International Labor

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ

အောက်တိုဘာ ၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံရပ်ခြားကနေ အလုပ်သမားတွေပြန်လာတာကြောင့် စင်ကာပူနိုင်ငံ လူဦးရေဟာ တစ်နှစ်အတွင်း ၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ သိရပါတယ်။အခုနှစ် ဇွန်လမှာ စင်္ကာပူနိုင်ငံမှာ လူဦးရေ ၅ ဒသမ ၉ သန်းရှိပြီး ယမန်နှစ် ဇွန်လက ၅ ဒသမ ၆ သန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။စင်ကာပူနိုင်ငံ လူဦး‌ရေရဲ့ ၆၁ ရာခိုင်နှုန်းဟာ စင်ကာပူနိုင်ငံသား​ေတွဖြစ်ပြီး ၉ ရာခိုင်နှုန်းက အမြဲတမ်းနေထိုင်သူ​ေတွဖြစ်ကာ ၃၀ ရာခိုင်နှုန်းကတော့ နိုင်ငံခြားသားတွေဖြစ်ပြီး အလုပ်လာလုပ်သူ ဒါမှမဟုတ် ပညာသင်ကြားနေကြသူတွေဖြစ်ပါတယ်။အခု တိုးလာတဲ့လူဦးရေ အများစုဟာ နိုင်ငံခြားသား အလုပ်သမားတွေ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လကနေ အခုနှစ် ဇွန်လအထိ စင်ကာပူကို နိုင်ငံခြားသား အလုပ်သမား ၁၆၂,၀၀၀ ရောက်ရှိလာခဲ့တယ်လို့ National Population and Talent Agency က ပြောကြားပါတယ်။ဆောက်လုပ်ရေးကဏ္ဍမှာ အများဆုံးတိုးလာတာဖြစ်ပြီး ကပ်ရောဂါကြောင့် နှောင့်နှေးကြန့်ကြာနေတဲ့ ပရောဂျက်​တွေအတွက် ကန်ထရိုက်တာတွေက နိုင်ငံခြားသားလုပ်သား​တွေကို ငှားရမ်းတာကြောင့် အခုလို လူဦးရေ တိုးလာတာဖြစ်ပါတယ်။
ကိုးကား-www.posttoday.com

Leave a Reply

Your email address will not be published. Required fields are marked *

X