International Labor

အစ္စရေးက ပြန်လာတဲ့ ထိုင်းအလုပ်သမားတွေကို ပံ့ပိုးကူညီဖို့ အလုပ်အကိုင် ၆၀,၀၀၀ ကျော်ကို ပြင်ဆင်

အစ္စရေးက ပြန်လာတဲ့ ထိုင်းအလုပ်သမားတွေကို ပံ့ပိုးကူညီဖို့ အလုပ်အကိုင် ၆၀,၀၀၀ ကျော်ကို ပြင်ဆင်

အောက်တိုဘာ ၁၇ ရက်
ခွန်သောမတ်၊ Migrant Times
  • စစ်ပွဲခြိမ်းခြောက်မှုတွေကြောင့် အစ္စရေးနိုင်ငံက ပြန်ရောက်လာတဲ့ ထိုင်းရွှေ့ပြောင်းအလုပ်သမား​ေတွအတွက် အလုပ်အကိုင် ၆၀,၀၀၀ ကျော်ကို အဆင့်သင့် ပြင်ဆင်ထားကြောင်း အလုပ်အကိုင် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် မစ္စတာ Pipat Ratchakitprakarn က ပြောပါတယ်။အစ္စရေးနိုင်ငံမှာ အခြေအနေ​တွေ   ပြန်ကောင်းမွန်လာရင် ထိုင်းအလုပ်သမားတွေကို အစ္စရေးနိုင်ငံက ပြန်လက်ခံဖို့အတွက် ထည့်သွင်းစဉ်းစားဖို့ အစ္စရေးလူဦးရေနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရို (PIBA)ကိုလည်း စာရေးသား တောင်းဆိုထားကြောင်း သိရပါတယ်။အစ္စရေးပြန် အလုပ်သမားတွေနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်တွေကို ​ေတွ့ဆုံမေးမြန်းပြီး လုပ်သား လစ်လပ်နေရာတွေမှာ အလုပ်သမားတွေအတွက် ဖိတ်ခေါ် မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X