Labor

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်နယ်စပ်မှာ မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်နယ်စပ်မှာ မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရ

မေ ၂ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ Chiang Saen မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦး မနေ့ညက ဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းလူမျိုး မောင်းနှင်လာတဲ့ကားနှစ်စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးစစ်ဆေးရာမှာ တရားမ၀င် မြန်မာအလုပ်သမားတွေကို ကားအတွင်း တွေ့ရှိခဲ့တာလို့ သိရပါတယ်။၁၈နှစ်မှ ၅၀နှစ်ကြား အမျိုးသား ၁၅ ဦး၊ ၁၈နှစ်မှ ၃၆နှစ်ကြား အမျိုးသမီး ၉ ဦးနဲ့ ၁၈နှစ်အောက် ကလေး ၃ ဦးအပါအဝင် ထိုင်းနိုင်ငံသား ကားသမား၂ ဦးကိုပါ ဖမ်းဆီးမိခဲ့တာပါ။​ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ လာတာလို့ ဒု-ရဲမှူးကြီး Ananawat Rattanawichai က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။သူတို့ကို ချင်းရိုင်ခရိုင်မှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X