Uncategorized

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားကို လူမိုက်ဂိုဏ်းက ပြန်ပေးဆွဲ သတ်ဖြတ်

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားကို လူမိုက်ဂိုဏ်းက ပြန်ပေးဆွဲ သတ်ဖြတ်

ဇွန် ၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်၊ ကရထုန်ဘဲန်မြို့နယ်၊ ခယ်ရိုင်ရပ်ကွက်က မြန်မာလုပ်သားတစ်ဦးကို မြန်မာလုပ်သားလူမိုက်ဂိုဏ်းက ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။Krathum Baen မြို့၊ Khae Rai ရပ်ကွက်ရှိ ပြန်ကျစျေး ဆိုင်ခန်းကနေ မြန်မာလုပ်သား ကိုစောအောင်ကို မြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင် ၅ ဦးက ခေါ်ဆောင် ဖမ်းဆီးသွားကာ ကိုစောအောင်ရဲ့ ကားနဲ့ ထွက်ပြေးသွားခဲ့တာကို လုံခြုံရေးကင်မရာမှတ်တမ်းကတစ်ဆင့် သိရှိခဲ့ပြီး ကိုစောအောင်ရဲ့ အလောင်းကို စမွတ်ဆွန်ခရမ်ပြည်နယ်၊ စမွတ်ဆွန်ခရမ်မွိုင့်မြို့၊ ဘန်ကျကရိန်ကျေးရွာအုပ်စုရှိ ရွာအမှတ်-၄ ပုဇွန်ကန်မှာ တွေ့ရှိခဲ့တယ်လို့ ရဲမှူးချုပ် Thanayut Wutcharathamrong က ပြောကြားပါတယ်။
  • အဲဒီမြန်မာလူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေကို ဇွန်လ ၅ ရက်က ကန်ကျနဘူရီပြည်နယ်၊ Thong Pha Phum မြို့နယ်ရှိ တောတွင်းနေအိမ်မှာ သက်သေနဲ့အတူ တွေ့ရှိခဲ့ပြီး လူမိုက်ဂိုဏ်းအဖွဲ့ဝင် ၄ ဦးက ထွက်ပြေးလွတ်မြောက်သွားတာကြောင့် အမြန်ဆုံး ဖမ်းဆီး အရေးယူမယ်လို့ ရဲမှူးချုပ် Thanayut Wutcharathamrong က ပြောပါတယ်။လူမိုက်ဂိုဏ်းအဖွဲ့ဝင်တစ်ဦးရဲ့ ဇနီးကို အဓမ္မပြုကျင့်ခဲ့တာကြောင့် ကိုစောအောင်ရဲ့ လည်ချောင်းကိုဖြတ်၊ သတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ခဲ့ကြောင်း၊ ကားကို Phetchaburi ပြည်နယ်မှာ ထားခဲ့ကြောင်း ဖမ်းဆီးခံထားရတဲ့ တရားခံက ထွက်ဆိုထားပါတယ်။
ကိုးကား၊ ဓာတ်ပုံ-news.ch7.com

Leave a Reply

Your email address will not be published. Required fields are marked *

X