Labor

YFAစက်ရုံကို အလုပ်သမားက တရားစွဲဆိုထားမှု ဧပြီ ၂၅ ရက်မှာ ရုံးချိန်း ခေါ်ထား

YFAစက်ရုံကို အလုပ်သမားက တရားစွဲဆိုထားမှု ဧပြီ ၂၅ ရက်မှာ ရုံးချိန်း ခေါ်ထား ဧပြီ ၂၃ ရက်၊ Migrant Times YFA အထည်ချုပ်စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ ဧပြီလ ၂၅ ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးက ရုံးချိန်းခေါ်ထားတယ်လို့ အလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှု​နဲ့ပတ်သက်လို့ YFAစက်ရုံပိုင်ရှင်ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင်က မြန်မာနိုင်ငံမှာရှိမနေတာကြောင့်ဆိုပြီး ရုံးချိန်း ၅ ကြိမ်လုံး ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရုံးချိန်းမှာ လက်ရှိစက်ရုံကို တာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ” လက်ရှိ စက်ရုံတာဝန်ယူထားသူကို ပြောင်းပြီး တရားစွဲလိုက်ပြီး ပထမဆုံး ရင်ဆိုင်ရမယ့် ရုံးချိန်း ဖြစ်လာမှာပါ ” လို့ STUMမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အရင်ကတော့ တရားစွဲဆိုခံထားရတဲ့ပိုင်ရှင်မရှိလို့ဆိုပြီး […]

Read More
Labor

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ လက်တလော ထိုင်းကျန်းမာရေးဌာနက အသိပေးထုတ်ပြန်လာတာကို မြန်မာလုပ်သားတွေသိစေဖို့ Migrant Times ကပြန်လည်မျှဝေပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ လက်တလော ထိုင်းကျန်းမာရေးဌာနက အသိပေးထုတ်ပြန်လာတာကို မြန်မာလုပ်သားတွေသိစေဖို့ Migrant Times ကပြန်လည်မျှဝေပေးလိုက်ပါတယ်။  

Read More
Labor Uncategorized

ပန်းရောင်ကတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ” – အပိုင်း (၁)

ပန်းရောင်ကတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ” – အပိုင်း (၁)

Read More
Labor

ILOရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်းအလုပ်သမားအဖွဲ့တချို့နဲ့တွေ့ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများရယူ

ILOရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်းအလုပ်သမားအဖွဲ့တချို့နဲ့တွေ့ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများရယူ ဧပြီ ၂၁ ရက်၊ Migrant Times မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်တွင်းအလုပ်သမားအဖွဲ့တချို့နဲ့တွေ့ဆုံပြီး လိုအပ်တဲ့သက်သေအချက်အလက်တွေရယူသွားတယ်လို့ အလုပ်သမားအဖွဲ့ချုပ်တာဝန်ရှိသူတချို့ထံက သိရပါတယ်။မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှု၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုးဖောက်မူတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ILOက စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ကဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ကလိုအပ်တဲ့စစ်ဆေးမူတွေလုပ်နေတာဖြစ်ပါတယ်။ “သူတို့(စုံစမ်းစစ်ဆေးရေးကော်မရှင်)ဘက်က သိချင်တာတွေမေးတယ်။ကျွန်တော်တို့သိထားတာတွေပြောဖြစ်တယ်”လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် MICS-TUsFနဲ့သာမကဘဲ တခြားအလုပ်သမားအဖွဲ့တွေနဲ့ပါတွေ့ဆုံခဲ့ပြီး ဘယ်တုန်းက တွေ့ဖြစ်တယ်နဲ့ ဘာတွေ မေးမြန်းသွားတယ်ဆိုတဲ့အသေးစိတ်ကိုတော့ မသိရသေးပေ။အဲဒီကော်မရှင်ဟာ မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ အဓမ္မစေခိုင်းမှုနဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုးဖောက်မှုတွေအပေါ်တွေ့ရှိချက်အစီရင်ခံစာကို လာမယ့်မေလမှာပြုလုပ်မယ့် ILOညီလာခံမှာ တင်သွင်းရမှာဖြစ်ပါတယ်။ အစီရင်ခံစာပါအချက်တွေပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ်အပြစ်ပေးအရေးယူမှုတွေရှိလာမှာဖြစ်ပြီး အဲဒီအခြေအနေကို စောင့်ကြည့်သွားရမယ်လို့ အလုပ်သမားခေါင်းဆောင်တွေကဆိုပါတယ်။”သိပ်အများကြီးတော့မမျှော်လင့်ထားဘူး။ကျွန်တော်တို့အမြင်အရတော့ILOက စစ်တပ်နဲ့ အရင်ကတည်းက ပတ်သက်ဆက်စပ်မှုတွေရှိခဲ့တဲ့သာဓကတွေရှိခဲ့တာကြောင့်ပါ”လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။မြန်မာနိုင်ငံမှာ နှစ်နှစ်တာကာလအတွင်း အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင်တွေဖမ်းဆီးခံရတာ၊ တချို့ဝရမ်းထုတ်ခံထားရတာ၊အလုပ်သမားသမဂ္ဂတွေဖျက်သိမ်းခံရတာတွေရှိခဲ့တယ်ဆိုပြီးဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် စက်ရုံတချို့မှာ […]

Read More
Labor

ထိုင်းအလုပ်သမားများ နယ်စပ်ဖြတ်ကျော် Raya ဂုဏ်ပြုပွဲအတွက် အိမ်ပြန်

ထိုင်းအလုပ်သမားများ နယ်စပ်ဖြတ်ကျော် Raya ဂုဏ်ပြုပွဲအတွက် အိမ်ပြန် ဧပြီ ၂၀ ရက်၊ Migrant Times မလေးရှားနိုင်ငံ၊ Kelantan ပြည်နယ် Rantu Panyang နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Narathiwat ခရိုင် Su-ngai Kolok ခရိုင် နယ်စပ်ဂိတ်မှာ Raya ဂုဏ်ပြုပွဲအတွက် ထိုင်းအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ပြီး အိမ်ပြန်လာကြသူ အများအပြားရှိကြောင်းတွေ့ရပါတယ်။ထိုင်း လူဝင်မှုကြီးကြပ်ရေးမှ ရဲများက Raya ဂုဏ်ပြုပွဲအတွက် ပြန်လာသည့် ထိုင်းအလုပ်သမားများကို သောက်ရေနဲ့ အစားအစာများ ပေးဝေပါတယ်။ယာလာ၊ ပတ္တနီနှင့် နရသီဝပ် စသည့်နယ်စပ် ၃ ခုတွင် အခြေချနေထိုင်ကြသည့် ထိုင်းမွတ်စလင်အများစုမှာ နယ်စပ်ဖြတ်ကျော်ကာ မိမိတို့၏ မြို့အသီးသီးသို့ ပြန်လာနေပြီး Eid al-Fitr ပွဲတော်ကို ဂုဏ်ပြုရန် နယ်စပ်ဂိတ်မှာ ပတ်စပို့ […]

Read More
Labor

ထိုင်းမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ကားနှစ်စီး ဖမ်းဆီးခံရ

ထိုင်းမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ကားနှစ်စီး ဖမ်းဆီးခံရ ဧပြီ ၁၉ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သားတွေ တင်လာတဲ့ ကားနှစ်စီး ဒီနေ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့၊ ချင်ရာ့နွဲကျေးရွာ ဘန်ကောက်မြို့အဝင် လမ်းမကြီးပေါ်မှာယာဉ်ထိန်းရဲအဖွဲ့​တွေကမော်တော်ယာဉ်​တွေကို စစ်ဆေးခဲ့ရင်း ဖမ်းဆီးမိခဲ့တာလို့ထိုင်းသတင်းဌာန Thi 8က ဖော်ပြပါတယ်။ကားတစ်စီးမှာ အသက် ၃၁ နှစ်အရွယ် ကားမောင်းသမားနဲ့ အလုပ်သမား ၁၁ ဦး၊နောက်တစ်စီးမှာ အသက် ၄၁ နှစ်အရွယ် ကားမောင်းသမားနဲ့ အလုပ်သမား ၁၂ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးမိခဲ့တာပါ။အဲဒီအလုပ်သမား​ေတွကို တာခ်ခရိုင်က​ေနတင်ဆောင်လာပြီး ဘန်ကောက်မြို့အနီး ပထုမ်ဌာနီခရိုင်ကို ပို့ဆောင်ရမှာဖြစ်ပြီး ပို့ဆောင်ခအနေနဲ့ အလုပ်သမားတစ်ဦးကို ဘတ်၁,၀၀၀ ရတယ်လို့ ကားသမားက ထွက်ဆိုထားပါတယ်။

Read More
Labor

ဂျပန်က မြန်မာလုပ်သား ၁၂၀၀ ကျော်ထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၁၂၀၀ ကျော်ထပ်ခေါ်မယ် ဧပြီ ၁၈ ရက်၊ Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁၂၀၀ ကျော်ကို ထပ်ခေါ်ဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဂျပန် ကုမ္ပဏီနဲ့ စက်ရုံတွေကနေ မြန်မာအလုပ်သမားတွေခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အလုပ်ခေါ်စာ ၃၂၃ ခုကို သံရုံးက ဧပြီလ ၁ရက်ကနေ ၁၈ရက်အထိ စိစစ်ခဲ့တာလို့ဆိုပါတယ်။လုပ်ငန်းကဏ္ဍစုံအတွက် ကမ်းလှမ်းထားတဲ့အလုပ်သမားဦးရေ ၁၂၅၈ ဦးရှိပြီး အဲဒီအရေအတွက်ဟာ ကိုဗစ်ကာလနောက်ပိုင်း ကမ်းလှမ်းမှုအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။” ခေါ်စာတွေကတော့ ဆက်တက်လာဖို့ မျှော်လင့်ရတယ်။အလုပ်သမားတွေအတွက် အခွင့်ကောင်းပဲ” လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အခု ကမ်းလှမ်းလာတဲ့အထဲမှာ သင်တန်းသားလုပ်သားတွေအပြင် ကျွမ်းကျင်လုပ်သားအများအပြားပါတယ်လို့လည်း အေဂျင်စီတွေက ဆိုပါတယ်။ခေါ်ယူမှုအများဆုံးအလုပ်တွေကတော့ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ လုပ်ငန်းတွေဖြစ်တယ်လို့ သူတို့က ပြောပါတယ်။လက်ရှိမှာ […]

Read More
Labor

ထိုင်းနိုင်ငံမှာ တရုတ်လူမျိုး အချင်းချင်းဘတ်ငွေ သန်း ၇၀၀ ထိ လိမ်လည်မှု ထိုင်းရဲက ဖမ်းဆီး

ထိုင်းနိုင်ငံမှာ တရုတ်လူမျိုး အချင်းချင်းဘတ်ငွေ သန်း ၇၀၀ ထိ လိမ်လည်မှု ထိုင်းရဲက ဖမ်းဆီး ဧပြီ ၁၂ ရက်၊ Migrant Times “Nawaporn” အမည်ရှိ တရုတ်အမျိုးသမီးဟာ တရုတ်လူမျိုးတွေကို ဘတ်ငွေ သန်း ၇၀၀ ထိ လိမ်လည်မှုနဲ့ဘန်ကောက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းနိုင်ငံ၊ ဘန်ရက်နယ် Sathorn ဧရိယာမှာ တရုတ် အချင်းချင်း လိမ်လည်မှုကို တိုင်ကြားလာတဲ့ ထိုင်းရဲက စုံစမ်းစစ်ဆေးခဲ့ရင်း အခုလို ဖမ်းဆီးမိခဲ့တာပါ။”Nawaporn” အမည်ရှိအသက် ၅၃ နှစ်အရွယ် တရုတ် အမျိုးသမီးဟာ ထိုင်းအစိုးရ စာရွက် စာတမ်း အတုပြုလုပ်ခြင်း၊ ထိုင်းရဲများထံ သတင်းအမှားများ ပူးတွဲတင်ပြခြင်း၊ အငှားကိုယ်ဝန်‌‌ဆောင်ခြင်းစတဲ့ တရားမဝင် လုပ်ငန်း​တွေအတွက် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။ အဲဒီတရုတ်အမျိုးသမီးဆီကနေ တံဆိပ်တုံး၊ တံဆိပ်အမှတ်အသား သို့မဟုတ် […]

Read More
Labor

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ဦး စေလွှတ် ဧပြီ ၁၁ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၅၀ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ Re-entry ကုန်ထုတ်လုပ်သား (၈၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၁၉) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၂) ဦး၊ စုစုပေါင်း (၁၅၀) ဦးစေလွှတ်ခဲ့တယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Read More
Labor

ထိုင်းရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား သောင်းနဲ့ချီ သင်္ကြန်တွင်း အိမ်ပြန်

ထိုင်းရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား သောင်းနဲ့ချီ သင်္ကြန်တွင်း အိမ်ပြန် ဧပြီ ၁၁ ရက်၊ Migrant Times ထိုင်းရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သား သောင်းနဲ့ချီဟာ ထိုင်းနိုင်ငံ၊ အာရယပါရထိစ်မြို့နယ်က နယ်စပ် လူဝင်မှုကြီးကြပ်ရေးဂိတ်ကနေ သင်္ကြန်တွင်း အိမ်ပြန်နေကြပါတယ်။အနည်းဆုံး လူ ၅၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။အများစုက ကမ္ဘောဒီးယားဘက်ခြမ်းက သူတို့ရဲ့မွေးရပ်မြေမှာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့ နှစ်စဉ် ပြန်လာကြတာ ဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းက ကမ္ဘောဒီးယားလူမျိုးတွေဟာ သင်္ကြန်ပွဲတော်ကာလအတွင်း နှစ်စဉ်နှစ်တိုင်း မိသားစုထံ ပြန်လာလေ့ရှိကြပါတယ်။

Read More
X