Uncategorized

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားကို လူမိုက်ဂိုဏ်းက ပြန်ပေးဆွဲ သတ်ဖြတ်

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားကို လူမိုက်ဂိုဏ်းက ပြန်ပေးဆွဲ သတ်ဖြတ် ဇွန် ၆ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ ကရထုန်ဘဲန်မြို့နယ်၊ ခယ်ရိုင်ရပ်ကွက်က မြန်မာလုပ်သားတစ်ဦးကို မြန်မာလုပ်သားလူမိုက်ဂိုဏ်းက ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။Krathum Baen မြို့၊ Khae Rai ရပ်ကွက်ရှိ ပြန်ကျစျေး ဆိုင်ခန်းကနေ မြန်မာလုပ်သား ကိုစောအောင်ကို မြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင် ၅ ဦးက ခေါ်ဆောင် ဖမ်းဆီးသွားကာ ကိုစောအောင်ရဲ့ ကားနဲ့ ထွက်ပြေးသွားခဲ့တာကို လုံခြုံရေးကင်မရာမှတ်တမ်းကတစ်ဆင့် သိရှိခဲ့ပြီး ကိုစောအောင်ရဲ့ အလောင်းကို စမွတ်ဆွန်ခရမ်ပြည်နယ်၊ စမွတ်ဆွန်ခရမ်မွိုင့်မြို့၊ ဘန်ကျကရိန်ကျေးရွာအုပ်စုရှိ ရွာအမှတ်-၄ ပုဇွန်ကန်မှာ တွေ့ရှိခဲ့တယ်လို့ ရဲမှူးချုပ် Thanayut Wutcharathamrong က ပြောကြားပါတယ်။ အဲဒီမြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေကို ဇွန်လ ၅ […]

Read More
Uncategorized

မိုချာမုန်တိုင်း စတင်နေသံရုံးတွေကတစ်ဆင့် မုန်တိုင်းဒဏ်ခံရသူများကို ကူညီနိုင်ဟုဆို

မိုချာမုန်တိုင်း စတင်နေသံရုံးတွေကတစ်ဆင့် မုန်တိုင်းဒဏ်ခံရသူများကို ကူညီနိုင်ဟုဆို စကားဝါ မေလ ၁၄ ရက်၊ Migrant Times ထိုင်း‌ရောက်မြန်မာနိုင်ငံသားများအနေနဲ့ မိုချာမုန်တိုင်းဝင်ရောက်နိုင်ချေရှိတဲ့ နေရာဒေသတွေ အတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ချင်တယ်ဆိုရင် ဘန်ကောက်သံရုံးနဲ့ ချင်းမိုင် ကောင်စစ်ဝန်ရုံးတွေကနေတဆင့် ကူညီနိုင်တယ်လို့ ဘန်ကောက်သံရုံးက မေလ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။မိုချာမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကနေတဆင့် ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တွေကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တွေက ခန့်မှန်းထားကြပြီး မေလ ၁၂ ရက်နေ့ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ဒီကနေ့ မေလ ၁၄ ရက်နေ့မှာတော့ ရခိုင်ကမ်းရိုးတန်းအပါအဝင် ချင်းနဲ့ မကွေးတိုင်းက မုန်တိုင်းလမ်းကြောင်းတချို့မှာ လေပြင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ “မုန်တိုင်းဒဏ်ခံရသော မြို့နယ်၊ ကျေးရွာများတွင် နေအိမ်များ ပျက်စီးခြင်း၊ စားရေရိက္ခာ […]

Read More
Labor Uncategorized

ပန်းရောင်ကတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ” – အပိုင်း (၁)

ပန်းရောင်ကတ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘာတွေလဲ” – အပိုင်း (၁)

Read More
Uncategorized

မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက် ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ်

မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက် ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ် မတ် ၂၉ ရက်၊ Migrant Times ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလူငယ်တွေအတွက်ပထမအကြိမ် ထိုင်းရိုးရာလက်ဝှေ့ ပြိုင်ပွဲ ( Thai Mauy Thai)ကို လာမယ့် ဧပြီလ ၁၃ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။ပြိုင်ပွဲဝင်လိုတဲ့ မြန်မာလူငယ်​ေတွအနေနဲ့ အမည်၊ အသက်၊ ကိုယ်အလေးချိန်နဲ့ မိမိတို့ ထိုးသတ်ခဲ့ဖူးတဲ့ လက်ဝှေ့ပွဲအရေအတွက်နဲ့ ဓာတ်ပုံ တစ်ပုံကို ဧပြီလ ၁၀ရက် နောက်ဆုံးထားပေးပို့ရမှာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းလက်ဝှေ့အားကစားကို စနစ်တကျလေ့လာနိုင်စေဖို့၊ မြန်မာ​ရွှေ့ပြောင်းလူငယ်​‌တွေကြား ကြေးစား ( Professional) လက်ဝှေ့သမားတွေ ပေါ်ထွန်းလာစေဖို့၊ မြန်မာရွှေ့ပြောင်းလူငယ်​ေတွအနေနဲ့ အားကစားကို စိတ်ဝင်စားပြီး တရားမဝင်မူးယစ်ဆေးသုံးစွဲမှုတွေ လျော့နည်းပပျောက်စေဖို့ ရည်ရွယ်ပြီး အခုပြိုင်ပွဲကို ကျင်းပပေးတာလို့ ပြိုင်ပွဲကို ဦးဆောင်ကျင်းပပေးတဲ့ ပညာရေးနှင့်ဖွံ ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း […]

Read More
Uncategorized

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ၁၉၀၈ ခုနစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အထည်ချုပ်စက်ရုံကအမျိုးသမီးတွေက သူတို့ရဲ့အလုပ်ချိန်လျှော့ချဖို့ လုပ်ခ လစာတိုးပေးဖို့နဲ့ ဆန္ဒမဲပေးရဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ရာက အစပြုခဲ့ပါသည်။၁၉၁၀ အပြည်ပြည်ဆိုင်ရာလုပ်ငန်းခွင်မှ အမျိုးသမီးညီလာခံ ဒုတိယအကြိမ် မှာ ဂျာမဏီနိုင်ငံ ဆိုရှယ်လစ် ဒီမိုကရစ်တစ်ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့ ကလဲရာဇက်ခင် ကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို တစ်ကမ္ဘာလုံးမှာ တစ်ရက်တည်းသတ်မှတ်ပြီးကျင်းပဖို့၊ အဲဒီနေ့မှာ အမျိုးသမီးတွေရဲ့အခွင့်အရေးကို တောင်းဆိုကြဖို့အတွက် တင်ပြဆွေးနွေးတဲ့အခါ ညီလာခံတက်ရောက်သူများ အားလုံးက ကန့်ကွက်သူမရှိ သဘောတူခဲ့ကြပါသည်။၁၉၁၁ မတ်လ(၁၉) ရက်နေ့မှာ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကိုကျင်းပခဲ့ပါတယ်။၁၉၇၅ မတ်လ (၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အ​ဖြစ် ပြောင်းလဲကျင်းပခဲ့ပါသည်။၂၀၀၀ မတ်လ ၈ရက်နေ့ကို နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်ခဲ့ပါသည်။

Read More
Uncategorized

(၃)နှစ်ကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင် တံတား ယနေ့ပြန်ဖွင့်

(၃)နှစ်ကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင် တံတား ယနေ့ပြန်ဖွင့် ဖေဖော်ဝါရီ ၂၀ရက်၊ Migrant Times ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်ကစတင်ပြီး (၃)နှစ်နီးပါးကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင်တံတားကို ဒီနေ့မနက်ပိုင်းက ပြန်ဖွင့်လိုက်ပါတယ်။အဲဒီတံတားဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်အကြား ဆက်သွယ်ထားတာပါ။ဒီနေ့မနက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးပြန်ဖွင့်ပေးတာတွေ့ရပါတယ်။ဒီမတိုင်ခင် တံတား ပြန်ဖွင့်ဖို့ ပြင်ဆင်နေချိန်က တံတားစစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသွားသူတွေကို စစ်ဆေးရာမှာ X −ray စက်သုံးပြီး စစ်ဆေးဖို့ စစ်ကောင်စီထွေအုပ်က စီစဉ်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ − สมบัติ คำลือ

Read More
Uncategorized

Migrant Times ရဲ့ တနင်္လာနေ့ ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Migrant Times ရဲ့ တနင်္လာနေ့ ညပိုင်းသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်၊ Migrant Times

Read More
Uncategorized

အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်​ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ

အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်​ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ ဒီဇင်ဘာ ၁၆ရက်၊ Migrant Times အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင် သုံးဦးကို သက်ဆိုင်ရာတရားရုံးက ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ်စီ ချလိုက်တယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ Communication Department က တာဝန်ခံ မခိုင်သဉ္ဇာအေး (ခ)မဘုတ်ဘုတ်၊ CTUM အဖွဲ့ဝင် မအိဖြူမြင့်နဲ့ ကားသမားရဲဘော် ကိုဉာဏ်စိန်တို့ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်က တောင်ဥက္ကလာပမြို့နယ် (၃၁)ဂိတ်အနီး ဆန္ဒပြမှုမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒီနေ့မှာ ပြစ်ဒဏ်ချလိုက်တာလို့ သိရပါတယ်။ “ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို မတရားပြစ်ဒဏ်ချမှတ်တဲ့အပေါ် ရှုံ့ချပါတယ်” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ မကြာခင်က MICS-TUsF အလုပ်သမားအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူးချုပ် […]

Read More
Uncategorized

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ် နိုဝင်ဘာ ၂၉ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ ကုန်ထုတ်လုပ်သားသစ် ၈၈ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၁ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၂၉ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊ […]

Read More
Uncategorized

ထိုင်းမှာ MoU မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်၊ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ထိုင်းမှာ MoU မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တိမ်းမှောက်၊ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ နို၀င်ဘာ ၃၀ ရက်၊ Migrant Times ထိုင်း-မြန်မာနယ်စပ် မဲဆောက်​​မြို့ကနေ တာ့ခ်မြို့ကို သွားတဲ့လမ်းမှာ ဘတ်စ်ကားတစ်စီး မနေ့ညက ဘရိတ်ပေါက် တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကားပေါ်မှာ ထိုင်းနိုင်ငံကို MoUစနစ်နဲ့ လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၄၅ ဦး လိုက်ပါလာတာဖြစ်ပြီး ယာဥ်တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အဲဒီကားဟာ မြန်မာလုပ်သားတွေချည်း လိုက်ပါလာတဲ့ စင်းလုံးငှားကားဖြစ်ပါတယ်။ မနေ့က ည ၉ နာရီ ၁၀ မိနစ်မှာ တာ့ခ်မြို့ကို သွားတဲ့ မယ်လမောင်-တာ့ခ်လမ်းမ‌ပေါ်မှာ ကားဘရိတ်ပေါက်ပြီး တစ်ဖက်လမ်းကို ထိုးကျတိမ်းမှောက်ခဲ့တာပါ။ ကနဦးရရှိတဲ့သတင်းအချက်အလက်တွေအရ […]

Read More
X