Labor

ညလုံးပေါက်အချိန်ပိုဆင်းရလို့ကျန်းမာရေးမကောင်းတဲ့အလုပ်သမားအလုပ်ထုတ်ခံရတယ်လို့ဆို

ညလုံးပေါက်အချိန်ပိုဆင်းရလို့ကျန်းမာရေးမကောင်းတဲ့အလုပ်သမားအလုပ်ထုတ်ခံရတယ်လို့ဆို

ဇူလိုင် ၂၁ ရက်
အရုဏ်ဦး၊ Migrant Times
  • HONG MIAOအထည်ချုပ်စက်ရုံမှညလုံးပေါက်အချိန်ပိုဆက်တိုက်ခေါ်ပြီး ကျန်းမာရေးထိခိုက်လာလို့ ဆက်ပြီးအချိန်ပိုမဆင်းနိူင်တဲ့အလုပ်သမားတစ်ဦးအလုပ်ထုတ်ခံရတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှူဇုန်ရှိ HONG MIAO အထည်ချုပ်စက်ရုံမှအလုပ်သမားတဦးအား ဥပဒေနှင့်မညီဘဲအလုပ်ဇူလိုင်လ ၁၅ ရက်ကအလုပ်ထုတ်ခံရတာလို့ STUMကထုတ်ပြန်ထားပါတယ်။အဲဒီနေ့က တညလုံး အချိန်ပို ဆင်းခိုင်းရာအလုပ်ထုတ်ခံရသူဟာ ည၁၂နာရီအထိသာ အလုပ်လုပ်နိုင်ပြီး တကိုယ်လုံးကိုက်ခဲ ​ပြီးအလုပ် မလုပ်နိုင်တော့တာကြောင့် အနားယူဖို့သတ်မှတ်ထားတဲ့နေရာမှာ အနားယူခဲ့တယ်လို့ဆိုပါတယ်။
  • အလုပ်သမားမှာ ဇူလိုင် ၁၀ ရက်နေ့မှ စပြီး အချိန်ပိုညလုံးပေါက် ဆက်တိုက် ဆင်းခဲ့ရတာကြောင့် အလုပ်ဆက်မလုပ်နိုင် အောင် ပင်ပန်းနွမ်းနယ် နေပေမယ့် All Super ဖြစ်သူက လက်မခံဘဲအတင်းဆက်လုပ်ခိုင်းတယ်လို့ အလုပ်သမားရဲ့ပြောကြားချက်ကို ကိုးကားပြီး STUMရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလုပ်သမားကအလုပ်ဆက်လုပ်ဖို့ငြင်းဆန်ခဲ့ပြီး မိုးလင်းထိ မလုပ်ခဲ့တဲ့အတွက် တနင်္လာနေ့ အလုပ် တက်တဲ့အချိန်မှာ HR မန်နေဂျာ မှ အလုပ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။”ဘာ့ကြောင့်ထုတ်တာလဲ လို့မေးတဲ့အခါ မီးပူ တိုက်ခုံအောက်မှာကွမ်းတံတွေး ထွေးထားတဲ့ ရေသန့်ဘူး ကိုတွေ့လို့ အလုပ်ထုတ် ခြင်းဖြစ်တယ်လို့ မှတ်ချက်ပေးကြောင်း” ထုတ်ပြန်ထားပါတယ်။
  • အလုပ်သမား တဦး ကို ဥပဒေ နဲ့မညီဘဲအချိန်ပိုညလုံးပေါက် ​ခေါ်ယူ​ပြီးဖိအားပေးစေခိုင်းခြင်းမှာ (force labour)ဖြစ်ကာILO ရဲ့ စံချိန် စံညွှန်း​တွေနဲ့မကိုက်ညီဘဲအခုလို အလုပ်သမား အခွင့်ရေး ချိုးဖောက်ထားတဲ့စက်ရုံအား ထိရောက်တဲ့အရေးယူ မှူမျိုး မပြုလုပ်ဘဲ အလုပ်ထုတ်ခံအလုပ်သမား ကိစ္စကို လစ်လျူရှူထားသူများ ကို အများပြည်သူ သိရှိအောင်အသိပေး ရခြင်းဖြစ်တယ်လို့ STUMကဆိုပါတယ်။
ပုံစာ-HONG MIAOအထည်ချုပ်စက်ရုံကချုပ်လုပ်တဲ့အထည်အမှတ်တံဆိပ်တခု

Leave a Reply

Your email address will not be published. Required fields are marked *

X