Food Labor

Pepsiအချိုရည်စက်ရုံကိုအလုပ်သမားကတရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်းကို ဇူလို​င် ၇ရက်မှာ ခေါ်ထား

Pepsiအချိုရည်စက်ရုံကိုအလုပ်သမားကတရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်းကို ဇူလို​င် ၇ရက်မှာ ခေါ်ထား

ဇွန် ၁၈ ရက်
အရုဏ်ဦး၊ Migrant Times
  • Pepsi အချိုရည်စက်ရုံက တာဝန်ရှိသူနှစ်ဦးကို အလုပ်သမားကတရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ ပထမဆုံးရုံးချိန်းကို ဇူလိုင် ၇ရက်မှာ ခေါ်ယူထားတယ်လို့ အဲဒီအလုပ်သမားဘက်ကကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ဆိုပါတယ်။စက်ရုံအလုပ်သမားဖြစ်သူဦးသောင်းဟန်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်နဲ့မကိုက်ညီဘဲအလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့ အလုပ်သမားကစက်ရုံCEOနဲ့ HRတို့ကို မှော်ဘီမြို့နယ်တရားရုံးမှာ တရားမမှုနဲ့တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။”တရားမျှတမှုအတွက် နစ်နာတဲ့အလုပ်သမားကအဆုံးထိရင်ဆိုင်သွားဖို့ရှိနေပါတယ်”လို့ STUMမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
  • ဦးသောင်းဟန်ဟာ Pepsiစက်ရုံမှာ အလုပ်လုပ်နေတာ နှစ် ၂၀ ကျော်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စက်ရုံဘက်က အကြောင်းမဲ့အလုပ်ထုတ်လိုက်တာလို့ဆိုပါတယ်။အလုပ်ထုတ်လိုက်တဲ့အတွက် ပေးရမယ့်နစ်နာကြေးတွေကိုလည်း မူလက စက်ရုံဘက်ကပေးဖို့ငြင်းဆန်ခဲ့ပြီး ညှိနှိုင်းမှုတွေအကြိမ်ကြိမ်လုပ်ပြီးမှသာ နစ်နာကြေးအနည်းငယ်ကိုပေးဖို့ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။အလုပ်သမားဘက်က ရသင့်တဲ့နစ်နာကြေးအပြည့်အဝရရှိဖို့နဲ့ ကြားကာလညှိနိူင်းမှုတွေလုပ်စဥ်မှာ အချိန်ကုန်ပြီးအလုပ်မဖြစ်ခဲ့တာကြောင့် နစ်နာမှုတွေရှိခဲ့တယ်လို့ ဦးသောင်းဟန်ကပြောထားပါတယ်။
  • အဲဒီလိုနစ်နာမှုတွေရှိခဲ့တာကြောင့် တရားမ နစ်နာကြေး ကျပ်သိန်း တစ်ရာကျော် ရလိုမှုနဲ့တရားစွဲဆိုလိုက်တာလို့လည်း သိရပါတယ်။Pepsi အချိုရည်စက်ရုံကို မူလက Myanmar Golden Beverageကုမ္ပဏီက လုပ်ကိုင်ခဲ့ပြီး ၂၀၁၃-၂၀၁၄မှာ တောင်ကိုရီးယားနိုင်ငံက Lotteနဲ့ဖက်စပ်ပြောင်းလဲလုပ်ကိုင်နေတာဖြစ်တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X