Economy

ပတ်စပို့၊ CI စာအုပ်နဲ့ ရနောင် – ကော့သောင်းဂိတ်ကနေ ယနေ့ စတင်ဖြတ်သန်းခွင့်ပြု

ပတ်စပို့၊ CI စာအုပ်နဲ့ ရနောင် – ကော့သောင်းဂိတ်ကနေ ယနေ့ စတင်ဖြတ်သန်းခွင့်ပြု

မတ်လ ၇ရက်၊ Migrant Times
  • ရနောင်း – ကော့သောင်း နယ်စပ်ဂိတ်ကနေ ပတ်စပစာအုပ်နဲ့ ထိုင်း – မြန်မာနိုင်ငံကို အလည်ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင် ပတ်စပို ၊ CI စာအုပ်များနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ခြင်းကိုလည်း မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ (မတ်လ ၇ ရက်)မှာ စတင်ဖြတ်သန်းသွားလာခွင့် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ထိုသို့ခွင့်ပြုလိုက်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ သွားလာရလွယ်ကူပြီ မိသားစု၊ သာရေးနားရေးကိစ္စတွေအတွက် သွားလာနိုင်ပြီလို့ မြန်မာပြည်ကို ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားတစ်ဦးက Migrant Times ကို ပြောပြပါတယ်။
  • “အခုလို ဗီဇာစာအုပ် သွားလာခွင့်ပြုလိုက်တဲ့အခါကျတော့ ကျမတို့ ကုန်ကျစရိတ်တော်တော်ကြီးကိုသက်သာသွားတယ်။အရင်ကဆို ဘန်ကောက်ကနေပဲသွားလို့ရတာလေ။ ကျမတို့က ထားဝယ်ကဆိုတော့ တကွေ့တစ်ပတ်ကြီး သွားလာရတာ မိသားစု၊ သာရေး၊ နာရေးဆိုလည်းသွားလာရတာခက်ခဲတယ်။ အခုလိုဆိုတော့ အိမ်ပြန်တုံးထုပြီ အဝင်အထွက်တုံးထုသွားလာယုံပဲ ။ အရင်ကဆို အရေးကြီးရင် တရားဝင်အထောက်အထားတွေရှိရဲ့နဲ့ ခိုးဝင်၊ ခိုးထွက်လုပ်ရတာ ကုန်ကျစရိတ်လည်းပိုများတယ်”လို့ ထားဝယ်မြို့ကို ပြန်တဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကပြောပါတယ်။ကိုဗစ် ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ပိတ်ထားခဲ့တဲ့ ရနောင်း – ကော့သောင်း နယ်စပ်ဂိတ်ကို ၂၀၂၂ ဇွန်လ ၁ ရက်မှာ (နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)Temporary Border Pass နဲ့ စတင်ခွင့်ပြုခဲ့ပြီး ယနေ့မှသာ ဖြန်သန်းသွားလာခွင့်ကို ပတ်စပို့ ၊ CI စာအုပ်များနဲ့ ပြန်လည်သွားလာခွင့်ပြုတာဖြစ်ပါတယ်။
(ယနေ့ ဖြတ်သန်းသွားကြတဲ့သူတွေကို တွေ့ရစဥ်။ ဓာတ်ပုံ – MT)

Leave a Reply

Your email address will not be published. Required fields are marked *

X