Labor

ဂျပန်က မြန်မာလုပ်သား ၁,၀၀၀ နီးပါးထပ်ခေါ်ဖို့ကမ်းလှမ်း

ဂျပန်က မြန်မာလုပ်သား ၁,၀၀၀ နီးပါးထပ်ခေါ်ဖို့ကမ်းလှမ်း

အောက်တိုဘာ၂ရက်
အရုဏ်ဦး၊ Migrant Times
  • ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁,၀၀၀ နီးပါးကို ထပ်ပြီးခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိ မြန်မာသံရုံးကသတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံရှိ ကုမ္ပဏီ၊ စက်ရုံနဲ့ အလုပ်ဌာနတွေက မြန်မာလုပ်သားခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာ ၃၁၄ စောင်ပေးပို့လာတဲ့အပေါ် သံရုံးက စက်တင်ဘာလ ၁၆ ရက်ကနေ အောက်တိုဘာလ ၂ရက်အထိ စိစစ်မှုပြုလုပ်ခဲ့တာလို့ဆို​ပါတယ်။ခေါ်ယူလိုတဲ့အလုပ်သမားဦးရေက ၉၈၆ ဦးဖြစ်ပြီး သံရုံးဘက်ကလိုအပ်တဲ့ စိစစ်မှုပြုလုပ်ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
  • “ခေါ်ယူတဲ့လုပ်သားအမျိုးအစားကတော့ နဂိုအတိုင်းပါပဲ။သိပ်ပြီးပြောင်းလဲတာမရှိဘူး”လို့ ဂျပန်နိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ဂျပန်နိုင်ငံက ပုံမှန် အလုပ်သင်လုပ်သားတွေအပြင် အခုနောက်ပိုင်း ကျွမ်းကျင်လုပ်သားတွေကိုပါ တိုးမြှင့်ခေါ်ယူလာတာဖြစ်တယ်လို့ အေဂျင်စီတွေကဆိုပါတယ်။တိုကျိုမြို့ရှိသံရုံးက အလုပ်ကမ်းလှမ်းစာတွေကို တစ်လကို နှစ်ကြိမ်ခွဲစိစစ်ပေးနေတာဖြစ်ပြီး ထုတ်ပြန်ချက်တွေအရ တစ်လကို ကမ်းလှမ်းတဲ့လုပ်သားဦးရေ ၂,၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။လက်ရှိ ဂျပန်နိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးရှိနေပြီး ဆက်လက်ပြီးလည်း သွားရောက်ဖို့ပြင်ဆင်နေသူအများအပြားရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X