International Labor

ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူ အလုပ်လက်မဲ့နှုန်း များလာ

ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူ အလုပ်လက်မဲ့နှုန်း များလာ

ဩဂုတ် ၂၈ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူတွေဟာ အလုပ်သမား ဈေးကွက်မှာ အလုပ်ရှင် လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် အလုပ်လက်မဲ့နှုန်း များလာတယ်လို့ သိရပါတယ်။ထိုင်းအလုပ်သမားဈေးကွက်မှာ အလုပ်လက်မဲ့နှုန်း တိုးလာနေပြီး COVID-19 ကပ်ရောဂါအခြေအနေ သက်သာသွားပြီးနောက် အလုပ်သမားတွေရဲ့ အရည်အသွေးနဲ့ စွမ်းရည်ဖြည့် ပြဿနာတွေ ရှိနေဆဲဖြစ်ကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက် ရေး ကောင်စီရုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဘွဲ့လွန် လုပ်သား အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၂ ခုနှစ်မှာပျမ်းမျှအားဖြင့် ၄၅ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး ​စျေးကွက်လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် အလုပ်လက်မဲ့နှုန်းနေ နေတယ်လို့ ဆိုပါတယ်။
ကိုးကား-news.ch7.com

Leave a Reply

Your email address will not be published. Required fields are marked *

X