International Labor

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ

ဩဂုတ် ၇ ရက်
ခွန်သောမတ်၊ Migrant Times
  • အမေရိကန်နိုင်ငံ၏ အလုပ်သမားစျေးကွက် နှင့် အလုပ်အကိုင်၏ ဝင်ငွေတိုးလာမှု နှစ်မျိုးလုံး အားကောင်းလာပြီး အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကြားတွင် ခံနိုင်ရည်ရှိ နေသည့် စီးပွားရေးကို ထောက်ပြကာ စားသုံးသူများ အပေါ် ယုံကြည်မှုကို ဖန်တီးပေး ကြောင်း Bloomberg ၏ အလုပ်သမား စာရင်းအင်းဗျူရိုက ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာန၏ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အလုပ်အကိုင် ရာထူးပေါင်း ၁၈၇,၀၀၀ ကျော် အလုပ်သမားစျေးကွက်သို့ ပို့ဆောင်နိုင်ပြီး ခန့်မှန်းထား သည်ထက် နည်းပါးနေသော်လည်း အမေရိကန် အလုပ်သမားဈေးကွက်က စဉ်းစားစရာ၊ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းလာကြောင်း ဖော်ပြထားပါတယ်။
  • တစ်နာရီလုပ်အားခသည် ပျမ်းမျှ ယခင်လမှ ၀ ဒသမ ၄ ရာခိုင်နှုန်း နှင့် ယမန်နှစ် အလားတူ လထက် ၄ ဒသမ ၄ရာခိုင်နှုန်း တိုးလာပြီး အလုပ်လက်မဲ့နှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ကြောင်း သိရပါတယ်။အမေရိကန်တွင် အလုပ်အကိုင် အရေအတွက်များ တဖြည်းဖြည်း တိုးလာပြီး ပိုမိုမျှတ သော လုပ်သားဈေးကွက်ကို ထင်ဟပ်စေကြောင်း နှင့် အတိုးနှုန်းမြှင့်တင်ခြင်းမှ အပြောင်းအလဲဖြစ်နိုင်ကြောင်း မြင့်မားသောအတိုးနှုန်းကို တူညီသောအဆင့်တွင် ဘယ်လောက်ထိ ထိန်းထားနိုင်မလဲဆိုတာ Federal Reserve ဥက္ကဋ္ဌ Raphael Bostic က ပြောပါတယ်။
ကိုးကား-thestandard.co

Leave a Reply

Your email address will not be published. Required fields are marked *

X