Labor

တောင်ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ယာဥ်တိုက်ခံရပြီး သေဆုံး

တောင်ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ယာဥ်တိုက်ခံရပြီး သေဆုံး

ဩဂုတ် ၇ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ဒီနေ့မနက် လုပ်ငန်းခွင်အတွင်း ယာဥ်တိုက်ခံရပြီး သေဆုံးသွားတယ်လို့ အဲဒီနိုင်ငံရှိမြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။ဒီနေ့ မနက် ၉ နာရီ အချိန်ခန့်က ဂယောင်ဆန်းနမ်ပြည်နယ် ဟာ့ချောင်းဂွန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ယာဥ်အဝင်အထွက် လမ်းပြလုပ်နေစဥ် မြေတင်ကား ဝင်တိုက်ခံရတာလို့ မြန်မာလုပ်သားအရေးကူညီနေတဲ့ ကိုဇော်မိုးအောင်က ဆိုပါတယ်။ကားတိုက်ခံရတဲ့ မြန်မာနိုင်ငံသားဟာ မြောက်ဥက္ကလာပမြို့နယ်နေ အသက်၂၇နှစ်အရွယ် ကိုပြေသိန်း ဖြစ်ပြီး သူ့ရဲ့နာရေးအစီအစဥ်အတွက်မိသားစုနဲ့တိုင်ပင်နေတယ်လို့ သိရပါတယ်။
  • တောင်ကိုရီးယားနိုင်ငံမှာ ဩဂုတ်လ ၅ရက်ကလည်း မြန်မာလုပ်သားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။အင်ချွန်းမြို့ကြီး ဆုန်ဒိုအနီး အဆင့်မြင့် အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ၁၅ ထပ်မှ ပြုတ်ကျကာသေဆုံးသွားတာဖြစ်ပါတယ်။ကွယ်လွန်သူဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမှိုင်းမြို့နေ ကလေး ၂ ယောက် ဖခင် အသက်၄၄နှစ်အရွယ် ကိုသိန်းထွန်း ဖြစ်တယ်လို့ မြန်မာလုပ်သားတွေအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့ဖေ့ဘွတ်ခ်လူမူကွန်ရက်မှာရေးသားအသိပေးထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ သုံးရက်အတွင်း မြန်မာလုပ်သား နှစ်ဦး လုပ်ငန်းခွင်မှာ သေဆုံးသွားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X