International Labor

ထိုင်းနိုင်ငံမှာ ဘွဲ့ရလူငယ်နဲ့ အလုပ်သမားတွေအတွက် လစ်လပ်ရာထူး ၆ သိန်းကျော် ရှိနေ

ထိုင်းနိုင်ငံမှာ ဘွဲ့ရလူငယ်နဲ့ အလုပ်သမားတွေအတွက် လစ်လပ်ရာထူး ၆ သိန်းကျော် ရှိနေ

ဇူလိုင် ၁၉ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ ဘွဲ့ရလူငယ်တွေနဲ့ အလုပ်သမားတွေ အတွက် လစ်လပ်ရာထူး ၆ သိန်းကျော် ရှိနေကြောင်း ထိုင်း အလုပ်အကိုင် ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံဟာ ကိုဗစ်အလွန်ကာလမှာ စီးပွားရေးဘက်စုံ ပြန်လည်ကောင်းမွန်လာပြီး ဘွဲ့ရလူငယ်တွေအတွက် လစ်လပ်ရာထူး ၆၈၄,၂၇၇ ကျော်က အသင့်စောင့် ကြိုနေတယ်လို့ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူး မစ်စတာဖုဲငျရိုဈက ပြောပါတယ်။
  • ထိုင်းနိုင်ငံတွင်း အလုပ်သမားစျေးကွက်အနေနဲ့ပြည်တွင်းစားသုံးမှု ထုတ်ကုန်နဲ့ ပို့ကုန်အတွက် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းစတာတွေမှာ အလုပ်သမားလိုအပ်နေပြီး ပြည်ပအလုပ်သမားစျေးကွက်အနေနဲ့ ဆော်ဒီအာရေဗျ၊ ဩစတြေးလျ၊ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတွေကလည်း ထိုင်းအလုပ်သမားတွေကို လိုအပ်နေပါတယ်။ထိုင်းနိုင်ငံတွင်းမှာ ထိုင်းလူမျိုးများ မလုပ်ဆောင်နိုင်တဲ့လစ်လပ်အလုပ်နေရာတွေမှာ အစားထိုးဖို့ အိမ်နီးချင်းနိုင်ငံတွေကနေ အလုပ်သမားတွေ ခေါ်ယူမယ်လို့ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူး မစ္စတာ က ပြောကြားပါတယ်။
ကိုးကား-nationtv

Leave a Reply

Your email address will not be published. Required fields are marked *

X