Labor Travel

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့အမိန့်ထုတ်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့အမိန့်ထုတ် ဖော်ဝါရီ ၂၂ ရက် Migrant Times ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က အိမ်ရှင်တွေအနေနဲ့ မိမိအိမ်မှာ နိုင်ငံခြားသား ဧည့်သည်တွေ နေထိုင်တည်းခိုတာမျိုးရှိရင် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေဆီမှာမဖြစ်မနေ ဧည့်စာရင်းတိုင်ကြားဖို့ ဒီကနေ့ ရက်စွဲနဲ့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်။တာ့ခ်ခရိုင်အတွင်းက အိမ်ပိုင်ရှင်တွေအပါအဝင် အိမ်ခန်းအငှားပိုင်ရှင်၊ ဟိုတယ်၊ တည်းခိုခန်းမန်နေဂျာတွေအနေနဲ့ နိုင်ငံခြားသားဧည့်သည်တွေ နေထိုင်ဖို့ လက်ခံမယ်ဆိုရင် ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ဖို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဧည့်စာရင်းတိုင်ကြားဖို့ ပျက်ကွက်ရင် အများဆုံး ဘတ် တစ်သောင်းအထိ ဒဏ်ကြေး ပေးဆောင်ရမယ်လို့လည်း ကြေညာထားပါတယ်။တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို လူကိုယ်တိုင် လာရောက်ဧည့်စာရင်းတိုင်ကြားနိုင်သလို အီးမေးလ်၊ Titai Call Center 1178 ကနေလည်း ဧည့်စာရင်းတိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ ” ဒီလို […]

Read More
Travel

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး မှ ဗီဇာ လျှောက်ထားခြင်းနှင့်ပါတ်သတ်ပြီး ကြေညာချက်အသစ်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး မှ ဗီဇာ လျှောက်ထားခြင်းနှင့်ပါတ်သတ်ပြီး ကြေညာချက်အသစ်ကို ထုတ်ပြန်လိုက်ပါသည်။ထိုင်းသံရုံးမှ တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ အရေအတွက် 400 သာ လက်ခံမှာဖြစ်ပြီး တန်းစီစနစ်ဖြင့် တိုကင်နံပါတ်ကို 8:30 AM မှ စတင်ပြီး လာလျှောက်မယ့်သူတွေကို ပေးဝေမှာဖြစ်ပါသည်။Visa လျှောက်လွှာတွေကို 9:00 AM မှ စတင်ပြီး လက်ခံမှာဖြစ်ပါသည်။

Read More
International Travel

ထိုင်းနဲ့တရုတ် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြု

ထိုင်းနဲ့တရုတ် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြု ဇန်နဝါရီ ၃၀ ရက် Migrant Times ထိုင်းနဲ့တရုတ် နှစ်နိုင်ငံ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း ဇန်နဝါရီလ ၂၈ ရက်မှာ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဗဟိဒ္ဓ နုကာရာတို့ဟာ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရေးထိုးခဲ့တာပါ။ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတွေဟာ ရက်ပေါင်း၃ဝအထိ ဗီဇာ မလိုအပ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေမှာ လည်ပတ်နေထိုင်ခွင့်ရမှာဖြစ်ပြီး ဒီသဘောတူညီချက်ဟာ လာမယ့် မတ်လ ၁ ရက်ကနေ စတင်မှာဖြစ်ပါတယ်။

Read More
Labor Travel

ထိုင်းနိုင်ငံကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ MoU လုပ်သား စေလွှတ်မယ်

ထိုင်းနိုင်ငံကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ MoU လုပ်သား စေလွှတ်မယ် ဇန်နဝါရီ ၂၁ ရက် Migrant Times ထိုင်းနိုင်ငံကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ MoU လုပ်သား​တွေ ​စေလွှတ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ဇန်နဝါရီလ ပထမပတ်က ပြုလုပ်တဲ့ ထိုင်း-မြန်မာ ညွှန်ကြားရေးမှူးအဆင့် အစည်းအဝေးမှာ MoU မြန်မာလုပ်သားတွေကို ရန်ကုန်-ဒွန်းမောင်းလေကြောင်းခရီးနဲ့ ထိုင်းနိုင်ငံကို စေလွှတ်ဖို့ သဘောတူညီခဲ့တာလို့ သိရပါတယ်။” ပုံမှန်ဆိုရင် MoU အလုပ်သမားတွေကို မြဝတီ၊ ကော့သောင်း နယ်စပ်မြို့တွေက စေလွှတ်တာပါ။ မြဝတီကလမ်းကြောင်း ပိတ်မိတဲ့အခါ အလုပ်သမားတွေဒုက္ခရောက်ပြီး ကော့သောင်းလမ်းကြောင်းကလည်း ကားလမ်း သွားလို့မရတော့ လေယာဉ်နဲ့ သွားရတယ်။ လေယာဉ်လက်မှတ်တွေက တစ်သိန်းကနေ လေးသိန်းအထိပေးရပြီး ရန်ကုန်-ဒွန်းမောင်းဆိုရင် စရိတ် သက်သာတော့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြပြီး နှစ်နိုင်ငံသဘောတူညီမှု​ရလို့ အဆင်ပြေသွားပြီ” လို့ […]

Read More
Travel

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ဗီဇာကိုယ်စားလျှောက်ထားခွင့်အတွက် ​ကုမ္ပဏီ ၂၃ ခု ခွင့်ပြု

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ ဗီဇာကိုယ်စားလျှောက်ထားခွင့်အတွက် ​ကုမ္ပဏီ ၂၃ ခု ခွင့်ပြု ဩဂုတ် ၁၃ ရက် Migrant Times ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကနေ ထိုင်းဗီဇာ ကိုယ်စားလျှောက်ထားပေးဖို့ ကုမ္ပဏီ ၂၃ ခုကို အခုနှစ်ဩဂုတ်လ ၂ ရက်ကနေ ၂၀၂၄ ခုနှစ် ​ဩဂုတ်လ ၁ ရက်အထိ တစ်နှစ်သက်တမ်း လုပ်ကိုင်ခွင့်​ပြုလိုက်ပါတယ်။အရင်က ထိုင်းနိုင်ငံကို သွားဖို့ ဗီဇာလျှောက်ထားရင် ကိုယ်တိုင်လျှောက်ထားရပြီး မိသားစုဝင်သန်းခေါင်စာရင်းမှာ နာမည်ပါသူက ကိုယ်စားလျှောက်ထားရပါတယ်။အခုကတော့ ကုမ္ပဏီ ၂၃ ခုကို တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်တယ်လို့ ထိုင်းသံရုံးက ကြေညာထားတာပါ။သံရုံး ကောင်စစ်ဝန်အပိုင်းဟာ လျှောက်ထားသူဦးရေ အကန့်အသတ်မရှိ လက်ခံမှာဖြစ်ပြီး တနင်္လာကနေ သောကြာနေ့(သံရုံးပိတ်ရက်ကလွဲပြီး) နံနက် ၉နာရီကနေ ၁၁ နာရီအတွင်း Tourist, Transit, […]

Read More
Labor Travel

ချင်းရိုင်ခရိုင်မှာ မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ

ချင်းရိုင်ခရိုင်မှာ မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ မေ ၄ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှာ မြန်မာလုပ်သား ၃၀ ဦး မနေ့ညက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲ ဝင်ရောက်လာတဲ့ အနက်ရောင်ကား ၂ စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးစစ်​ဆေးရာကနေ ကားပေါ် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးကို ဖမ်းဆီမိခဲ့တာဖြစ်ပါတယ်။အဲဒီမြန်မာနိုင်ငံသားတွေဆီမှာ နယ်စပ်ဖြတ်ကျော်ခွင့် ရက်တိုလက်မှတ်ရှိပေမယ့် သတ်မှတ်နယ်မြေ ကျော်လွန်မှုနဲ့ ရော့ဝိန်းကျေးရွာအုပ်စု၊ မွိုင်ချင်းရိုင်၊ ချင်းရိုင်ခရိုင် နယ်စပ် ကီလိုမီတာ ၆၀ ခန့်အကွာ၊ ချင်းရိုင်ကောလိပ်အနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၂၄ နှစ်ကနေ ၄၅ နှစ်ကြား အမျိုးသား ၉ ဦး၊ အသက် ၁၈ […]

Read More
Labor Travel

ဂျာမနီနိုင်ငံတစ်ဝှမ်း အလုပ်သမားဆန္ဒပြပွဲ​တွေကြောင့် ရထားပြေးဆွဲမှု ရပ်ထားရ

ဂျာမနီနိုင်ငံတစ်ဝှမ်း အလုပ်သမားဆန္ဒပြပွဲ​တွေကြောင့် ရထားပြေးဆွဲမှု ရပ်ထားရ ဧပြီ ၂၂ ရက်၊ Migrant Times ဂျာမနီနိုင်ငံတစ်ဝှမ်း အလုပ်သမား သပိတ်ကြောင့် အဓိက အမျိုးသား ရထားလုပ်ငန်းအော်ပရေတာ Deutsche Bahn ရဲ့ဝန်ဆောင်မှုကို ရပ်ထားရတယ်လို့ သိရပါတယ်။ဂျာမန် မီးရထားနှင့် သယ်ယူပို့ဆောင်ရေး သမဂ္ဂ (EVG Union) က ဆန္ဒပြပွဲတွေကြား ခရီးစဥ်ပြေးဆွဲမှုကို ရပ်နားထားရတာပါ။အလုပ်သမားကိုယ်စားပြု EVG သမဂ္ဂဟာ တစ်လ လုပ်အားခ ၁၂ ရာခိုင်နှုန်း သို့မဟုတ် အနည်းဆုံး နောက်ထပ် ယူရို ၆၅၀ ( ၇၁၅ ဒေါ်လာ) ကို လိုလားနေပြီး Deutscheban က လုပ်ခလစာ တိုးပေးဖို့ အဆိုပြုထားပါတယ်။လုပ်ခလစာ တောင်းတဲ့ နောက်ဆုံး ဆန္ဒပြပွဲတွေကြား အလုပ်သမား ၂၃၀,၀၀၀ […]

Read More
X