Labor

ထိုင်းမှာ တရားမဝင် အလုပ်သမားတင်ဆောင်လာတဲ့ကား နဲ့ ကုန်တင်ကား တိုက်မိပြီး ၅ ဦးသေဆုံး၊ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ဇူလိုင် ၂၀ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မွိုင်မြို့နယ်မှာ တရားမဝင်မြန်မာ ေရွှ့ပြောင်းအလုပ်သမား တင်ဆောင်လာတဲ့ ပစ်ကပ်ကားနဲ့ ကုန်တင်ကား ၁၀ ဘီးယာဉ်တိုက်မှုဖြစ်ပွားပြီး ၅ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။တရားမ၀င် မြန်မာအလုပ်သမား ၁၇ ဦးကို ပစ်ကပ် ကားဖြင့် တင်ဆောင်လာစဥ် ဖဟွန်ယိုထင်အဝေးပြေး လမ်းမကြီး လမ်းဆုံ မီးပွိုင့်မှာ ကုန်တင်ကား ၁၀ ဘီးယာဥ်ကြီးနဲ့ ပြင်းထန်စွာတိုက်မိပြီး ၅ ဦး သေဆုံကာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ တာ့ခ်ပြည်နယ်၊ မွိုင့်မြို့မရဲစခန်းမှ ရဲမှူးကြီး Sittichai Yimyuan က ပြောပါတယ်။Phitsanulok ပြည်နယ် မှ တာ့ခ်ပြည်နယ် မဲဆောက်မြို့ကို မောင်းလာတဲ့ ကုန်တင်ကားမောင်းသမားဟာအိပ်ပျော်သွားကာ ပစ်ကပ်ကားကို အရှိန်ပြင်းပြင်း တိုက်မိတာလို့ ကုန်တင်ကားမောင်းသူ Mr. Chaturong က ပြောပါတယ်။ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာနဲ့ တရားမ၀င် လူကုန်ကူးမှုဖြင့် တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်မယ်လို့ တာ့ခ်ပြည်နယ် မွိုင့်မြို့မရဲစခန်းမှ ရဲမှူးကြီး Sittichai Yimyuan က ပြောပါတယ်။
    ကိုးကား-news.ch7

Leave a Reply

Your email address will not be published. Required fields are marked *

X