International Labor

ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း အလုပ်အကိုင်ရထားပေမယ့် လုပ်သားရှားပါးမှု ရင်ဆိုင်နေရဆဲဖြစ်နေ

ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း အလုပ်အကိုင်ရထားပေမယ့် လုပ်သားရှားပါးမှု ရင်ဆိုင်နေရဆဲဖြစ်နေ

ခွန်သောမတ်
မေ ၂၉ ရက်၊ Migrant Times
  • ဂျပန်နိုင်ငံမှာ တက္ကသိုလ်အဆင့် ပညာသင်ကြားပြီးတဲ့ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း ကျော်ကို အခုနှစ်နွေဦးမှာ အလုပ်ခန့်ထားနိုင်ပြီးဖြစ်ပေမယ့် နိုင်ငံတွင်း လုပ်သားရှားပါးမှု ပြဿနာကို ထပ်မံရင်ဆိုင်နေရပြီး COVID-19 ကပ်ရောဂါဘေးအလွန်မှာ စီးပွားရေး ပြန်လည်ကောင်းမွန်လာကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်အထိ ဘွဲ့ရများရဲ့ စုစုပေါင်း ၉၇ ဒသမ ၃ ရာခိုင်နှုန်းကို အလုပ်ခန့်ထားပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း တတိယမြောက် အမြင့်ဆုံး ကိန်းဂဏန်းဖြစ်ကြောင်း အလုပ်သမားနှင့်ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
  • ကုမ္ပဏီများ၏ အလုပ်အကိုင်ကမ်းလှမ်းမှု များလည်း အားကောင်းနေပြီး အချို့သော ကုမ္ပဏီများသည် COVID-19 ကူးစက်ရောဂါ မဖြစ်ပွားမီ အခြေအနေထပ်တူ ခန့်အပ်လိုမှု များနေကြောင်း အလုပ်သမား နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။အစိုးရ နှင့် ပုဂ္ဂလိက တက္ကသိုလ်များ စုစုပေါင်း ၆၂ ခုမှ ဘွဲ့ရပြီးသူများကို ခြုံငုံသုံးသပ်ထားပြီး အလုပ်အကိုင် ရနှုန်းဟာ လူမှုသိပ္ပံနှင့် လစ်ဘရယ်အနုပညာ ဘွဲ့ရ​ေတွအတွက် ၁ ဒသမ ၇ ရာခိုင်နှုန်းကနေ ၉၇ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ သိပ္ပံဘွဲ့ရ​တွေအတွက် ၀ ဒသမ ၇ ရာခိုင်နှုန်းမှ ၉၈ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာပြီး စစ်တမ်းကောက်ယူမှု ရလဒ်ဖြစ်ကြောင်း ကျိုဒိုသတင်းဌာနမှာ ဖော်ပြထားပါတယ်။
  • အထက်တန်းကျောင်းသား၊ ကျောင်းသူတွေဟာလည်း သူတို့ရဲ့ ပညာရေးကို ဆက်လက် သင်ကြားဖို့ ဆုံးဖြတ်ကြပြီး အစိုးရကလည်း ပညာတော်သင်ဆု အစီအစဉ်အနေနဲ့ ၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ ငွေကြေးအခက်အခဲကြုံ တွေ့နေရသူ​ေတွအတွက် သင်တန်းကြေးလျှော့ချခြင်း သို့မဟုတ် လျှော့ပေါ့ပေးခြင်း အပါအဝင် အခွင့်အလမ်းသစ်တွေပေးထားကြောင်း ဂျပန် ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ဆက်လက်ပြောကြားပါတယ်။
ကိုးကား၊ ဓာတ်ပုံ – InfoQuest သတင်းအေဂျင်စီ

Leave a Reply

Your email address will not be published. Required fields are marked *

X