Labor

ကိုရီးယားရောက်မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို စက်တင်ဘာလ ၁ရက်ကစပြီး ယာယီရပ်နားမယ်

ကိုရီးယားရောက်မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို စက်တင်ဘာလ ၁ရက်ကစပြီး ယာယီရပ်နားမယ်

ဩဂုတ် ၂၈ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားရောက်မြန်မာတွေအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့လုပ်ငန်းစဥ်တွေကို စက်တင်ဘာလ ၁ ရက်ကစပြီး ယာယီရပ်နားမယ်လို့ ဆိုးလ်မြို့၊ မြန်မာသံရုံးက ကြေညာထားပါတယ်။နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့စက်ကို ပြုပြင်ထိန်းသိမ်းရမှာဖြစ်လို့ ရပ်နားမှာလို့ ဆိုပါတယ်။အဲဒါကြောင့် နိူင်ငံကူးလက်မှတ်လျှောက်ထားတာကို သောကြာနေ့(စက်တင်ဘာလ ၁ရက်)ကစပြီး ရပ်နားထားမှာဖြစ်ပြီး ပြန်လက်ခံမယ့်ရက်ကို ထပ်မံအသိပေးအကြောင်းကြားမယ်လို့ ဖော်ပြထားပါတယ်။
  • ဒါ့အပြင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားပြီးသူတွေရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်အသစ်တွေကို သတ်မှတ်ထားတဲ့နေ့အတိုင်း ဆက်လက်ထုတ်ပေးသွားမယ်လို့​ မြန်မာသံရုံးက ဆိုပါတယ်။” သူက ဘယ်လောက်ကြာမယ် မကြေညာထားတော့ အရေးပေါ် သက်တမ်းတိုးမယ့်သူတွေ အခက်အခဲတော့ ရှိနိုင်တယ် ” လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။တောင်ကိုရီးယားရှိ မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးလို့ အသစ်လျှောက်ထားမှုအတွက် ဒဏ်ကြေးကို ဇူလိုင်လက တိုးမြှင့်ခဲ့ပါသေးတယ်။အရင်က ဒဏ်ကြေး ၇၅ ဒေါ်လာနဲ့ စာအုပ်တန်ဖိုး ဝမ် ၄၈,၀၀၀ ကောက်ခံရာကနေ စာအုပ်တန်ဖိုး မပြောင်းလဲဘဲ ဒဏ်ကြေးကို ၁၀၅ ဒေါ်လာ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးနဲ့ ကျောင်းတက်သူ၊စီးပွားရေးလုပ်ကိုင်နေသူတွေလည်းရှိတယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X