International Labor

အာရှပစိဖိတ်ဒေသရှိ အမျိုးသမီးများသည် လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှု ရှိနေဆဲဖြစ်

အာရှပစိဖိတ်ဒေသရှိ အမျိုးသမီးများသည် လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှု ရှိနေဆဲဖြစ်

ဇူလိုင် ၂၁ ရက်
ခွန်သောမတ်၊ Migrant Times
  • အာရှ ပစိဖိတ်ဒေသရှိ အမျိုးသမီးများသည် အလုပ်အကိုင်၏ လုပ်ငန်းခွင်နှင့် လုပ်အားခရရှိမှုတွင် Gender Equality and Development ကျားမတန်းတူရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။အသက် 25 နှစ် အထက်ရှိ လုပ်ငန်းခွင်မှာ လုပ်သားပါဝင်မှုနှုန်းကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး Labor force participation rate အရှေ့တောင်အာရှတွင် အမျိုးသမီးများ၏ လုပ်သားပါဝင်မှုနှုန်းသည် 59.4% ရှိပြီး အမျိုးသား၏ လုပ်သားပါ၀င်မှုနှုန်ူးမှာ 85.1% ကွာခြားမှုများ တွေ့ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
  • အရှေ့အာရှတွင် အမျိုးသမီးတို့၏ ပညာရေးနှင့် ပတ်သက်၍ ကျားမတန်းတူညီမျှမှုမှာ ရှင်းလင်းစွာ တိုးတက်မှု ရှိသော်လည်း လက်တွေ့မှာ ပညာရေးတွင် မညီမျှမှုများ ဆက်လျက်ရင်ဆိုင် နေရဆဲ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ထိုင်းနိုင်ငံတွင် အရွယ်ရောက်ပြီးသူ အမျိုးသမီး စာတတ်မြောက်မှု အချိုးနှုန်းသည် စစ်တမ်းကောက်ယူမှု၏ အချက်အလက်များအရ 92.4% ရှိပြီး အာဆီယံနိုင်ငံထက် နိမ့်ကျမှု ရှိနေပြီး ဖိလစ်ပိုင်က 98.2%, ဘရူနိုင်း 96.3%, Singapore က 95.9%, Indonesia 94.0%, Vietnam 93.6% နဲ့ Malaysia 93.5%.ရှိနေကြောင်းတွေ့ရပြီး လာအိုက ၇၉.၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၇၅.၀ ရာခိုင်နှုန်း မြန်မာက ၇၁.၈ ရာခိုင်နှုန်း အသီးသီး အမျိုးသမီးစာတတ်မြောက်မှု တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
  • အမျိုးသမီးတို့၏ ပညာရေး အမြင့်ဆုံးနိုင်ငံမှာ Uzbekistan တွင် 100% ဖြစ်ပြီး ကာဇက်စတန်၊ Azerbaijan၊ Tajikistan နှင့် Armenia 99.7% တို့ဖြစ်ပြီး တရုတ်နိုင်ငံတွင် အမျိုးသမီး စာတတ်မြောက်မှုနှုန်း ၉၅.၂ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။အမျိုးသမီးစာတတ်မြောက်မှု အချိုးအနိမ့်ဆုံးနိုင်ငံသည် အာဖဂန်နစ္စတန်တွင် ၂၉.၈ ရာခိုင်နှုန်း နှင့် ပါကစ္စတန်က ၄၆.၅ ရာခိုင်နှုန်းနှင့် ဘူတန်က ၅၇.၁ ရာခိုင်နှုန်းရှိကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
InfoQuest သတင်းအေဂျင်စီ

Leave a Reply

Your email address will not be published. Required fields are marked *

X