Labor

ပြည်ပကို စေလွှတ်တဲ့အလုပ်သမားဦးရေစာရင်းပေးဖို့ပျက်ကွက်တဲ့အေဂျင်စီကို အရေးယူမယ်လို့ဆို

ပြည်ပကို စေလွှတ်တဲ့အလုပ်သမားဦးရေစာရင်းပေးဖို့ပျက်ကွက်တဲ့အေဂျင်စီကို အရေးယူမယ်လို့ဆို

အောက်တိုဘာ ၉ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်ပကို စေလွှတ်ပြီးဖြစ်တဲ့အလုပ်သမားဦးရေ စာရင်းပေးပို့ဖို့ ပျက်ကွက်တဲ့အေဂျင်စီတွေကို အရေးယူမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။အေဂျင်စီတွေအနေနဲ့ ပြည်ပကို စေလွှတ်လိုက်တဲ့အလုပ်သမားဦးရေစာရင်းကို လစဥ်ပေးပို့ရမှာဖြစ်ပြီး စက်တင်ဘာလအတွက် အေဂျင်စီ ၈၀ လောက်က စာရင်းပေးပို့ဖို့ ပျက်ကွက်နေတာလို့ ဆိုပါတယ်။အဲဒီလို စာရင်းပေးပို့ဖို့ပျက်ကွက်ရင် စေလွှတ်ရေးလုပ်ငန်းစဉ် စတင်ရပ်ဆိုင်းမှာဖြစ်ပြီးသတိပေးအကြောင်းကြားကာ ထပ်မံမလိုက်နာပါက ပိတ်ခံရမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
  • ” တချို့တွေက အေဂျင်စီလိုင်စင်ယူထားပြီး အလုပ်မလုပ်တာတွေရှိတယ်။ ကျန်တာလည်း အဲဒီလိုတွေပဲနေမှာ ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။အဲဒီအေဂျင်စီတွေအနေနဲ့ သတ်မှတ်လအတွင်း အလုပ်သမားမပို့နိုင်ရင် မပို့နိုင်ခဲ့တဲ့အကြောင်းအသိပေးဖို့ကိုလည်း အလုပ်သမားဝန်ကြီးဌာနက ဆိုပါတယ်။လက်ရှိမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၅၀ ကျော်ရှိပြီး နိုင်ငံအလိုက် တစ်လကို စေလွှတ်ရမယ့်လုပ်သားဦးရေကိုလည်း အေဂျင်စီစည်းကမ်းချက်မှာ သတ်မှတ်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X