Labor Sports

မဲဆောက်ရွှေ့ပြောင်းဒေသမှ ဝါသနာရှင် လူငယ်တွေပါဝင်တဲ့ မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲကျင်းပမည်။

မဲဆောက်ရွှေ့ပြောင်းဒေသမှ ဝါသနာရှင် လူငယ်တွေပါဝင်တဲ့ မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲကျင်းပမည်။ ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့က ဝါသနာရှင်လူငယ်တွေအတွက် မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲတစ်ရပ်ကို ကျင်းပပေးသွားမည်ဖြစ်ပါသည်။ယခုပြိုင်ပွဲကို မဲဆောက်မြို့သို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလူငယ်တိုင်း ပါဝင်နိုင်ပြီး ထိုင်းရိုးရာ မွေထိုင်းအားကစားကို ဝါသနာပါတဲ့ မြန်မာရွှေ့ပြောင်းလူငယ်တွေကို မြေတောင်မြှောက် ပေးလိုသည်ဆန္ဒကြောင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝိတ်တန်းအလိုက်နိုင်ကြေးဆုငွေနဲ့ နှစ်သိမ့်ငွေများ ချီးမြှင့်မှာဖြစ်​ပါသည်။ထိုအပြင် ထိုင်းတောင်ပိုင်းရှိ လက်ဝှေ့ကလပ်တွေမှာလည်းဝင်ရောက်နိုင်ရေးအတွက် ဒီဖိတ်ခေါ် ပြိုင်ပွဲမှတဆင့်အလားအလာရှိတဲ့ ရွှေ့ပြောင်းလူငယ်တွေကို ရွေးချယ်ကာစခန်းသွင်းလေ့ကျင့်ပေး မှာဘဲ ဖြစ်ပါသည်။ ပြိုင်ပွဲကိုတော့ ၂၀၂၄ ခုနှစ် မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မဲဆောက်မြို့ ထေ့စပန်းကွင်းမှာ ကျင်းပမှာဖြစ်လို့ Muay Thai for Migrant’s Youth လက်ဝှေ့ပွဲကို ယှဉ်ပြိုင်လိုသည့် လူငယ်တွေအနေနဲ့ FED – […]

Read More
Sports

ထိုင်း မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရနောင်း- ကော့သောင်း နယ်စပ်တွင် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်ပွဲ ကျင်းပ

ထိုင်း မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရနောင်း- ကော့သောင်း နယ်စပ်တွင် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်ပွဲ ကျင်းပ မေ ၆ ရက် ခွန်သောမတ်စ်၊ Migrant Times ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရွက်လှေဖြင့် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်သည့် ပိတ်ပွဲကို ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။ဧပြီလ ၂၅ ရက်မှ မေလ ၄ ရက်အထိ ၁၀ ရက် ကြားယ ရနောင်း-ကော့သောင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု Sailing Youth Camp ကို ဖွင့်လှစ်ခဲ့တာပါ။လူငယ် ၆၂ ဦး ရွက်လွှင့်လေ့ကျင့်မှု အောင်မြင်တဲ့အထိမ်းအမှတ် ပိတ်ပွဲမှာ နှစ်နိုင်ငံ အကြီးအကဲများ၊သင်တန်းဆရာများ၊ ပင်လယ်ပြင် ရွက်လွှင့် လုံခြုံရေးယူပေးသည့် ဆရာတို့က လူငယ်များအား […]

Read More
Football

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်ဘောလုံးပြိုင်ပွဲ ကျင်းပမယ်

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်ဘောလုံးပြိုင်ပွဲ ကျင်းပမယ် ဧပြီ ၁၂ ရက်၊ Migrant Times ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ မေဒေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားများနေ့ဖြစ်တဲ့ မေလ (၁)ရက်နေ့ မေဒေးနေ့ အထိမ်းအမှတ်အဖြစ် ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် ဒီဘောလုံးပြိုင်ပွဲမှာ အသင်းလိုက်ဆုတွေအပြင် တစ်ဉီးချင်း ထူးချွန်ဆုတွေကိုလည်း ပေးအပ်မှာဖြစ်ပါတယ်။ ဒီဘောလုံးပြိုင်ပွဲကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ဖန်ငခရိုင်၊ ကွာပါမြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး ကရာ့ဘီခရိုင် ၊ ဆူရတ်ဌာနီခရိုင်၊ ဖူးကက်ခရိုင်စတဲ့ ဒေသတွေက ဘောလုံးဝါသနာရှင်တွေသာမက စိတ်ပါဝင်စားသူတွေ မည်သူမဆိုပါဝင်နိုင်တယ်လို့ သိရပါတယ်။ပြိုင်ပွဲအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင်တော့ ပြိုင်ပွဲတာဝန်ခံ ကိုစောရန်နိုင် – ၀၉-၅၁၁၈၅၁၃၂ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Read More
X