International Labor

အစ္စရေးမှာ ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး ဖမ်းဆီးခံရ

အစ္စရေးမှာ ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၉ ရက်
ခွန်သောမတ်၊ Migrant Times
  • အစ္စရေးနိုင်ငံကို ပါလက်စတိုလ်း ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံက ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၁၁ ဦး ဓားစာခံ အဖြစ် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။အစ္စရေးနိုင်ငံကို ဟားမတ်စ်တိုက်ခိုက်မှုမှာ ထိုင်းလူမျိုးတွေ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ Tel Aviv မြို့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စ Phanpha Chandrarom က အတည်ပြု​သတင်းထုတ်​ပြန်ထားတာဖြစ်ပါတယ်။လက်ရှိမှာ တိုက်ပွဲ​ေတွ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာမို့ ထိုင်းနိုင်ငံသား အလုပ်သမားတွေကို နေအိမ်တွင်သာ နေထိုင်ဖို့ အသိပေး ထားပြီး ဘန်ကာရှိရင် အစ္စရေးက ကြေညာထားတဲ့အတိုင်း လုပ်ဆောင်ဖို့နဲ့ ထိုင်းနိုင်ငံကို ပြန်လိုသူ အလုပ်သမား​တွေကို ပြန်ပို့နိုင်ဖို့ပြင်ဆင်နေကြောင်း၊ အစ္စရေးက လေယာဉ် ဆင်း၊ တက်ခွင့် ပြု၊ မပြု စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။အစ္စရေးတပ်နဲ့ ပါလက်စတိုင်း ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲမှာ နှစ်ဘက်လုံးမှာ လူရာနဲ့ချီ သေဆုံးခဲ့ပြီး “ရှည်လျားပြီး ခက်ခဲတဲ့ စစ်ပွဲကို ဝင်ပါဖို့” လူထုကို တိုက်တွန်းကြောင်း အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu က ပြောဆိုထားပါတယ်။
ကိုးကား-www.thaipbs.or.th

Leave a Reply

Your email address will not be published. Required fields are marked *

X