Sports

ထိုင်း မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရနောင်း- ကော့သောင်း နယ်စပ်တွင် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်ပွဲ ကျင်းပ

ထိုင်း မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရနောင်း- ကော့သောင်း နယ်စပ်တွင် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်ပွဲ ကျင်းပ

မေ ၆ ရက်
ခွန်သောမတ်စ်၊ Migrant Times
  • ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရွက်လှေဖြင့် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်သည့် ပိတ်ပွဲကို ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။ဧပြီလ ၂၅ ရက်မှ မေလ ၄ ရက်အထိ ၁၀ ရက် ကြားယ ရနောင်း-ကော့သောင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု Sailing Youth Camp ကို ဖွင့်လှစ်ခဲ့တာပါ။လူငယ် ၆၂ ဦး ရွက်လွှင့်လေ့ကျင့်မှု အောင်မြင်တဲ့အထိမ်းအမှတ် ပိတ်ပွဲမှာ နှစ်နိုင်ငံ အကြီးအကဲများ၊သင်တန်းဆရာများ၊ ပင်လယ်ပြင် ရွက်လွှင့် လုံခြုံရေးယူပေးသည့် ဆရာတို့က လူငယ်များအား သင်တန်းဆင်းလက်မှတ် ပေးအပ်ကြပါတယ်။
  • ထိုင်း-မြန်မာနယ်စပ် ငါးလုပ်ငန်းညှိနှိုင်းရေးစင်တာ (NSAC)၊ ရနောင်း ခရီးသွား လုပ်ငန်းကောင်စီ၊ ကော့သောင်း ခရိုင်အုပ်ချုပ်ရေးကောင်စီ၊ ကော့သောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ကော့သောင်း Tourism Association တို့လည်း ပူးပေါင်းပါ၀င်ခဲ့ပါတယ်။COVID-19 ပြန့်ပွားမှု အလွန်တွင် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တစ်ဖန် ပြန်လည် ချိတ်ဆက်နိုင်ပြီး အစိုးရနှင့် ပုဂ္ဂလိက တို့၏ ပူးပေါင်းပံ့ပိုးပေးခဲ့ကြသော  လူငယ်များအတွက် ရွက်လွှင့်လူငယ်စခန်း ပိတ်ပွဲ မှ အရေးပါသော တွန်းအားတစ်ခု ဖြစ်လာမယ်လို့ရနောင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Boonchai Somjai က ပြောကြားပါတယ်။
  • ထိုင်း-မြန်မာ နယ်စပ်မှ နှစ်နိုင်ငံလုံးရှိ လူငယ်များ၏ စွမ်းဆောင်ရည်ကို ပြသပြီး လူငယ်များသည် ထိုင်းနှင့်မြန်မာ ရေပြင်ကို ဖြတ်ကျော် အောင်မြင်စွာ ရွက်လွှင့်ခဲ့ကြပါတယ်။အပြန်အလှန် ချိတ်ဆက်မှုလည်း အမြဲရှိပြီး ယနေ့ဆောင်ရွက်ချက်များ၏ ရလဒ်များသည် ထိုင်း-မြန်မာ နယ်စပ် လူငယ်တို့၏ အလားအလာကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အထောက်အကူပြုမည်ဟု ပထမဆုံးအကြိမ်အဖြစ် လူငယ်စခန်းသွင်း လေ့ကျင်ပြီး ပူးတွဲကျင်းပသည့် စီမံကိန်း ပိတ်ပွဲအခမ်းအနားတွင် ပူးတွဲဥက္ကဋ္ဌ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X