Labor

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ လိုင်စင်အာမခံကြေး သုံးဆ တိုးမယ်

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ လိုင်စင်အာမခံကြေး သုံးဆ တိုးမယ်

အောက်တိုဘာ ၂၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေရဲ့ လိုင်စင်အာမခံကြေးကို သုံးဆ တိုးမြှင့်ကောက်ယူဖို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေဆီက အာမခံကြေး ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၁,၀၀၀နဲ့ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း)လိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ တိုးကောက်မယ်လို့ ဆိုပါတယ်။” အာမခံကြေးက ဒီရက်ပိုင်းအတွင်း တိုးမယ့်အနေအထားရှိတယ်။ အဖွဲ့ချုပ်ဆီ စာရောက်တယ်လို့ ပြောတယ် ” လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • အဲဒီလို အာမခံကြေးတိုးမြှင့်​ဖို့အတွက် ဇူလိုင်လမှာ ပြုလုပ်တဲ့ ပြည်ပတွင် အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအစည်းအဝေးနဲ့ စက်တင်ဘာလက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)အစည်းအဝေး​ေတွမှာ ဆွေးနွေးဆုံးဖြတ်ထားတာဆိုပြီး အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။အဲဒီလို အာမခံကြေးတိုးမှာနဲ့ပတ်သက်လို့ MOEAF ရဲ့သဘောထားကိုလည်း အောက်တိုဘာလ ၂၀ ရက် က တောင်းခံခဲ့သေးတယ်လို့သိရပါတယ်။လက်ရှိမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၄၇၀ နီးပါးအထိ ရှိနေပါတယ်။လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ပြည်ပအလုပ်အကိုင် အေဂျင်စီ ၃၀၀ လောက်သာရှိပြီး နှစ်ပိုင်းအတွင်းအေဂျင်စီ ရာချီတိုးလာတာဖြစ်ပါတယ်။အဲဒီလိုအေဂျင်စီတွေ တိုးမြှင့်လာချိန်မှာပဲ အာမခံကြေးကိုပါ တိုးမြှင့်ဖို့စီစဥ်လာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

X