Labor

စက်ရုံ၊အလုပ်ရုံတွေမှာ ဖျားနာမှု များနေပေမယ့်ခွင့်မရ

စက်ရုံ၊အလုပ်ရုံတွေမှာ ဖျားနာမှု များနေပေမယ့်ခွင့်မရ

ဇူလိုင် ၃၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်း စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားတွေ ဖျားနာတာ များနေပေမယ့် အလုပ်က ခွင့်မရဘူးလို့ သိရပါတယ်။အခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေး ကူးစက်ဖျားနာမှုတွေ မြင့်တက်နေရာ လူစုလူဝေးနဲ့ လုပ်ကိုင်နေရတဲ့လုပ်ငန်းခွင်တွေမှာလည်း ဖျားနာသူတွေ တိုးလာနေပါတယ်။” တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားနေလည်း ဆေးဝယ်သောက်ပြီး အလုပ်ဝင်ရတာ။ အလုပ်ပျက်တာနဲ့ ဒေးကြေးရော၊ ရက်မှန်ကြေးပါ အဖြတ်ခံရတာ ” လို့ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။
  • တချို့စက်ရုံတွေက နေမကောင်းလို့ အလုပ်မလာရင် အလုပ်ထုတ်မယ်ဆိုတာမျိုး ခြိမ်းခြောက်တာကြောင့် အလုပ်သမားတွေအနေနဲ့ မနားရဲဘူးလို့ ဆိုပါတယ်။အလုပ်သမားတွေ နေမကောင်းရင် တာဝန်ယူဆေးကုသပေးတဲ့ စက်ရုံက ရှားပြီး စက်ရုံအများစုက ဆေးပေးခန်းမှာ ဆေးအလုံအလောက်မရှိဘူးလို့ အလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။” သူနာပြုမရှိတဲ့ ရုံ၊ ပါရာစီတမော့တောင် လုံလုံလောက်လောက်မရှိတဲ့ ရုံတွေ အများကြီး။ လက်ရှိအခြေအနေကိုတာဝန်ရှိသူတွေ ကြပ်မတ်သင့်တယ် ” လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ COVID-19 ကပ်ရောဂါကာလကလည်း စက်ရုံတွေမှာ အခုလို ကျန်းမာရေး ဂရုစိုက်မှုအားနည်းချက်ကြောင့် အလုပ်သမားတွေ အစုလိုက်၊ အပြုံလိုက် ရောဂါကူးစက်ခဲ့ပါတယ်။
(ဓာတ်ပုံ- ပြည်တွင်းစက်မှုဇုန်တစ်ခုမှ အလုပ်သမားများကို တွေ့ရစဥ်)

Leave a Reply

Your email address will not be published. Required fields are marked *

X