို ကိုရီးယားအစိုးရက အသိပေးထားပြီး အဲဒီလိုထွက်သွားမယ်ဆိုရင်ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ နောက်တစ်ကြိမ်ပြည်ဝင်ခွင့်အတွက် စဥ်းစားလက်ခံပေးသွားမယ်ဆိုပြီးလည်း ကြေညာထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ ကျော်ရှိပြီး တချို့က ဗီဇာရက်ကျော်နေထိုင်နေကြတာလို့ မြန်မာလူမှုအဖွဲ့တွေထံက သိရပါတယ်။

Read More
International Labor

အစ္စရေးက ပြန်လာတဲ့ ထိုင်းအလုပ်သမားတွေကို ပံ့ပိုးကူညီဖို့ အလုပ်အကိုင် ၆၀,၀၀၀ ကျော်ကို ပြင်ဆင်

အစ္စရေးက ပြန်လာတဲ့ ထိုင်းအလုပ်သမားတွေကို ပံ့ပိုးကူညီဖို့ အလုပ်အကိုင် ၆၀,၀၀၀ ကျော်ကို ပြင်ဆင် အောက်တိုဘာ ၁၇ ရက် ခွန်သောမတ်၊ Migrant Times စစ်ပွဲခြိမ်းခြောက်မှုတွေကြောင့် အစ္စရေးနိုင်ငံက ပြန်ရောက်လာတဲ့ ထိုင်းရွှေ့ပြောင်းအလုပ်သမား​ေတွအတွက် အလုပ်အကိုင် ၆၀,၀၀၀ ကျော်ကို အဆင့်သင့် ပြင်ဆင်ထားကြောင်း အလုပ်အကိုင် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် မစ္စတာ Pipat Ratchakitprakarn က ပြောပါတယ်။အစ္စရေးနိုင်ငံမှာ အခြေအနေ​တွေ   ပြန်ကောင်းမွန်လာရင် ထိုင်းအလုပ်သမားတွေကို အစ္စရေးနိုင်ငံက ပြန်လက်ခံဖို့အတွက် ထည့်သွင်းစဉ်းစားဖို့ အစ္စရေးလူဦးရေနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို (PIBA)ကိုလည်း စာရေးသား တောင်းဆိုထားကြောင်း သိရပါတယ်။အစ္စရေးပြန် အလုပ်သမားတွေနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်တွေကို ​ေတွ့ဆုံမေးမြန်းပြီး လုပ်သား လစ်လပ်နေရာတွေမှာ အလုပ်သမားတွေအတွက် ဖိတ်ခေါ် မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Read More
International Labor

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို မြန်မာလူငယ်တစ်ဦး သတ်ဖြတ်ထွက်ပြေး

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို မြန်မာလူငယ်တစ်ဦး သတ်ဖြတ်ထွက်ပြေး အောက်တိုဘာ ၉ ရက် Migrant Times ဒိန်းမတ်နိုင်ငံ၊ ကိုပင်‌ဟေဂင်မြို့တော်ဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးက သတ်ဖြတ်၍ သေဆုံးသူရဲ့ ATM နဲ့ငွေကြေးများစွာထုတ်ယူပြီး မိခင်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။အောက်တိုဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ဝိဖာဝတီလမ်း၊ အမှတ် ၂၀ ဝိဖာဝတီလမ်းသွယ် အိမ်အမှတ် ၁၅၉/၁၄ တိုက်ခန်းထဲမှာ ရက်ရှည်ကြာသေဆုံးထားတဲ့ ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းအလောင်းကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးတေအဖွဲ့တွေဟာ တရားခံကိုသိရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မောင်စိုင်းမြတ်မိုးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်ရဲ့ ဖော်ပြချက်အရ အဆိုပါတရားခံဟာ ထိုင်းသံအမတ်ဟောင်းနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး သူဟာ သေဆုံးသူဆီကနေ အေတီအမ်ငွေထုတ်ကဒ် လျှို့ဝှက်နံပတ် အတင်းအကြပ်တောင်းခဲ့ပြီး ဓားနဲ့ […]

Read More
International Labor

အစ္စရေးမှာ ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး ဖမ်းဆီးခံရ

အစ္စရေးမှာ ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး ဖမ်းဆီးခံရ အောက်တိုဘာ ၉ ရက် ခွန်သောမတ်၊ Migrant Times အစ္စရေးနိုင်ငံကို ပါလက်စတိုလ်း ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံက ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၁၁ ဦး ဓားစာခံ အဖြစ် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။အစ္စရေးနိုင်ငံကို ဟားမတ်စ်တိုက်ခိုက်မှုမှာ ထိုင်းလူမျိုးတွေ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ Tel Aviv မြို့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စ Phanpha Chandrarom က အတည်ပြု​သတင်းထုတ်​ပြန်ထားတာဖြစ်ပါတယ်။လက်ရှိမှာ တိုက်ပွဲ​ေတွ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာမို့ ထိုင်းနိုင်ငံသား အလုပ်သမားတွေကို နေအိမ်တွင်သာ နေထိုင်ဖို့ အသိပေး […]

Read More
International Labor

လုပ်သား ရှားပါးမှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ နိုင်ငံများ

လုပ်သား ရှားပါးမှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ နိုင်ငံများ (သတင်းဆောင်းပါး) အောက်တိုဘာ ၄ ရက်၊ Migrant Times လုပ်သားရှားပါးတဲ့ နိုင်ငံတွေဟာ အရည်အချင်းနဲ့ ကျွမ်းကျင်မှုရှိတဲ့ အလုပ်သမားရှာဖွေရာမှာ စိန်ခေါ်မှု​ေတွနဲ့ရင်ဆိုင်နေရပြီး လက်ရှိအခြေအနေနဲ့ လုပ်ငန်းခွင်အသီးသီးရှိ ရာထူးများကို လူတွေ့ ဖြည့်ဆည်းရန် လုံလောက်သော အရေအတွက် နှင့် အရည်အချင်းများတွင် အကြောင်းရင်းအမျိုးမျိုးကြောင့် ရင်ဆိုင်နေရပါတယ်။လူဦးရေ အချိုးအစား ပြောင်းလဲခြင်း နှင့် အချို့သော လုပ်ငန်းများတွင် ကျွမ်းကျင်မှု ကွာဟချက်ရှိပြီး ဒီပြဿနာကိုဖြေရှင်းဖို့ အချို့နိုင်ငံများသည် နိုင်ငံခြားသား အလုပ်သမား များကို ဆွဲဆောင်ရန် သို့မဟုတ် လေ့ကျင့်ရေး အစီအစဉ်များတွင် ကျွမ်းကျင်လုပ်သား များ တိုးမြှင့်ရန် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို အသုံးပြုကြပါတယ်။အမေရိကန်ပြည်ထောင်စုCOVID-19 မဖြစ်ပွားမီက အမေရိကန် ကဏ္ဍအသီးသီးတွင် လုပ်သားရှားပါးမှုပြဿနာများ ရင်ဆိုင်နေရပြီး […]

Read More
International Labor

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ အောက်တိုဘာ ၂ ရက် ခွန်သောမတ်၊ Migrant Times ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံရပ်ခြားကနေ အလုပ်သမားတွေပြန်လာတာကြောင့် စင်ကာပူနိုင်ငံ လူဦးရေဟာ တစ်နှစ်အတွင်း ၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ သိရပါတယ်။အခုနှစ် ဇွန်လမှာ စင်္ကာပူနိုင်ငံမှာ လူဦးရေ ၅ ဒသမ ၉ သန်းရှိပြီး ယမန်နှစ် ဇွန်လက ၅ ဒသမ ၆ သန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။စင်ကာပူနိုင်ငံ လူဦး‌ရေရဲ့ ၆၁ ရာခိုင်နှုန်းဟာ စင်ကာပူနိုင်ငံသား​ေတွဖြစ်ပြီး ၉ ရာခိုင်နှုန်းက အမြဲတမ်းနေထိုင်သူ​ေတွဖြစ်ကာ ၃၀ ရာခိုင်နှုန်းကတော့ နိုင်ငံခြားသားတွေဖြစ်ပြီး အလုပ်လာလုပ်သူ ဒါမှမဟုတ် ပညာသင်ကြားနေကြသူတွေဖြစ်ပါတယ်။အခု တိုးလာတဲ့လူဦးရေ အများစုဟာ နိုင်ငံခြားသား […]

Read More
X