International Labor

တောင်ကိုရီးယားမှာ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းမယ်

တောင်ကိုရီးယားမှာ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းမယ်

အောက်တိုဘာ ၂၀ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာမဲ့နဲ့ ဗီဇာသက်တမ်းကျော်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းဆီးဖို့ရှိနေတာကြောင့် သတိထားနေထိုင်သွားလာဖို့ မြန်မာလူမှုအဖွဲ့တွေက သတိပေးထားပါတယ်။တောင်ကိုရီးယားအစိုးရအနေနဲ့ ဒီဇင်ဘာလကုန်အထိ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ရှာဖွေဖမ်းဆီးတာတွေလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။”နှစ်တိုင်းလုပ်နေကျ စီမံချက်မျိုးပါ။ တရားမဝင်နိုင်ငံခြားသားတွေရှိနေနိုင်တဲ့နေရာတွေ၊ တိုင်ကြားချက်ရှိတဲ့နေရာတွေကို ဝင်ဖမ်းလေ့ရှိတာ ” လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။အထူးသဖြင့် စားသောက်ဆိုင်၊ ကေတီဗီလိုနေရာတွေကိုရှောင်ရှားကြဖို့နဲ့ ပတ်ဝန်းကျင်စိတ်အနှောင့်အယှက်မဖြစ်အောင်နေထိုင်ကြဖို့ မြန်မာလူမှုကူညီရေးအဖွဲ့ကဆိုပါတယ်။
  • ဗီဇာမဲ့နဲ့ဗီဇာရက်ကျော်နိုင်ငံခြားသားတွေအနေနဲ့ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံအတွင်းက ထွက်ခွာဖို့ကို ကိုရီးယားအစိုးရက အသိပေးထားပြီး အဲဒီလိုထွက်သွားမယ်ဆိုရင်ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ နောက်တစ်ကြိမ်ပြည်ဝင်ခွင့်အတွက် စဥ်းစားလက်ခံပေးသွားမယ်ဆိုပြီးလည်း ကြေညာထားပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ ကျော်ရှိပြီး တချို့က ဗီဇာရက်ကျော်နေထိုင်နေကြတာလို့ မြန်မာလူမှုအဖွဲ့တွေထံက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X