Labor

ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား တင်ဆောင်ပြီးမောင်းပြေးတဲ့ကားကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား တင်ဆောင်ပြီးမောင်းပြေးတဲ့ကားကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ဩဂုတ် ၈ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ချိုင်းနတ်ပြည်နယ်၊ ဆွန်အယာမြို့နယ်မှာမြန်မာရွှေ့ပြောင်းလုပ်သား ၉ ဦး တင်ဆောင်ပြီးမောင်းပြေးတဲ့ကားကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ဆွန်အယာမြို့နယ်၊ ဟတ်အာဆာကျေးရွာအုပ်စု၊ အဝေးပြေး အာရှလမ်းမကြီး အမှတ် ၃၂၊ ကီလိုမီတာ ၁၁၅ မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ဆင်ဘူရီပြည်နယ် အမြန်လမ်းရဲတပ်ဖွဲ့က တိုယိုတာကားတစ်စီးကို မသင်္ကာလို့ တားဆီးရာမှာ မောင်းပြေးခဲ့ပါတယ်။မောင်းပြေးတဲ့ကားကို ဆွန်အယာမြို့​နယ်၊ ခေါ၀်ကျော့ ကျေးရွာအုပ်စု၊ မူထိ ၃ အနီးရှိ တူးမြောင်းတစ်နေရာမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ကားပေါ်မှာ လိုက်ပါလာတဲ့ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာ ၉ ဦးနဲ့ သူတို့်ကိုPhra Nakhon Si Ayutthaya ပြည်နယ်ကို ပို့ဆောင်ပေးတဲ့ထိုင်းနိုင်ငံသား မစ္စတာ Santichai ကို ဆွန်အယာမြို့နယ်ရဲစခန်းမှာ ဥပဒေအရ အရေးယူထားတယ်လို့ ဒု-ရဲမှူးကြီး Sawattha Boonmee၊ က ပြောပါတယ်။
ကိုးကား- www.nationtv.tv

Leave a Reply

Your email address will not be published. Required fields are marked *

X