Labor

မြန်မာလုပ်သားသုံးဦးအပါအဝင် လူလေးဦးကို သတ်ဖြတ်မှုအတွက် သံသယရှိသူကို ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးထား

မြန်မာလုပ်သားသုံးဦးအပါအဝင် လူလေးဦးကို သတ်ဖြတ်မှုအတွက် သံသယရှိသူကို ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးထား

ဇူလိုင် ၁၈ရက်၊ Migrant Times
  • မြန်မာအလုပ်သမားသုံးဦးနဲ့ အသက် ၆၀ အရွယ် ထိုင်းလူမျိုးတစ်ဦး စုစုပေါင်း လေးဦးကို ရက်စက်စွာပစ်ခတ်၊ သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ရနိုင်တဲ့ လူတစ်ဦးကို ထိုင်းတောင်ပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။အသက် ၄၄ နှစ်အရွယ် အဲဒီသံသယတရားခံဟာ လူလေးဦးသတ်ဖြတ်ခြင်းခံရတဲ့အနီးအနားတဝိုက်မှာပဲ ခွေးတစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း စွပ်စွဲခြင်းခံခဲ့ရပါတယ်။အဲဒီသတ်ဖြတ်မှုတွေဟာ ပြီးခဲတဲ့ တနင်္ဂနွေနေ့က Nakhon Si Thammarat ခရိုင်ရဲ့ Moo 19 ဧရိယာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်က ဒေသခံတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။
  • မနေ့က သိရှိရတဲ့ သတင်းတွေအရ သံသယတရားခံ Prapan Naksiri ဟာ အသတ်ခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ Prayong Somnuke ပိုင်ဆိုင်တဲ့ ပစ်ကပ်ထရပ်ကားနဲ့ Surat Thani ခရိုင်ဆီ ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမဲ့ Prapan Naksiri ဟာ ယာဥ်မတော်တဆဖြစ်ပွားမှုနဲ့ ကြုံခဲ့ရပြီး ကျောပိုးအိတ်နဲ့ သေနတ်တစ်လက်ယူဆောင်ကာ ပစ်ကပ်ထရပ်ကားကို ခပ်မြန်မြန်စွန့်ခွာခဲ့ပါတယ်။မနေ့က နေ့ခင်းဘက်မှာတော့ ရဲတပ်ဖွဲ့ဟာ Surat Thani ခရိုင် Chai Buri မြို့ ကျေးရွာတစ်ရွာမှာ လမ်းမပေါ် ဦးတည်ရာမဲ့လျှောက်သွားနေတဲ့ Prapan ကို တွေ့ရှိခဲ့ပြီး သူ့ကို ဖမ်းဆီးချိန်မှာ သံသယတရားခံဟာ မျက်စိလည်လမ်းမှားနေပုံပေါ်တယ်လို့ သိရပါတယ်။
  • စုံစမ်းစစ်ဆေးမှုများအတွင်း သံသယတရားခံရဲ့ ကျောပိုးအိတ်ထဲက ပြစ်မှုကျူးလွန်ကြောင်း သက်သေ မတွေ့ရှိရဘဲ လူသတ်မှုများအတွင်း အသုံးပြုတဲ့ သေနတ်ကိုလည်း မတွေ့ရသေးပါဘူး။ရဲတပ်ဖွဲ့ဟာ သံသယတရားခံကို Nakhon Si Thammarat ရဲစခန်းကို ပြန်လွှဲပြောင်းပေးဖို့ စီစဥ်နေပေမယ့် Prapanရဲ့ အခြေအနေ မတည်ငြိမ်သေးလို့ ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။
Ref: Thaiger

Leave a Reply

Your email address will not be published. Required fields are marked *

X