International Labor

ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူ အလုပ်လက်မဲ့နှုန်း များလာ

ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူ အလုပ်လက်မဲ့နှုန်း များလာ ဩဂုတ် ၂၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူတွေဟာ အလုပ်သမား ဈေးကွက်မှာ အလုပ်ရှင် လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် အလုပ်လက်မဲ့နှုန်း များလာတယ်လို့ သိရပါတယ်။ထိုင်းအလုပ်သမားဈေးကွက်မှာ အလုပ်လက်မဲ့နှုန်း တိုးလာနေပြီး COVID-19 ကပ်ရောဂါအခြေအနေ သက်သာသွားပြီးနောက် အလုပ်သမားတွေရဲ့ အရည်အသွေးနဲ့ စွမ်းရည်ဖြည့် ပြဿနာတွေ ရှိနေဆဲဖြစ်ကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက် ရေး ကောင်စီရုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဘွဲ့လွန် လုပ်သား အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၂ ခုနှစ်မှာပျမ်းမျှအားဖြင့် ၄၅ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး ​စျေးကွက်လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် အလုပ်လက်မဲ့နှုန်းနေ နေတယ်လို့ ဆိုပါတယ်။ ကိုးကား-news.ch7.com

Read More
International

ထိုင်းမှာ အုန်းသီးခူး မျောက်လုပ်သား အသုံးပြုမှုကို တားဆီးဖို့ အစိုးရ စီမံ

ထိုင်းမှာ အုန်းသီးခူး မျောက်လုပ်သား အသုံးပြုမှုကို တားဆီးဖို့ အစိုးရ စီမံ ဩဂုတ် ၂၇ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ အစိုးရဟာ အုန်းသီးခူးတဲ့ မျောက်လုပ်သားအသုံးပြုမှုကို တားဆီးဖို့ အစီအမံတွေ လုပ်ဆောင်​နေပြီးထုတ်လုပ်မှု စံချိန်စံညွှန်းမြှင့်တင်ဖို့ GAP (Good Agricultural Practice) Monkey Free Plus (MFP) အမှတ်အသားကို တွန်းအားပေးတယ်လို့ ဝန်ကြီးချုပ်ရုံး ဒုတိယပြောရေး ဆိုခွင့်ရှိသူ မစ္စရတ်ဒါသနဒီရစ်က ပြောပါတယ်။ထိုင်းနိုင်ငံဟာ အုန်းသီးတင်ပို့တဲ့ လုပ်ငန်းအပေါ် ယုံကြည်မှု နိုးထလာကာ ကမ္ဘာ့စျေးကွက်သို့ ပိုမို ထိုးဖောက် နိုင်ဖို့ ဆောင်ရွက်နေကြောင်း၊ ထိုင်းအစိုးရအ​နေနဲ့ အစားအစာ ထုတ်လုပ်မှုစနစ် ဘေးကင်းရေး GAP (Good Agricultural Practice) MFP (GAP […]

Read More
International

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ ဩဂုတ် ၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ၎င်း၏ညီမဖြစ်သူ ယင်လပ်တို့ ဩဂုတ် ၅ ရက်က ကမ္ဘောဒီးယားတွင် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခြင်းမှာ ငြင်းခုန်မှုများစွာ ဖြစ်ပွားခဲ့သည်။၎င်းတို့နှစ်ဦးသည် ရာထူးမှ နှုတ်ထွက်သည့် ဝန်ကြီးချုပ် ဟွန်ဆန်၏ (၇၂) နှစ်မြောက် မွေးနေ့ပွဲကို ဖနွမ်းပင်တွင် တက်​ရောက်ရန် ရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားကာ ၎င်းသည် နိုင်ငံရေးနှင့် မသက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။အခမ်းအနားဓာတ်ပုံများကို ပြည်တွင်းမီဒီယာ Fresh News နှင့် ဟွန်ဆန်ကိုယ်တိုင် ၎င်း၏ Telegram ချန်နယ်မှ မျှဝေခဲ့သည်။မြို့တော်အပြင်ဘက်ရှိ Kandal ပြည်နယ်၊ Takhmao မြို့ရှိ […]

Read More
International Labor

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ ဩဂုတ် ၇ ရက် ခွန်သောမတ်၊ Migrant Times အမေရိကန်နိုင်ငံ၏ အလုပ်သမားစျေးကွက် နှင့် အလုပ်အကိုင်၏ ဝင်ငွေတိုးလာမှု နှစ်မျိုးလုံး အားကောင်းလာပြီး အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကြားတွင် ခံနိုင်ရည်ရှိ နေသည့် စီးပွားရေးကို ထောက်ပြကာ စားသုံးသူများ အပေါ် ယုံကြည်မှုကို ဖန်တီးပေး ကြောင်း Bloomberg ၏ အလုပ်သမား စာရင်းအင်းဗျူရိုက ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာန၏ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အလုပ်အကိုင် ရာထူးပေါင်း ၁၈၇,၀၀၀ ကျော် အလုပ်သမားစျေးကွက်သို့ ပို့ဆောင်နိုင်ပြီး ခန့်မှန်းထား သည်ထက် နည်းပါးနေသော်လည်း အမေရိကန် အလုပ်သမားဈေးကွက်က စဉ်းစားစရာ၊ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းလာကြောင်း ဖော်ပြထားပါတယ်။ တစ်နာရီလုပ်အားခသည် ပျမ်းမျှ ယခင်လမှ ၀ […]

Read More
International Labor

ဂျပန်လူဦးရေ တစ်နှစ် ၈ သိန်းခန့် ကျဆင်းပြီးနိုင်ငံခြားသားလိုအပ်မှု ကြီးနေ

ဂျပန်လူဦးရေ တစ်နှစ် ၈ သိန်းခန့် ကျဆင်းပြီးနိုင်ငံခြားသားလိုအပ်မှု ကြီးနေ ဇူလိုင်၂၇ ရက် ခွန်သောမတ်၊ Migrant Times ဂျပန်နိုင်ငံလူဦးရေဟာ ၁၄ နှစ်အတွင်း နေထိုင်သူ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှာ ၈ သိန်းခန့်အထိ ကျဆင်းနေကြောင်း သိရပါတယ်။ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသား ဦးရေဟာ ၂ ဒသမ ၉၉ သန်းရှိပြီး ယခင်နှစ်ကထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ တိုကျိုမြို့တော်မှာ စုစုပေါင်းလူဦးရေ၏ ၅ သိန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားသား နေထိုင်သူဦးရေ အများဆုံးရှိတဲ့ မြို့တော်ဖြစ်ကြောင်း ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက တရား၀င် ထုတ်ပြန်ထားပါတယ်။ COVID-19 မဖြစ်ပွားမီ […]

Read More
International Labor

အာရှပစိဖိတ်ဒေသရှိ အမျိုးသမီးများသည် လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှု ရှိနေဆဲဖြစ်

အာရှပစိဖိတ်ဒေသရှိ အမျိုးသမီးများသည် လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှု ရှိနေဆဲဖြစ် ဇူလိုင် ၂၁ ရက် ခွန်သောမတ်၊ Migrant Times အာရှ ပစိဖိတ်ဒေသရှိ အမျိုးသမီးများသည် အလုပ်အကိုင်၏ လုပ်ငန်းခွင်နှင့် လုပ်အားခရရှိမှုတွင် Gender Equality and Development ကျားမတန်းတူရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။အသက် 25 နှစ် အထက်ရှိ လုပ်ငန်းခွင်မှာ လုပ်သားပါဝင်မှုနှုန်းကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး Labor force participation rate အရှေ့တောင်အာရှတွင် အမျိုးသမီးများ၏ လုပ်သားပါဝင်မှုနှုန်းသည် 59.4% ရှိပြီး အမျိုးသား၏ လုပ်သားပါ၀င်မှုနှုန်ူးမှာ 85.1% ကွာခြားမှုများ တွေ့ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရှေ့အာရှတွင် […]

Read More
International Labor

တောင်ကိုရီးယားမှာ မြန်မာအပါအဝင် လုပ်သားတွေရဲ့အနည်းဆုံးလုပ်ခတိုး

တောင်ကိုရီးယားမှာ မြန်မာအပါအဝင် လုပ်သားတွေရဲ့အနည်းဆုံးလုပ်ခတိုး ဇူလိုင် ၁၉ ရက် အရုဏ်ဦး၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၄ ခုနှစ်မှာ ပေးရမယ့်အနည်းဆုံးလုပ်ခနှုန်းထားအသစ်ကို သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။လက်ရှိ တစ်နာရီ လုပ်အားခ (အနိမ့်ဆုံး လုပ်အားခ) ၉၆၂၀ ဝမ်ကနေ ၂၀၂၄ ခုနှစ်မှာ တစ်နာရီ လုပ်အားခ ၉၈၆၀ ဝမ်အထိ ၂၄၀ ဝမ် တိုးမြှင့် သတ်မှတ်ပေးလိုက်တာ​ဖြစ်ပါတယ်။အဲဒီလုပ်အားခနှုန်းထားအသစ်ကို တောင်ကိုရီးယားရောက်မြန်မာလုပ်သားတွေလည်း ခံစားခွင့်ရှိမှာဖြစ်တဲ့အတွက် လုပ်ခငွေ ပိုတိုးခံစားခွင့်ရစေမှာလို့ မြန်မာလုပ်သားအရေးကူညီနေသူတွေက ဆိုပါတယ်။” အလုပ်သမားတွေကတော့ လုပ်ခ တိုးလိုချင်ကြတာပဲလေ။ မျှော်လင့်သလိုဖြစ်လာတာပေါ့” လို့ မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုအောင်လင်းက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့လက်ရှိလုပ်အားခဟာ မြန်မာငွေနဲ့တွက်ရင် တစ်နာရီကို ၁၆၀၀၀ ကျပ်ကျော်ရှိပြီး ၂၀၂၄ ခုနှစ်မှာ ဝမ် ၂၄၀ တိုးလိုက်တဲ့အတွက် […]

Read More
International Labor

ထိုင်းနိုင်ငံမှာ ဘွဲ့ရလူငယ်နဲ့ အလုပ်သမားတွေအတွက် လစ်လပ်ရာထူး ၆ သိန်းကျော် ရှိနေ

ထိုင်းနိုင်ငံမှာ ဘွဲ့ရလူငယ်နဲ့ အလုပ်သမားတွေအတွက် လစ်လပ်ရာထူး ၆ သိန်းကျော် ရှိနေ ဇူလိုင် ၁၉ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံမှာ ဘွဲ့ရလူငယ်တွေနဲ့ အလုပ်သမားတွေ အတွက် လစ်လပ်ရာထူး ၆ သိန်းကျော် ရှိနေကြောင်း ထိုင်း အလုပ်အကိုင် ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံဟာ ကိုဗစ်အလွန်ကာလမှာ စီးပွားရေးဘက်စုံ ပြန်လည်ကောင်းမွန်လာပြီး ဘွဲ့ရလူငယ်တွေအတွက် လစ်လပ်ရာထူး ၆၈၄,၂၇၇ ကျော်က အသင့်စောင့် ကြိုနေတယ်လို့ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူး မစ်စတာဖုဲငျရိုဈက ပြောပါတယ်။ ထိုင်းနိုင်ငံတွင်း အလုပ်သမားစျေးကွက်အနေနဲ့ပြည်တွင်းစားသုံးမှု ထုတ်ကုန်နဲ့ ပို့ကုန်အတွက် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းစတာတွေမှာ အလုပ်သမားလိုအပ်နေပြီး ပြည်ပအလုပ်သမားစျေးကွက်အနေနဲ့ ဆော်ဒီအာရေဗျ၊ ဩစတြေးလျ၊ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတွေကလည်း ထိုင်းအလုပ်သမားတွေကို လိုအပ်နေပါတယ်။ထိုင်းနိုင်ငံတွင်းမှာ ထိုင်းလူမျိုးများ မလုပ်ဆောင်နိုင်တဲ့လစ်လပ်အလုပ်နေရာတွေမှာ […]

Read More
International Labor

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမြေပြိုမှုကြောင့် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း အလုပ်သမားဝန်ကြီး ပြော

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမြေပြိုမှုကြောင့် ထိုင်းအလုပ်သမားများအတွက် စိုးရိမ်ကြောင်း အလုပ်သမားဝန်ကြီး ပြော ဇူလိုင် ၁၈ ရက် ခွန်သောမတ်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံသူ ၁ ဦးအပါအ၀င် အနည်းဆုံး လူ ၄၉ ဦး သေဆုံးကာ ထောင်နှင့်ချီသော လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရပါတယ်။ဆိုးလ်မြို့ရှိ ရေကြီးမြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတွင် သေဆုံးသွားသည့် ထိုင်းနိုင်ငံသူ Ms. Patcharamon Ratkratoke အသက် ၃၃ နှစ်သည် Nakhon Ratchasima ပြည်နယ် နေထိုင်သူ ဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ခရီးသွားဗီဇာဖြင့် တောင်ကိုရီးယားသို့ ၃ နှစ်နီးပါး သွားရောက် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း […]

Read More
International Labor

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ ဇူလိုင်လကုန် နောက်ဆုံးထား မှတ်ပုံတင်၊ အလုပ်ပါမစ် လျှောက်ဖို့သတိပေး ဇူလိုင် ၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ မွိုင်မြို့နယ် ပြည်နယ်အလုပ်အကိုင် ရှာဖွေရေးရုံးက ဦးဆောင်ကာ Grand Inter Hotel တွင် ကျင်းပပြုလုပ်သည့် အလုပ်သမားရေးရာ ခေါင်းစဥ်ဖြင့် အသိပညာ ဗဟုသုတများ ပေးဆောင်ခြင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းတွင် အလုပ်အကိုင်ရှာဖွေရေးရုံး နိုင်ငံခြား အလုပ်သမားများ ညွှန်ကြားမှုရုံး ပြည်နယ်အလုပ်သမား သက်သာချောင်ချိရေးနှင့် ကာကွယ်ရေး ပြည်နယ်လူမှုဖူလုံရေး နှင့် လူဝင်မှုကြီးကြပ်ရေး ရဲများ၊ စက်ရုံပိုင်ရှင်များ နှင့် အလုပ်သမားများ ၃၀၀ ကျော် တက်ရောက်ကြောင်း စမွတ်စခွန်ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး ညွန့်ကြားရေးမှူး Mr. Wanchai […]

Read More
X