International Labor

တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်‌ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ် အားပေး

တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်‌ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ် အားပေး ဇွန် ၂၈ ရက် ခွန်သောမတ်၊ Migrant Times တောင်ကိုးရီးယားနိုင်ငံသို့ ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက် ချဲ့ထွင်‌ရေး မူဝါဒကို ထိုင်း ဝန်ကြီးချုပ်အနေနဲ့ အားပေးကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပက်ချိုင်းဆရီက ပြောပါတယ်။ရာသီအလိုက် စိုက်ပျိုးရေးအလုပ်သမားဈေးကွက်သို့ ချမှတ်ဆောင်ရွက်သည့် မူဝါဒများနှင့်အညီ ပြည်ပလုပ်သားဈေးကွက် ချဲ့ထွင်နိုင်ရန် နည်းလမ်းရှာဖွေ ညှိနှိုင်းပြီး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကာ တောင်ကိုရီးယားနိုင်ငံသို့ ဒေသဆိုင်ရာမြို့များ၏ လုပ်သားစျေးကွက်ချဲ့ထွင်ကြောင်း မစ္စတာ အနုချာ ဘူရာပက်ချိုင်းဆရီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ထိုင်းအလုပ်သမားများ၏ တောင်ကိုရီးယားနိုင်ငံသို့ တရား၀င် E-8 ဗီဇာ (skilled visa) ဖြင့် ပိုမိုလွယ်ကူစွာ […]

Read More
International Labor

ထိုင်းနဲ့ကမ္ဘောဒီးယား ပူးပေါင်းပြီး အွန်လိုင်းစနစ်နဲ့ MoU အလုပ်သမားတင်သွင်းမှု စတင်

ထိုင်းနဲ့ကမ္ဘောဒီးယား ပူးပေါင်းပြီး အွန်လိုင်းစနစ်နဲ့ MoU အလုပ်သမားတင်သွင်းမှု စတင် ဇွန် ၂၆ ရက် ခွန်သောမတ်၊ Migrant Times ကမ္ဘောဒီးယားနိုင်ငံ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ အလုပ်သမား၀န်ကြီးဌာန လက်အောက်ရှိ အလုပ်သမား စီမံခန့်ခွဲရေးဌာန တို့ ပူးပေါင်းပြီး လာမယ့် ဩဂုတ်လကုန်မှာ သက်တမ်း ကုန်မယ့် ကမ္ဘောဒီးယား MoU ရွှေ့ပြောင်းအလုပ်သမား ၄၀,၀၀၀ ကျော်အား အွန်လိုင်းစနစ်နဲ့ သက်တမ်းတိုးဆောင်ရွက်မှာ​ဖြစ်ကြောင်းသိရပါတယ်။ကမ္ဘောဒီးယား အလုပ်သမားများထံ အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ထိုင်းအစိုးရက တောင်းဆိုထားပါတယ်။ စာရွက်စာတမ်း အသစ်ထုတ်ပေးခြင်းအား ထည့်သွင်းစဉ်းစားရာတွင် အချက်အလက် များကို စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းအတွက် အခြေခံဖြစ်ရန် ရရှိသင့်သော အကျိုးခံစားခွင့်များကို အကာအကွယ်ရရှိရန် ဇူလိုင်လကုန် နောက်ဆုံးထားပြီး ဗီဇာကို […]

Read More
International

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုအပေါ် ထိုင်းနိုင်ငံသားလေးဦးကို မလေးရှား တရားစွဲဆို

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုအပေါ် ထိုင်းနိုင်ငံသားလေးဦးကို မလေးရှား တရားစွဲဆို ဇွန် ၂၃ရက်၊Migrant Times ၂၀၁၅ ခုနှစ်က ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မြှုပ်နှံမှုနဲ့ လူကုန်ကူးမှု သံသယရှိမှုအပေါ် ထိုင်းလူမျိုးလေးဦးကို မလေးရှားတရားရုံးတစ်ခုက မနေ့က (သောကြာ)မှာ တရားစွဲဆိုခဲ့တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ထိုင်းတောင်ပိုင်းနဲ့ မလေးရှားမြောက်ပိုင်းရှိ ထူထပ်တဲ့ သစ်တောများဟာ လှေနဲ့ အရှေ့တောင်အာရှသို့ လူမှောင်ခိုသမားတွေအတွက် အဓိက ရပ်နားရာနေရာတစ်ခုဖြစ်ပြီး လူကုန်ကူးခံရသူ အများစုမှာ မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စုတ်ချာနေတဲ့ဒုက္ခသည်စခန်းများမှ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ထိုင်းဘက်ခြမ်းမှာ အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့အလောင်းများနဲ့ စခန်းများ ရှာဖွေတွေ့ရှိမှုမှာ ထိုင်းအာဏာပိုင်တွေကို လူမှောင်ခိုသမားတွေအပေါ် နှိမ်နင်းဖို့ ဖြစ်စေပေမယ့် လူကုန်ကူးသူတွေဟာ ထောင်နှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများကို နယ်စပ်သို့ လှေတွေနဲ့ အပြည့်အသိပ်တင်ဆောင်ကာ […]

Read More
International

ထိုင်းကနေ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကား ဖမ်းဆီးခံရ

ထိုင်းကနေ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကား ဖမ်းဆီးခံရ ဇွန် ၂၀ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မဲဖာလုံမြို့နယ်၊ ထွတ်ထိုင်းကျေးရွာအုပ်စု၊ မုံရှစ်အိမ်ရွာ ဧရိယာမှာ မြန်မာနိုင်ငံထဲ သွင်းမယ့် မှောင်ခိုကားတစ်စီး မနေ့ကဖမ်းဆီးခံခဲ့ရပါတယ်။ဘန်ကောက်လိုင်စင် နံပါတ်ပြားနဲ့ ကားတစ်စီးဟာ တရားမဝင်လမ်းကြောင်းကတစ်ဆင့် မဲဖာလုံမြို့နယ်မှ မြန်မာနိုင်ငံကို ပို့ဆောင်စဥ် ဖမ်းဆီးမိခဲ့တာပါ။ဖမ်းဆီးစဥ်မှာ ယာဥ်မောင်းထွက်ပြေး လွတ်မြောက်သွားပြီး ကားကိုတော့ ရေချောင်းအနီးမှာ ထားခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးမိခဲ့တဲ့ကားကို Mae Fah Luang ရဲစခန်းမှာ ထိန်း သိမ်းထားပြီး ကားမှောင်ခိုသွင်းသူကို တရားဥပဒေအရဖော်ထုတ်အရေးယူမယ်လို့ သိရပါတယ်။ ကိုးကား၊ ဓာတ်ပုံ-MAESAIPRESS

Read More
International Labor

အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် စားသောက်ဆိုင်များ AI ကို အသုံးပြု

အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန် စားသောက်ဆိုင်များ AI ကို အသုံးပြု ဇွန် ၁၉ ရက် ခွန်သောမတ်၊ Migrant Times အမေရိကန် Pizza Hut၊ Chipotle၊ Carl’s Jr စတဲ့ စားသောက်ဆိုင်တွေဟာ ချက်ပြုတ်ခြင်း၊ ပို့ဆောင်ခြင်း၊ နဲ့ ကော်ဖီဖျော်တဲ့ အဆင့်ထိ လုပ်သားရှားပါးမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းဖို့ AI ကို အသုံးပြုနေပြီဖြစ်ကြောင်း CNBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။အမေရိကန်ပြည်ထောင်စုရှိ Pizza Hut တည်နေရာ တစ်ထောင်ကျော်နဲ့ ကမ္ဘာတစ်ဝှမ်းရှိ ၃၀၀၀ ကျော်မှာ AI ကို စတင်အသုံးပြုလျက်ရှိပြီး McDonald’s နည်းပညာကုမ္ပဏီကြီးဟာ IBM နဲ့ ပူးပေါင်းကာ အမေရိကန်ပြည်ထောင်စုရှိ တချို့စတိုးဆိုင်တွေမှာ AI စမ်းသပ်မှု […]

Read More
International Labor

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ်

ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်နိုင်ဖို့ မလေးရှား ဗီဇာလျှောက်ထားမှု စနစ်သစ် စီစဥ် ဇွန် ၁၇ ရက် ခွန်သောမတ်၊ Migrant Times မလေးရှားနိုင်ငံဟာ နည်းပညာမြင့် Xpats Gateway စနစ်သစ်နဲ့ အချက်အလက်ဒေတာကို ချိတ်ဆက်ပေးတဲ့ ဗီဇာလျှောက်လွှာ စနစ်သစ် တစ်ရပ် အကောင်အထည်ဖော်နေတယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။ဘဏ္ဍာရေး ၊ စွမ်းအင်နဲ့ တခြားကုမ္ပဏီတွေရဲ့ နိုင်ငံခြားသားဝန်ထမ်း​တွေအတွက် ဗီဇာလျှောက်ထားခြင်းကို ငါးရက်အပြီး လုပ်ဆောင်ပေးမယ့် စနစ်သစ်ဖြစ်တယ်လို့ ဆိုပါတယ်။ဒီစနစ်သစ်က ကျွမ်းကျင်လုပ်သားများနဲ့ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ပေးရုံတင်မက ကုမ္ပဏီတွေဟာသူတို့ရဲ့ ဝန်ထမ်း​တွေအတွက် ဗီဇာ လျှောက်ထားရာမှာလည်း ပိုမိုလွယ်ကူစေမယ်လို့ ဆိုပါတယ်။အရင်က မလေးရှားနိုင်ငံ ဗီဇာလျှောက်ထားရာမှာ စာရွက်စာတမ်း အထောက်အထား၊ အေဂျင်စီများ၏ ထောက်ခံမှုမှ တစ်ဆင့် တင်သွင်းရပြီး အချိန်လည်း ၃ […]

Read More
International Labor

တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ

တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ ဇွန် ၁၆ ရက် ခွန်သောမတ်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မေလတွင် အလုပ်လက်မဲ့နှုန်းစံချိန်တင်နိမ့်ကျသွားပြီး စီးပွားရေးတိုးတက်မှု နှေးကွေးသည့် အရိပ်အယောင်များရှိနေသော်လည်း အလုပ်သမား ဈေးကွက်သည် အားကောင်းနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အမျိုးသားစာရင်း အင်းရုံးက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။မေလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ဦးရေ ၃၅၁, ၀၀၀ မှ ၂၈ ဒသမ ၈၃ သန်းအထိ မြင့်တက်လာပြီး ဧပြီလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ၃၅၄,၀၀၀ ရှိခဲ့ကြောင်း သိရ ပါတယ်။ အလုပ်ရှင်ဦးရေကတော့ မတ်လမှ စပြီး နှစ်စဉ် တိုးလာခဲ့ကြောင်း သိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံတွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းတွင် အလုပ်အကိုင်သူ […]

Read More
International Labor

ပြည်ပရောက် ကမ္ဘောဒီးယားလုပ်သားများ မိခင်နိုင်ငံသို့ ဘတ် သန်းပေါင်း ၉ ထောင်ကျော်ပို့

ပြည်ပရောက် ကမ္ဘောဒီးယားလုပ်သားများ မိခင်နိုင်ငံသို့ ဘတ် သန်းပေါင်း ၉ ထောင်ကျော်ပို့ ဇွန် ၁၃ ရက် ခွန်သောမတ်၊ Migrant Times ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁ ဒသမ ၃ သန်းခန့် စေလွှတ်ထားပြီး အဲဒီပြည်ပရောက်လုပ်သားတွေဟာ ဘတ်သန်းပေါင်း ၉ ထောင်ကျော်ငွေပြန်လွှဲခဲ့ကြောင်း ကမ္ဘောဒီးယား အလုပ်သမား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံသို့ အလုပ်သမား ၁ ဒသမ ၂ သန်း စေလွတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ၄၉,၀၀၀ ဦး၊ မလေးရှားနိုင်ငံကို ၂၂,၀၀၀ ဦးခန့်နဲ့ ဂျပန်နိုင်ငံကို အလုပ်သမား ၁၉,၀၀၀ ဦးခန့် စေလွှတ်ထားတယ်လို့ သိရပါတယ်။ စင်ကာပူ၊ ဟောင်ကောင်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေကိုလည်း အလုပ်သမားစေလွှတ်ထားတယ်လို့ဆိုပါတယ်။ထိုင်းနဲ့ မလေးရှားနိုင်ငံက ကမ္ဘောဒီးယား […]

Read More
International Labor

ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့

ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ ဇွန် ၁၂ ရက် ခွန်သောမတ်၊ Migrant Times ၁၉၉၉ ခုနှစ်မှစ၍ အဆိုးရွားဆုံး ကလေးလုပ်သား ပုံစံများကို အရေးပေါ်တားဆီး နှိမ်နင်းရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ်အတွက် Social Justice for All. End Child Labour အားလုံးအတွက် လူမှုတရား မျှတမှု နှင့် ကလေးအလုပ်သမား အဆုံး သတ်စို့ ဆောင်ပုဒ်ကို ILO(အ​​ပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့)က သတ်မှတ်ပေးခဲ့ပြီး ကဏ္ဍပေါင်းစုံမှာ အာရုံစိုက်ဖို့ ကလေးများအားလုံး ဘဝအရည်အသွေးကောင်းမွန် လာစေဖို့နဲ့ တိုင်းပြည်ကို မောင်းနှင်ရာမှာ အရေးပါတဲ့ အင်အားစုကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကလေးအလုပ်သမား ပပျောက်ရေးမှာ အောင်မြင်တဲ့ […]

Read More
International Labor

ရွှေ့ပြောင်းအလုပ်သမားတွေကို ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ထိုင်းအစိုးရ ခွင့်ပြု

ရွှေ့ပြောင်းအလုပ်သမားတွေကို ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ထိုင်းအစိုးရ ခွင့်ပြု ဇွန် ၂ ရက် ခွန်သောမတ်၊ Migrant Times အစိုးရသစ်တက်လာချိန်အထိ ရွှေ့ပြောင်းအလုပ်သမား ၂၀၀,၀၀၀ ကျော်ကို အလုပ်ခန့်ထားနိုင်မယ့် သက်တမ်းတိုးစာချုပ်များကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngamက ပြောပါတယ်။ထိုင်းအစိုးရအဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှ အလုပ်သမားများ အလုပ်အကိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။အစောပိုင်းက သက်တမ်းတိုးပေးဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တောင်းဆိုမှုကို အစိုးရအဖွဲ့က ပယ်ချခဲ့ပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ဆုံးဖြတ်ဖို့ နောင်လာမယ့် အစိုးရသစ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရအဖွဲ့ဟာ ဆုံးဖြတ်ချက်ပြောင်းလဲကာ မရေရာသောအစိုးရသစ်ဖွဲ့စည်းမှု ကြန့်ကြာနေမှုက ကြီးမားတဲ့အလုပ်သမား လေဟာနယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အလုပ်လုပ်ခွင့်သက်တမ်းတိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့သာ သက်တမ်းတိုးမှုဖြစ်မလာဘူးဆိုရင် ထိုင်းကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေရပ်ပြန်ကြရမှာဖြစ်ပြီး အစိုးရသစ်တက်လာချိန်အထိ […]

Read More
X