Labor

မလေးရှားက မြန်မာလုပ်သားခေါ်တာနည်းလို့ သွားရောက်လိုသူတွေနဲ့အေဂျင်စီတွေအခက်တွေ့

မလေးရှားက မြန်မာလုပ်သားခေါ်တာနည်းလို့ သွားရောက်လိုသူတွေနဲ့အေဂျင်စီတွေအခက်တွေ့

မေ ၆ ရက်၊ အရုဏ်ဦး
  • မလေးရှားက မြန်မာလုပ်သားခေါ်ယူတာ လျော့နည်းလာလို့ သွားရောက်လုပ်ကိုင်လိုသူတွေနဲ့အေဂျင်စီတွေအခက်တွေ့နေတယ်လို့ သိရပါတယ်။မလေးရှားက ပြီးခဲ့တဲ့နှစ်ကတည်းက ကိုဗစ်မတိုင်ခင်က ခေါ်စာကျထားတဲ့အလုပ်သမားတွေကိုသာ အဓိကခေါ်ယူခဲ့ပြီး လုပ်သားအသစ်ခေါ်ယူမှုနည်းခဲ့ကာအခုဆိုရင် အေဂျင်စီအများစု အလုပ်သမားမပို့နိုင်လောက်တဲ့အခြေအနေအထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။”တစ်ဖက်ကမခေါ်တော့ ဒီဘက်က ဘာမှမတတ်နိုင်ဘူး။ခေါ်စာအသစ်တွေဝင်မလား၊ ဝင်မလားနဲ့စောင့်နေကြတာ”လို့ အဲဒီနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။လက်ရှိမှာ အလုပ်ခေါ်စာကို တစ်ဆင့်ပြန်ဝယ်ပြီး အလုပ်သမားပို့ပေးနေရတဲ့ ဖြစ်ရပ်တွေရှိနေပြီး အနည်းအကျဥ်းကပဲ ပြန်ရောင်းပေးနေတာလို့ အေဂျင်စီအသိုင်းအဝိုင်းထံက သိရပါတယ်။
  • မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရွေးကောက်ပွဲနဲ့အစိုးရအပြောင်းအလဲရှိခဲ့ပြီး အလုပ်သမားခေါ်ယူတဲ့မူဝါဒအသစ်နဲ့ မြန်မာလုပ်သားတွေ တိုးခေါ်ဖို့ အေဂျင်စီတွေက မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။”ရွေးကောက်ပွဲပြီးတော့လည်း ဆက်ငြိမ်နေတာ။ သွားချင်တဲ့ အလုပ်သမားတွေလည်း ပုံနေပြီ” လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။မလေးရှားနိုင်ငံကိုသွားရောက်ဖို့စောင့်ဆိုင်းနေသူတစ်ဦးကလည်း သွားရဖို့ထပ်ကြာဦးမယ်ဆိုရင် ထိုင်းကိုသွားဖို့စဥ်းစားနေတယ်လို့ဆိုပါတယ်။” မနှစ်ကတည်းက မလေးသွားမလို့ လိုက်ချိတ်နေတာ အခုထိမရသေးဘူး ” လို့ သူက ပြောပါတယ်။
  • အဲဒီလိုမြန်မာအလုပ်သမားခေါ်ယူမှုနည်းလာတာကြောင့် မလေးရှားနိုင်ငံကို တရားမဝင်ခိုးဝင်တာတွေ များလာပြီး ဖမ်းဆီးခံရမှုတွေလည်း မြင့်တက်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။မလေးရှားနိုင်ငံက မြန်မာလုပ်သားအသစ်တွေကို ခေါ်ယူတာနည်းလာပေမယ့် အဲဒီနိုင်ငံကို တရားမဝင်ရောက်ရှိလုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပါမစ်တွေချပေးခဲ့တာရှိတယ်လို့ မြန်မာလုပ်သားအသိုင်းအဝိုင်းကဆိုပါတယ်။လက်ရှိမလေးရှားနိုင်ငံမှာ မြန်မာလုပ်သား နှစ်သန်းနီးပါးရောက်ရှိလုပ်ကိုင်နေကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X