Labor

အလုပ်သမားတွေရဲ့အချိန်ပိုကြေးကို ၄,၈၀၀ ကျပ်နဲ့တွက်ချက်ခိုင်း​​မှုအပေါ် ဝေဖန်မှုတွေရှိနေ

အလုပ်သမားတွေရဲ့အချိန်ပိုကြေးကို ၄,၈၀၀ ကျပ်နဲ့တွက်ချက်ခိုင်း​​မှုအပေါ် ဝေဖန်မှုတွေရှိနေ

အောက်တိုဘာ ၁၅ ရက်
အရုဏ်ဦး၊ Migrant Times
  • အနည်းဆုံးအခကြေးငွေ ပြင်ဆင်တယ်ဆိုပြီး နှုန်းထားအသစ်ထုတ်ခဲ့ပေမယ့် အလုပ်သမားတွေရဲ့ အချိန်ပိုကြေးကို မူလအတိုင်း ၄,၈၀၀ ကျပ်နဲ့ပဲ တွက်ချက်ဖို့ သတ်မှတ်ထားတဲ့အပေါ် အလုပ်သမားတွေအကြား ဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်။အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက တစ်ရက်ကို လောက်ပံ့ကြေး ကျပ် ၁,၀၀၀ တိုးပေးပြီး အနည်းဆုံးအခကြေးငွေက ၅,၈၀၀ ကျပ် ဖြစ်တယ်ဆိုပြီး ကြေညာထားတာဖြစ်ပါတယ်။ဒါပေမဲ့ တိုးပေး လိုက်တဲ့ ကျပ် ၁,၀၀၀ ဟာ ထောက်ပံ့ကြေးသာဖြစ်လို့ အချိန်ပိုကြေးကို အဲဒီထောက်ပံ့ငွေပမာဏကိုဖယ်ပြီး တွက်ခိုင်းတာကြောင့် ၄,၈၀၀ ကျပ်ကိုပဲ ပြန်အခြေပြုရမယ့်သဘောဖြစ်နေတာလို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
  • ” ပုဂ္ဂလိက ကဏ္ဍအလုပ်သမားတွေက အချိန်ပိုကြေးကိုအားပြုနေရတာ၊ အခုပုံစံဆိုရင် အချိန်ပိုကြေးက ဒုံရင်းအတိုင်းဆက်ဖြစ်နေမယ့်ကိစ္စက မဖြစ်သင့်ဘူး “လို့ သူက ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီအလုပ်သမားဝန်ကြီးဦးမြင့်နောင်နဲ့ အထည်ချုပ်လုပ်ငန်းရှင်အသင်း(MGMA)တို့ တွေ့ဆုံရာမှာလည်း အချိန်ပိုကြေးကို ထောက်ပံ့ကြေးမပါဘဲ တွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ဒါ့အပြင် အနည်းဆုံးအခကြေးငွေနှုန်းထားမထွက်ခင် လုပ်ခ တိုးပေးထားတဲ့စက်ရုံတွေအနေနဲ့ဘယ်လို ပြင်ဆင်တွက်ချက်ရမယ်ဆိုတာအခြေအတင်ဆွေးနွေးဖြစ်ကြတယ်လို့လည်းသိရပါတယ်။
  • ” ထုတ်ပြန်ချက်အတိုင်းလိုက်နာဖို့ဆိုတဲ့လမ်းညွန်ချက်ကြောင့် အောက်တိုဘာလအတွက် လစာတွက်ချက်ရာမှာ အငြင်းပွားစရာကိစ္စတွေ ရှိလာနိုင်တယ်”လို့ သူက ပြောပါတယ်။အလုပ်သမားတွေအနေနဲ့ ၂၀၁၈ ကစလို့ ပြောင်းလဲမှုမရှိတဲ့အနည်းဆုံးလုပ်ခကို တိုးမြှင့်ပေးဖို့ တစ်စိုက်မတ်မတ်တောင်းဆိုထားကြတာဖြစ်ပါတယ်။အဲဒီအလုပ်သမားထုအနေနဲ့ တစ်ရက်လုပ်ခ ကျပ် ၁၀,၀၀၀ ရရှိဖို့ တောင်းဆိုထားကြပေမယ့် အမှန်တကယ်မှာ ထောက်ပံ့ကြေးအမည်နဲ့ တစ်ရက် ကျပ် ၁,၀၀၀ သာတိုးပေးလာတဲ့အပေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။အဲဒါအပြင်အချိန်ပိုကြေးကိုပါ တိုးမလာနိုင်မယ့် နှုန်းထားအသစ်ကြေညာချက်အပေါ်မကျေမနပ်ဖြစ်နေကြပြီး လုပ်ငန်းခွင်တောင်းဆိုမှုတွေ ထွက်ပေါ်လာနိုင်တယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X