Labor

ထိုင်းနိုင်ငံက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို​ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဗီဇာကြေးကို ဘတ် ၅၀၀ ကို လျှော့ချပြီး နေထိုင်ခွင့် သက်တမ်းတိုး

ထိုင်းနိုင်ငံက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို​ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဗီဇာကြေးကို ဘတ် ၅၀၀ ကို လျှော့ချပြီး နေထိုင်ခွင့် သက်တမ်းတိုး

အောက်တိုဘာ ၅ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဗီဇာကြေးကို ဘတ် ၅၀၀ ကို လျှော့ချလိုက်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ၁၃ ရက်အထိ နေထိုင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ဗီဇာကြေးကို ဘတ် ၂၀၀၀ ကနေ ဘတ် ၅၀၀ အထိ လျှော့ချလိုက်တာဖြစ်ပါတယ်။ဒါ့အပြင် MoU ၄ နှစ်ရှိတဲ့ အလုပ်သမားတွေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်အထိ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ကို ထိုင်းအစိုးရ ကက်ဘိနက်က အစည်းအ‌​ဝေးမှာ ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့သားသမီးတွေ မှီခိုသူအဖြစ် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်နိုင်ရေးအတွက် အခုလို ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။
ကိုးကား-www.prachachat.net

Leave a Reply

Your email address will not be published. Required fields are marked *

X