Labor

စိတ်ကြွဆေးပြား သုံးသိန်းကျော် သယ်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦး ထိုင်းမြောက်ပိုင်းတွင် ဖမ်းမိ

စိတ်ကြွဆေးပြား သုံးသိန်းကျော် သယ်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦး ထိုင်းမြောက်ပိုင်းတွင် ဖမ်းမိ

ဇွန် ၁၆ ရက်၊ Migrant Times
  • ထိုင်း−မြန်မာနယ်စပ် ချင်းမိုင်ခရိုင်မှာ ဆေးပြား ၃၀၀,၀၀၀ ကျော် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဇွန်လ ၁၅ ရက် ညပိုင်းက ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မြန်မာနယ်ခြားမျဉ်းအနီး လမ်းလျှောက်လာတဲ့ မသင်္ကာသူ ၃ ဦးကို တွေ့ရှိခဲ့လို့ လိုက်လံဖမ်းဆီးရာမှာ ၂ ဦး ဖမ်းမိခဲ့တာပါ။ သူတို့ကို စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၃၄၂,၀၀၀ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ဖမ်းဆီးရမိသူတွေကို ချ​င်းဒေါင်းမြို့မ ရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးခိုးသွင်းမှုကို ဖမ်းဆီးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ တပ်လှန့်ထားကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
(စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူများကို ထိုင်းစစ်တပ်က ဖမ်းမိထားစဉ်/ဓာတ်ပုံ-Pha Muang task force)

Leave a Reply

Your email address will not be published. Required fields are marked *

X