Labor

Pepsi စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားကတရားစွဲဆိုမှု တိုင်းတရားရုံးကိုလွှဲ

Pepsi စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားကတရားစွဲဆိုမှု တိုင်းတရားရုံးကိုလွှဲ

ဇူလိုင် ၂၇ ရက်
အရုဏ်ဦး၊ Migrant Times
  • မှော်ဘီမြို့နယ်ရှိ Pepsiအချိုရည်စက်ရုံမှတာဝန်ရှိသူတွေကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်နဲ့မကိုက်ညီဘဲအလုပ်ထုတ်တာနဲ့ပတ်သက်လို့ ကာယကံရှင်အလုပ်သမားက ခရိုင်တရားရုံးမှာတရားစွဲဆိုထားမှုကို တိုင်းတရားရုံးမှာ ညှိနိူင်းဖို့ မနေ့က အမိန့်ချလိုက်တယ်လို့ အဲဒီအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အဲဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ တတိယ မြောက် ရုံးချိန်းကို မနေ့က ခေါ်ယူခဲ့တာဖြစ်ပြီး အလုပ်ရှင် အလုပ်သမား နှစ်ဖက်ကို ခရိုင်တရားသူကြီးက လက်ခံစစ်မေးခြင်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။စက်ရုံဘက်က လုပ်ငန်းရှင် မှ CEO နဲ့ HR ကိုယ်စား HR ကို တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခဲ့ပြီး အလုပ်သမားဖြစ်သူဦးသောင်းဟန်က ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
  • “အမှန်တရားအတွက်အဆုံးထိ ရင်ဆိုင်သွားမယ်”လို့ တရားစွဲဆိုသူဦးသောင်းဟန်က ပြောကြားပါတယ်။အဲဒီရုံးချိန်းမှာ တရားမ စေ့စပ်ညှိနှိုင်းရေးလုပ်ထုံးလုပ်နည်းအရ ​ဩဂုတ်လ ၁၄ရက် မနက် ၁၀ နာရီမှာ တိုင်းတရားရုံးဆီ နှစ်ဖက် ညှိနှိုင်းဖို့ ရုံးချိန်းပေးခဲ့တာ​ဖြစ်​ပြီး လုပ်ငန်းရှင်ဘက်မှ ညှိနှိုင်းရန်မလိုဘဲ အမှုကို ဆက်စစ်ရန် တောင်းဆိုခဲ့တယ်လို့ STUMရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ​ပေမဲ့ ခရိုင်တရားသူကြီးက အလုပ်ရှင်တောင်းဆိုချက်ကိုလက်မခံဘဲ တရားရုံး လုပ်ထုံး လုပ်နည်းအတိုင်း သွားဖို့ ဆုံး​ဖြတ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့ တိုင်းတရားရုံးမှာ နှစ်ဖက် ညှိနှိုင်း ရလဒ်ကို စက်တင်ဘာ ၁၄ ရက်မှာ ပြန်လည်တင်ပြရန် အမိန့်ချလိုက်တယ်လို့ဆိုပါတယ်။မ​နေ့ကရုံးချိန်းမှာ မှော်ဘီခရိုင်တရားရုံးသို့ Pepsi အချိုရည်စက်ရုံမှ မတရားအလုပ်ထုတ်ခံခဲ့ရတဲ့အလုပ်သမား​တွေနဲ့ STUM မှ သမဂ္ဂအဖွဲ့ဝင်များက ဦးသောင်းဟန်အား ဝန်းရံခဲ့ကြသလို ဩဂုတ်လ ၁၄ရက်မှာလည်း တိုင်းတရားရုံးမှာ ဆက်လက် ဝန်းရံ ပံ့ပိုးမယ်လို့ STUMက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X