Labor

ဟိုစိမ့်စက်ရုံမှလုပ်ခတိုးတောင်းတဲ့အလုပ်သမား​တွေကိုအလုပ်ထုတ်လိုက်တဲ့အပေါ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ထံတင်ပြထားတယ်လို့ဆို

ဟိုစိမ့်စက်ရုံမှလုပ်ခတိုးတောင်းတဲ့အလုပ်သမား​တွေကိုအလုပ်ထုတ်လိုက်တဲ့အပေါ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ထံတင်ပြထားတယ်လို့ဆို

ဇွန် ၁၆ ရက်
အရုဏ်ဦး၊ Migrant Times
  • ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်အထည်ချုပ်စက်ရုံမှလုပ်ခတိုးပေးဖို့တောင်းဆိုခဲ့တဲ့ အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုအလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ထံ တင်ပြတိုင်ကြားထားတယ်လို့ မြန်မာနိူင်ငံဆောက်လုပ်ရေး၊သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကထုတ်ပြန်ပါတယ်။မြန်မာနိူင်ငံက စက်ရုံလုပ်ငန်းခွင်တွေမှာ ဟို​စိမ့်စက်ရုံလို ပြုမူနေတာတွေရှိနေပြီးအရေးဆောင်ရွက်နိူင်ဖို့အတွက် တင်ပြထားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
  • ILOအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မြန်မာနိူင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုး​ဖောက်​နေတာနဲ့ အဓမ္မစေခိုင်းမူတွေရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို စစ်ဆေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ဟိုစိမ့်အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၅၆၀၀ကျပ်ပေးဖို့ မေလကုန်ပိုင်းကတောင်းဆိုခဲ့ကြတာဖြစ်ပြီး စက်ရုံဘက်ကတောင်းဆိုချက်ကိုလက်ခံလိုက်ပေမယ့် အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုတော့ လုပ်ငန်းခွင်အတွင်းဆူပူအောင်လုပ်လို့ဆိုပြီးအလုပ်ကထုတ်လိုက်တာဖြစ်ပါတယ်။”အခုထိလည်းအလုပ်ထုတ်ခံရသူတွေပြန်လက်ခံတယ်မကြားဘူး။ကျန်အလုပ်သမားတွေလည်းမကျေနပ်ကြဘူး”လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။
  • အဲဒီလို အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုအလုပ်ထုတ်လိုက်တဲ့အပေါ် စက်ရုံလုပ်သားတွေကမကျေနပ်လို့ ဇွန်၁၃ရက်က လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။အဲဒီနောက် ဌာနဆိုင်ရာတာဝန်ရှိသူတွေရောက်လာပြီး ညှိနှိုင်းကာ နောက်တစ်နေ့မှာ အလုပ်ထုတ်ခံရတဲ့ကိစ္စဖြေရှင်းပေးမယ်ဆိုပြီးချိန်းဆိုလိုက်ပါတယ်။ချိန်းဆိုတဲ့နေ့မှာ အလုပ်ထုတ်ခံရတဲ့သူတွေဟာ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ ညှိနှိုင်းပြီးအပြန် အလုပ်ထုတ်ခံရသူတစ်ဦးဖြစ်တဲ့မသူသူစံကို အရပ်ဝတ်ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စက်ရုံလုပ်သားတချို့ကဆိုပါတယ်။ဘာကြောင့်ဖမ်းတယ်ဆိုတာအတိအကျမသိရသေးသလို အဆက်အသွယ်လည်းမရဘူးလို့ သူတို့ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X