Football

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်ဘောလုံးပြိုင်ပွဲ ကျင်းပမယ်

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်ဘောလုံးပြိုင်ပွဲ ကျင်းပမယ်

ဧပြီ ၁၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ မေဒေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားများနေ့ဖြစ်တဲ့ မေလ (၁)ရက်နေ့ မေဒေးနေ့ အထိမ်းအမှတ်အဖြစ် ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် ဒီဘောလုံးပြိုင်ပွဲမှာ အသင်းလိုက်ဆုတွေအပြင် တစ်ဉီးချင်း ထူးချွန်ဆုတွေကိုလည်း ပေးအပ်မှာဖြစ်ပါတယ်။
  • ဒီဘောလုံးပြိုင်ပွဲကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ဖန်ငခရိုင်၊ ကွာပါမြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး ကရာ့ဘီခရိုင် ၊ ဆူရတ်ဌာနီခရိုင်၊ ဖူးကက်ခရိုင်စတဲ့ ဒေသတွေက ဘောလုံးဝါသနာရှင်တွေသာမက စိတ်ပါဝင်စားသူတွေ မည်သူမဆိုပါဝင်နိုင်တယ်လို့ သိရပါတယ်။ပြိုင်ပွဲအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင်တော့ ပြိုင်ပွဲတာဝန်ခံ ကိုစောရန်နိုင် – ၀၉-၅၁၁၈၅၁၃၂ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X