Labor Service

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ လိုင်စင်အာမခံကြေး လျာထားချက်ထက် လျှော့ပေးဖို့ အေဂျင်စီတွေ အဆိုပြု

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ လိုင်စင်အာမခံကြေး လျာထားချက်ထက် လျှော့ပေးဖို့ အေဂျင်စီတွေ အဆိုပြု အောက်တိုဘာ ၂၂ ရက် အရုဏ်ဦး၊ Migrant Times ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေရဲ့လိုင်စင်အာမခံကြေး တိုးကောက်မယ့်ကိစ္စနဲ့ ပတ်သက်လို့မူလလျာထားချက်ထက် လျှော့ပေးဖို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က တင်ပြထားတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။စစ်​ကောင်စီအလုပ်သမားဝန်​ကြီးဌာနက ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေဆီက အာမခံကြေး ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁,၀၀၀နဲ့ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း)လိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ တိုးကောက်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အာမခံကြေးကို ကျပ်သိန်း ၄၀၀နဲ့ ထိုင်း လိုင်စင်အတွက် ကျပ်သိန်း ၁၀၀ ပဲ ပြောင်းလဲသတ်မှတ်ပေးဖို့ MOEAF က ပြန်လည်တင်ပြထားတာလို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။” ဌာနက ဘယ်လိုဆုံးဖြတ်မယ်တော့မသိရသေးဘူး။အေဂျင်စီတွေဘက်က အဆိုပြုနှုန်းကိုတော့ ပြန်ပြောထားတယ် ” […]

Read More
X