Labor

ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၁၄ ဦးကို ဖမ်းဆီး

ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၁၄ ဦးကို ဖမ်းဆီး

ဧပြီ ၁၀ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် နယ်ခြားစောင့်ရဲတပ်ခွဲ ၃၃၆ က ထိုင်းနိုင်ငံ၊ ပါလန်းရွာ၊ ဟွေးပုံကျေးရွာအုပ်စု မှာ ဧပြီလ ၈ ရက်က နိုင်ငံခြားသား ၁၄ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံက ပွဲစားတွေကို တစ်ဦးကို ဘတ်ငွေ ၂,၅၀၀ ခန့် ပေးဆောင်ပြီး မစ္စတာမောင်ရဲ့ အိမ်မှာ အဲဒီမြန်မာနိုင်ငံသား ၁၄ ဦးဟာ တစ်ပတ်ခန့် တည်းခိုနေထိုင်​နေတာဖြစ်ပါတယ်။နေရာထိုင်ခင်းပေးခြင်း၊ ပုန်းအောင်းခြင်း သို့မဟုတ် ကူညီဆောင်ရွက်ပေးခြင်း စတဲ့ ပြစ်မှုတွေနဲ့ မစ္စတာမောင်ကို တရားစွဲဆိုထားပါတယ်။နိုင်ငံခြားသား ၁၄ ဦးကိုလည်း ထိုင်းဥပ​​ဒေအရ သီးခြားတရားစွဲဆိုမယ်လို့ သိရပါတယ်။
ကိုးကား-မယ်ဟောင်ဆိုင်သတင်း

Leave a Reply

Your email address will not be published. Required fields are marked *

X