Labor

ဌာနဆိုင်ရာနေ့စားဝန်ထမ်းတွေ လုပ်ခတိုးပေမယ့် စက်ရုံတချို့ ၄,၈၀၀ ကျပ်ထက် ပိုပေးဖို့ငြင်းဆန်နေဆဲ

ဌာနဆိုင်ရာနေ့စားဝန်ထမ်းတွေ လုပ်ခတိုးပေမယ့် စက်ရုံတချို့ ၄,၈၀၀ ကျပ်ထက် ပိုပေးဖို့ငြင်းဆန်နေဆဲ

အောက်တိုဘာ ၄ ရက်
အရုဏ်ဦး၊ Migrant Times
  • ဌာနဆိုင်ရာနေ့စားဝန်ထမ်းတွေ တစ်ရက်လုပ်ခကျပ် ၁,၀၀၀ တိုးလာပေမယ့် စက်ရုံတချို့ကတော့ အရင် ၄,၈၀၀ ကျပ်နှုန်းကိုပဲဆက်ပြီးဆုပ်ကိုင်ထားကြတယ်လို့ စက်ရုံလုပ်သားတွေထံကသိရပါတယ်။အနည်းဆုံးတစ်ရက်လုပ်ခ ၄,၈၀၀ ကျပ်ဟာ တရားဝင် သတ်မှတ်ထားတဲ့နှုန်းထားဖြစ်နေပေမယ့် ခေတ်ကာလကုန်စျေးနူန်းနဲ့မကိုက်တော့တာကြောင့် လုပ်အားခတိုးမြှင့်ပေးဖို့တောင်းဆိုမူရှိနေချိန်မှာ ဌာနဆိုင်ရာနေ့စားဝန်ထမ်းတွေက ထောက်ပံ့ကြေးအနေနဲ့ တစ်ရက် ၁,၀၀၀ တိုးမြှင့်ရရှိသွားကြတာဖြစ်ပါတယ်။စက်ရုံ၊အလုပ်ရုံအများစုက တစ်ရက်လုပ်ခ ၄,၈၀၀ ကျပ်နဲ့သာပေးချေနေပြီး လုပ်ခတိုးတောင်းမှုတွေအပေါ် လျစ်လျူရှုနေကြတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။
  • “အလုပ်ရှင်တွေအပြောက အစိုးရက တိုးပေးဖို့စာမထွက်လို့မတိုးပေးတာတဲ့။အနည်းဆုံးလုပ်ခဆိုတာ သတ်မှတ်နှုန်းထက်လျှော့ပေးလို့သာမရတာ၊တိုးပေးချင်ပေးလို့ရတာ”လို့ ရွှေပြည်သာစက်မှုဇုန်မှစက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။စက်ရုံ၊အလုပ်ရုံတချို့အနေနဲ့ ဇွန်လက တစ်ရက်လုပ်ခ ၄,၈၀၀ကျပ်ကနေ ၅,၆၀၀ကျပ်အထိ တိုးပေးတာတွေရှိပေမယ့် အဲဒီနှုန်းကလည်းအလုပ်သမားတွေအတွက်လုံလောက်တဲ့ပမာဏမဟုတ်ဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။”အနည်းဆုံးတစ်ရက်ရှစ်ထောင်၊တစ်သောင်းလောက်ရမှအဆင်ပြေမယ့်အခြေအနေရောက်နေတာ။အခုကအလုပ်သမားတွေကတစ်​ယောက်စာမသေရုံတမယ်စားရဖို့ ရုန်းကန်နေရတဲ့ဘဝဖြစ်နေတယ်”လို့ ပြောပါတယ်။အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂နှစ်ကို တကြိမ်ပြင်ဆင်သတ်မှတ်ဖို့ဥပဒေမှာပြဌာန်းထားပေမယ့် တစ်ရက်လုပ်ခ၄,၈၀၀ ကျပ်နှုန်းသတ်မှတ်ပြီး ခြောက်နှစ်ကြာတဲ့အထိ နောက်ထပ်နှုန်းထားအသစ်မသတ်မှတ်နိုင်သေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X