Labor Travel

ဂျာမနီနိုင်ငံတစ်ဝှမ်း အလုပ်သမားဆန္ဒပြပွဲ​တွေကြောင့် ရထားပြေးဆွဲမှု ရပ်ထားရ

ဂျာမနီနိုင်ငံတစ်ဝှမ်း အလုပ်သမားဆန္ဒပြပွဲ​တွေကြောင့် ရထားပြေးဆွဲမှု ရပ်ထားရ

ဧပြီ ၂၂ ရက်၊ Migrant Times
  • ဂျာမနီနိုင်ငံတစ်ဝှမ်း အလုပ်သမား သပိတ်ကြောင့် အဓိက အမျိုးသား ရထားလုပ်ငန်းအော်ပရေတာ Deutsche Bahn ရဲ့ဝန်ဆောင်မှုကို ရပ်ထားရတယ်လို့ သိရပါတယ်။ဂျာမန် မီးရထားနှင့် သယ်ယူပို့ဆောင်ရေး သမဂ္ဂ (EVG Union) က ဆန္ဒပြပွဲတွေကြား ခရီးစဥ်ပြေးဆွဲမှုကို ရပ်နားထားရတာပါ။အလုပ်သမားကိုယ်စားပြု EVG သမဂ္ဂဟာ တစ်လ လုပ်အားခ ၁၂ ရာခိုင်နှုန်း သို့မဟုတ် အနည်းဆုံး နောက်ထပ် ယူရို ၆၅၀ ( ၇၁၅ ဒေါ်လာ) ကို လိုလားနေပြီး Deutscheban က လုပ်ခလစာ တိုးပေးဖို့ အဆိုပြုထားပါတယ်။လုပ်ခလစာ တောင်းတဲ့ နောက်ဆုံး ဆန္ဒပြပွဲတွေကြား အလုပ်သမား ၂၃၀,၀၀၀ ကိုယ်စား ညှိနှိုင်းနေရပါတယ်။Verdi Union အလုပ်သမားတွေဟာ ဂျာမန်လေဆိပ် လေးခု​ဖြစ်တဲ့ Dusseldorf၊ Hamburg၊ Cologne Bonn နဲ့ Stuttgart တို့မှာလည်း မနေ့က သပိတ်မှောက်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X