International Labor

ကမ္ဘောဒီးယားအလုပ်သမား ၃၃ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ကမ္ဘောဒီးယားအလုပ်သမား ၃၃ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

အောက်တိုဘာ ၂၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ Sa Kaeo မြို့နယ်၊ Ban Pan Suek ဧရိယာမှာ တရားမ၀င် ကမ္ဘောဒီးယားရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၃၃ ဦးကို နယ်ခြားစောင့်တပ်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ကမ္ဘောဒီးယား အေးဂျင့်တစ်ဦးနဲ့ အလုပ်လုပ်ဖို့ ဆက်သွယ်ကာ သဘာဝလမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်လာတုန်းမှာ ထိုင်းနယ်ခြားစောင့်တပ်က တွေ့ရှိ စစ်ဆေးခဲ့တာပါ။သူတို​ အားလုံးမှာ ခရီးသွားစာရွက်စာတမ်း မရှိတာကြောင့် အလုပ်သမားအားလုံးကို ဖမ်းဆီးပြီး ခွန်နမ့်ဆိုင်း ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား-news.ch7.com

Leave a Reply

Your email address will not be published. Required fields are marked *

X