International Labor

လုပ်သား ရှားပါးမှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ နိုင်ငံများ

လုပ်သား ရှားပါးမှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ နိုင်ငံများ

(သတင်းဆောင်းပါး)
အောက်တိုဘာ ၄ ရက်၊ Migrant Times
  • လုပ်သားရှားပါးတဲ့ နိုင်ငံတွေဟာ အရည်အချင်းနဲ့ ကျွမ်းကျင်မှုရှိတဲ့ အလုပ်သမားရှာဖွေရာမှာ စိန်ခေါ်မှု​ေတွနဲ့ရင်ဆိုင်နေရပြီး လက်ရှိအခြေအနေနဲ့ လုပ်ငန်းခွင်အသီးသီးရှိ ရာထူးများကို လူတွေ့ ဖြည့်ဆည်းရန် လုံလောက်သော အရေအတွက် နှင့် အရည်အချင်းများတွင် အကြောင်းရင်းအမျိုးမျိုးကြောင့် ရင်ဆိုင်နေရပါတယ်။လူဦးရေ အချိုးအစား ပြောင်းလဲခြင်း နှင့် အချို့သော လုပ်ငန်းများတွင် ကျွမ်းကျင်မှု ကွာဟချက်ရှိပြီး ဒီပြဿနာကိုဖြေရှင်းဖို့ အချို့နိုင်ငံများသည် နိုင်ငံခြားသား အလုပ်သမား များကို ဆွဲဆောင်ရန် သို့မဟုတ် လေ့ကျင့်ရေး အစီအစဉ်များတွင် ကျွမ်းကျင်လုပ်သား များ တိုးမြှင့်ရန် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို အသုံးပြုကြပါတယ်။အမေရိကန်ပြည်ထောင်စုCOVID-19 မဖြစ်ပွားမီက အမေရိကန် ကဏ္ဍအသီးသီးတွင် လုပ်သားရှားပါးမှုပြဿနာများ ရင်ဆိုင်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ နည်းပညာနှင့် ကျွမ်းကျင်သော ကုန်သွယ်မှု များ ကဲ့သို့သော အပြောင်းအလဲများကြောင့် အခြေအနေများ ပိုမိုရှုပ်ထွေးလာပါတယ်။
  • လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေး မူဝါဒ ကပ်ရောဂါသည် အလုပ်သမား လှုပ်ရှားမှု များကို ထိခိုက်စေပါတယ်။ ရလဒ်အနေဖြင့် အချို့သော လုပ်ငန်းခွင် အမျိုးအစားများ အတွက် လိုအပ်ချက်သည် ပြောင်းလဲသွားကြောင်းသိရပါတယ်။စင်္ကာပူအရှေ့တောင်အာရှ၏ စီးပွားရေးအချက်အချာကျသော နေရာတစ်ခုဖြစ်ပြီး COVID ရောဂါဖြစ်ပွားမှု ကာလကျော်လွန်သွားပြီးနောက် လာရောက်လည်ပတ်သူ များပြားခြင်းကြောင့် စက်မှုလုပ်ငန်းမျိုးစုံတွင် ကျွမ်းကျင်လုပ်သား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။ကျန်းမာရေးစောင့်ရှောက်မှု၊ အိုင်တီနှင့်ဘဏ္ဍာရေးကဲ့သို့သော ကဏ္ဍတွင် နိုင်ငံခြားက အရည်အချင်းပြည့်မှီသော ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ကျင်လုပ်သားများ အာရုံစိုက်စေရန် အစိုးရက ဆွဲဆောင်မှုမြှင်တင်ခြင်း မူဝါဒများကို အကောင်အထည်ဖော်ခဲ့ပါတယ်။
  • ဩစတြေးလျဩစတေးလျသည် ကြီးထွားလာသော စီးပွားရေးကို ပိုင်ဆိုင်ထားပြီး ကဏ္ဍအသီးသီး တွင် လုပ်သား ပြတ်တောက်မှုများ ကြုံတွေ့နေရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆောက်လုပ်ရေးနှင့် ကလေးစောင့်ရှောက်ရေးကဲ့သို့သော လုပ်ငန်းတွင် အစိုးရက ကျွမ်းကျင်သော မိသားစုအလိုက်နှင့် လူရွယ် လူငယ်များ ရွှေ့ပြောင်းနေထိုင်မှု အစီအစဉ်ကို ခွင့်ပြု ဖိတခေါ် အထူးမိတ်ဆက်ပေးခဲ့ပါတယ်။ကနေဒါကနေဒါနိုင်ငံသည် ပြင်းထန်သော လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး သက်ကြီးရွယ်အိုများတဲ့ လူ့အဖွဲ့အစည်းထဲကို ဝင်ရောက်လာလို့ပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၏ စီးပွားရေးသည် သဘာဝအရင်းအမြစ်များနှင့် နည်းပညာကဏ္ဍများကို မှီခိုနေရပါတယ်။ ယခုအခါတွင် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းခွင် နှင့် အိုင်တီ ဆောက်လုပ်ရေး အမျိုးမျိုးသော လူဝင်မှုကြီးကြပ်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။
  • ဂျာမနီ နိုင်ငံတွင် အသက်အရွယ်ကြီးရင့်သော လုပ်သားဦးရေများမှ တဖြည်းဖြည်း အလုပ်မှ အနားယူနေကြပြီး သက်ကြီးရွယ်အိုများ နုတ်ထွက်မှုနှုန်းသည် မျိုးဆက်သစ် အလုပ်သမားစနစ်သို့ စီးဝင်လာသော မျိုးဆက်သစ်များထက် ပိုများနေပါတယ်။ထိုသို့သော ကွာဟချက်များသည် ၎င်းကို အကဲဖြတ်ရန် ဖြစ်စေပြီး ဂျာမနီသည် 2029 ခုနှစ်တွင် အလုပ်သမား 650,000 ကျော်ကို ကြီးကျယ်စွာ လိုအပ်မှု ဖြစ်နေပြီး နောက်ဆုံးတွင် ပေါင်းထည့်မည်ဖြစ်ပါတယ်။ ခိုင်မာသောစက်မှု အခြေစိုက်စခန်း အတွက် လူသိများသော ဂျာမနီ ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့် ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် အင်ဂျင်နီယာ၊ အိုင်တီနှင့် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်များတွင်ကျွမ်းကျင်သောသူများကို ဆွဲဆောင်ရန် အစပျိုး လုပ်ဆောင်မှုများ စတင်နေပြီး ဖြစ်ကြောင်းသိရပါတယ်။
  • ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အို လူဦးရေများပြားခြင်း နှင့် ကလေးမွေးဖွားနှုန်း နည်းပါးမှုကြောင်း ကြီးမားပြင်းထန်သော လုပ်သားရှားပါးမှုကို အထူးရင်ဆိုင်နေရပါတယ်။အထူးသဖြင့် စက်မှုလုပ်ငန်းခွင် အမျိုးမျိုးနှင့်ကျန်းမာရေးစောင့်ရှောက်မှု၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး နည်းပညာကဏ္ဍ စသည် အသီးသီးတွင် အရွယ်မှန် လုပ်သားလိုအပ်မှုကို ဖြည့်ဆည်းနေရပါတယ်။အစိုးရ အနေဖြင့် နိုင်ငံခြားအလုပ်သမားများကို ဆွဲဆောင်ရန်နှင့် အမျိုးသမီးများ လုပ်ငန်းခွင် ပိုမိုဝင်ရောက်ရန် အားပေးသည့် မူဝါဒများ ချမှတ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X