International Labor

တောင်ကိုရီးယားမှာ မြန်မာအပါအဝင် လုပ်သားတွေရဲ့အနည်းဆုံးလုပ်ခတိုး

တောင်ကိုရီးယားမှာ မြန်မာအပါအဝင် လုပ်သားတွေရဲ့အနည်းဆုံးလုပ်ခတိုး

ဇူလိုင် ၁၉ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၄ ခုနှစ်မှာ ပေးရမယ့်အနည်းဆုံးလုပ်ခနှုန်းထားအသစ်ကို သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။လက်ရှိ တစ်နာရီ လုပ်အားခ (အနိမ့်ဆုံး လုပ်အားခ) ၉၆၂၀ ဝမ်ကနေ ၂၀၂၄ ခုနှစ်မှာ တစ်နာရီ လုပ်အားခ ၉၈၆၀ ဝမ်အထိ ၂၄၀ ဝမ် တိုးမြှင့် သတ်မှတ်ပေးလိုက်တာ​ဖြစ်ပါတယ်။အဲဒီလုပ်အားခနှုန်းထားအသစ်ကို တောင်ကိုရီးယားရောက်မြန်မာလုပ်သားတွေလည်း ခံစားခွင့်ရှိမှာဖြစ်တဲ့အတွက် လုပ်ခငွေ ပိုတိုးခံစားခွင့်ရစေမှာလို့ မြန်မာလုပ်သားအရေးကူညီနေသူတွေက ဆိုပါတယ်။” အလုပ်သမားတွေကတော့ လုပ်ခ တိုးလိုချင်ကြတာပဲလေ။ မျှော်လင့်သလိုဖြစ်လာတာပေါ့” လို့ မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုအောင်လင်းက ပြောပါတယ်။
  • တောင်ကိုရီးယားနိုင်ငံရဲ့လက်ရှိလုပ်အားခဟာ မြန်မာငွေနဲ့တွက်ရင် တစ်နာရီကို ၁၆၀၀၀ ကျပ်ကျော်ရှိပြီး ၂၀၂၄ ခုနှစ်မှာ ဝမ် ၂၄၀ တိုးလိုက်တဲ့အတွက် တစ်နာရီ ၄၀၀ ကျပ်ဝန်းကျင်ပိုလာစေမှာဖြစ်ပါတယ်။အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ရေး ကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီမှ ဇူလိုင် ၁၉ ရက် မနက် ၆ နာရီအထိ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ် ၂၇ ဦးတို့က အကြိတ်အနယ် ဆွေးနွေးပြီးတဲ့နောက် နှုန်းထားအသစ်သတ်မှတ်လိုက်နိုင်တာလို့ ဆိုပါတယ်။
  • အဲဒီကော်မတီ၂၇ ဦးမှာ အလုပ်သမားအဖွဲ့က ၉ ဦး၊ အလုပ်ရှင်အဖွဲ့က ၉ ဦး အစိုးရဘက်က ၉ ဦးတို့ပါဝင်ပြီး တစ်နာရီ တစ်သောင်း ဝမ် သတ်မှတ်ပေးဖို့ အဆိုပြုတဲ့ အလုပ်သမား အဖွဲ့ဘက်က ပုဂ္ဂိုလ်တစ်ဦးက အစာငတ်ခံဆန္ဒပြနေရာက​ေနအချုပ်ခံရဆဲဖြစ်လို့တက်ရောက်နိုင်ခြင်း မရှိဘူးလို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့မြန်မာလုပ်သား ၅၀,၀၀၀နီးပါး ရောက်ရှိလုပ်ကိုင်နေကြတာပါ။
ဓာတ်ပုံ- တောင်ကိုရီးယားနိုင်ငံကို EPS စနစ်ဖြင့်အလုပ်သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားများကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *

X